BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူပေါင်းလေးသိန်းကျော်ဝေမျှထားတဲ့...
သတင်းအတု

လူပေါင်းလေးသိန်းကျော်ဝေမျှထားတဲ့ နဂါးဥ Share ရင် ငွေဝင်မယ်ဆိုတဲ့အကြောင်းအရာ

လူတွေစိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေကို သတင်းတု၊ သတင်းမှားတွေအဖြစ် ပြန်ပြောင်းရေးသားကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေပြီး Instant Articles ကနေ ဝင်ငွေရှာနေသူတွေ အွန်လိုင်းမှာ များပြားလာနေပါတယ်။နေ့စဉ်နဲ့အမျှ သတင်းတုတွေ ဝေမျှနေကြတဲ့ကြားထဲမှာ လူတွေရဲ့ရိုးရာအလေ့အထဆိုင်ရာ ယုံကြည်မှူတွေကိုအသံးချပြီးဝေမျှတဲ့အကြောင်းအရာတွေလည်းမြောက်များစွာရှိနေပါတယ်။ Boom ကအခုဝေမျှမယ့်အကြောင်းအရာကတော့ လူပေါင်းများစွာထံပျံ့နှံ့နေတဲ့ ပို့စ်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  5 Jun 2020 5:34 PM IST
  • လူပေါင်းလေးသိန်းကျော်ဝေမျှထားတဲ့ နဂါးဥ Share ရင် ငွေဝင်မယ်ဆိုတဲ့အကြောင်းအရာ

    ပို့စ်ထဲမှာတော့ ဘယ်ဒေသကမှန်းမသိရတဲ့ နဂါးရုပ်တု၊ ဥပုံစံ အလုံးလေးတွေနဲ့ ပိုက်ဆံပုံ ကြီးကိုပြထားကာ ဖြန့်ဝေပေးဘို့ပြောဆိုထားပြီး မဖြန့်ဝေရင် စီးပွားရေးကြပ်တည်းမယ်ဆိုပြီးခြောက်လှန့်ရေးသားထားတာဖြစ်ပါတယ်။

    ဒီဖြန့်ဝေမှုကို Nay Lin Tun ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ြ ပီး ထပ်မံဖြန့်ဝေမှု လေးသိန်းကိုးသောင်းရှစ်ထောင်ကျော်ရှိနေကာ ယနေ့အထိလည်း ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်တာကိုတွေ့ရပါတယ်။လက်ရှိအချိန်အထိအဲ့ဒီအကြောင်းအရာကို ထပ်ဆင့်ဝေမျှမှူဟာလေးသိန်းကျော်အထိရှိနေပါတယ်။

    ဒီဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပိုစ့်ထဲက ပုံတွေကို ကြည့်ကာ တချို့က နဂါးဥလို့ ရမ်းသန်းပြောဆိုတွေတာလည်း တွေ့ရပြီး မည်သည့်အတွက်ကြောင့် အခုလိုယုံကြည့်မှုတွေရှိနေတယ်ဆိုတာ ပြောရခက်ပါတယ်။ အောက်က ပုံကိုကြည့်ရှု့ပါ။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုက နဂါးရုပ်ထုပုံတွေရဲ့ မူရင်းပုံတွေကတော့ ထိုင်းနိုင်ငံက Pa Phu Hung ဘုရားကျောင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ နဂါးရုပ်တုတွေဖြစ်ပါတယ်။ ဒီဘုရားကျောင်းရဲ့ အကြောင်းကို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းလမ်းညွှန် ဝဘ်ဆိုက်မှာဖော်ပြထားပြီး ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ဒီပိုစ့်မှာပါတဲ့ နဂါးဥလိုလို ထင်ယောင်ထင်မှားဖြစ်အောင် ဖြန့်ဝေထားတဲ့ ပုံကတော့ ၂၀၁၂ ဖေဖေါ်ဝါရီ လ အတွင်းက အိန္ဒိယမှာတွေ့ရှိတဲ့ Chikilidae ခေါ် ခြေထောက်မရှိတဲ့ ကုန်းနေရေနေသတ္တဝါအသစ်တစ်မျိုး ရဲ့ဥပုံစံပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို သဘာဝပတ်ဝန်းကျင်အကြောင်းရေးသားဖော်ပြလေ့ရှိတဲ့ Earth Time သတင်းစာကလည်း ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၂ ရက် သူတို့ ဝဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရမှာပါ။ Earth Time သတင်းစာရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Dragon Photos have been shared in multiple posts on Facebook alongside a claim that sharing Dragon image may earn money.

    Tags

    NagaDragon eggfake newsFake Account
    Read Full Article
    Claim :   နဂါးဥ Share ရင် ငွေဝင်မယ်ဆိုပြီး အွန်လိုင်းပေါ်မှာ လိမ်လည်လှည့်ဖျားထားတဲ့ သတင်းကို လူပေါင်းလေးသိန်းကျော်က ထပ်ဆင့်ဝေမျှနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!