BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်...
      သတင်းအတု

      ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိတယ်လို့ ထိုင်းအစိုးရအမိန့်ပေးထားသလား

      မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ လူဦးရေမြင့်တက်လာတဲ့အတွက် ထိုင်း- မြန်မာနယ်စပ် ဂိတ်ပေါက်အားလုံးပိတ်ပင်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိတယ်လို့ ထိုင်းအစိုးရအမိန့်ပေးကြောင်း ဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

      By - Boom Live Myanmar |
      Published -  31 Aug 2020 5:25 PM IST
    • ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိတယ်လို့ ထိုင်းအစိုးရအမိန့်ပေးထားသလား

      အချိန် ၈ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို တင်အေး ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က သြဂုတ်လ ၂၈ ရက်နေ့က ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု ရှစ်ထောင်ကျော်အထိ ရှိနေခဲ့ပါတယ်။ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Political Top New သတင်းချန်နယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ အခြားရခိုင်ဒေသနဲ့ ဆက်စပ်တဲ့ သတင်းတွေလည်း ပါဝင်ပြီး ပထမဆုံးတင်ပြထားတဲ့ ထိုင်း-မြန်မာ နယ်စပ်နဲ့ ပါတ်သတ်တဲ့ သတင်းပါအကြောင်းအရာထဲမှာ "မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ လူဦးရေမြင့်တက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး နယ်စပ် အိမ်နီးချင်း ထိုင်းနိုင်ငံဟာ အထူးကြောက်ရွံ့ပြီးတော့ ထိုင်း- မြန်မာနယ်စပ် ဂိတ်ပေါက်အားလုံးမှာ ထိုင်းနိုင်ငံအတွင်းသို့ တရာမဝင် ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိတယ်လို့ ထိုင်းအစိုးရက စစ်တပ်ကို အာဏာပေးလိုက်ပါတယ်။ မဲဆောက်မြို့ ထိုင်းစစ်တပ်၏ အကြီးအကဲတစ်ဦးကတော့ အခုအချိန်အခါမှာ မဲဆောက်မြို့ဟာ ကိုဗစ်ရောဂါကို ထိမ်းချုပ်နိုင်ပြီးတော့ တစ်ဦးတစ်ယောက်မှ ရောဂါပိုးမရှိကြောင်း၊ အားလုံးပုံမှန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ရောဂါကူးစက်မှု မထိမ်းချုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံက ရောဂါပိုးရှိသူတွေဟာ မြဝတီနယ်စပ်က တဆင့် မဲဆောက်မြို့ သောင်ရင်းမြစ်ကို ဖြတ်ပြီးဝင်လာနိုင်ကြောင်း၊ ထို့ကြောင့် နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကူးခွင့် မပြုနိုင်တော့ကြောင်း၊ ဖြတ်ကူးပါက ထိုင်းစစ်တပ်က ပစ်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အခုအချိန်မှာ မြဝတီကနေ မဲဆောက်ကို တရားမဝင် ဖြတ်ကူးမလာကြဘို့ ကျမတို့ရဲ့ ချန်နယ်ကနေ သတိပေးလိုက်ပါရစေ။" ဆိုပြီး ထိုင်းစစ်တပ်ပုံတွေ အသုံးပြုကာ နောက်ခံစကားပြောကာ ဖြန့်ဝေနေတာဖြစ်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ထိုင်းအစိုးရက ပစ်မိန့်ပေးတယ်ဆိုတဲ့ ဒီသတင်းကို ဆန်းစစ်ရာမှာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနကြီးတွေမှာဒီသတင်းကို ဖေါ်ပြထားခြင်းမရှိပါဘူး။

      မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ လူဦးရေမြင့်တက်လာပြီးတဲ့အပေါ် ထိုင်းအစိုးရဘက်မှ စိုးရိမ်ပြီး နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်တယ်ဆိုတဲ့ သတင်းကို ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းဌာနက သြဂုတ်လ ၃၀ ရက်နေ့က ဖော်ပြခဲ့သော်လည်း ပစ်မိန့်ပေးတယ်ဆိုတဲ့ အချက်တစ်စုံတရာ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။


      ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားတဲ့ သတင်းမှာ ရေးသားထားတာက "မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ လူဦးရေမြင့်တက်လာပြီးတဲ့ အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုကို ကာကွယ်ဘို့ ထိုင်းစစ်တပ်ကို နောက်ဘက်နယ်စပ်တလျှောက် တပ်ဖြန့်ထားကြောင်း" ရေးသားထားတာပါ။ သတင်းမူရင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။


      အထက်ဖော်ပြပါပုံပါ ဘန်ကောက်ပိုစ့်သတင်းဌာမှာ သြဂုတ်လ ၂၇ နဲ့ ၂၈ ရက်နေ့က ဖော်ပြခဲ့တဲ့ မြန်မာနယ်စပ်နဲ့ ဆက်စပ်တဲ့ သတင်းတွေမှာလည်း ထိုင်းအစိုးရက နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေကို ပစ်မိန့်ပေးထားတယ်ဆိုတာ ရေးသားဖော်ပြထားခြင်းမရှိပါဘူး။

      ပထမသတင်းပါ အကြောင်းအရာမှာ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်သူ ၂၀၀ ကျော်တွေ့ရှိပြီးနောက်ပိုင်း မဲဆောက်နယ်စပ် ဖြတ်သန်းမှု ပိုမိုတင်းကြပ်ကန့်သတ်လာတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။

      ဒုတိယ သတင်းပါအကြောင်းအရာကတော့ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၅ ယောက်နဲ့ ကားမောင်းသူ ၂ ဦးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းပါ။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ ၂၈ ရက်နေ့ မနက်စောစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီသတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

      ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ဆောင်ရွက်မှုတစ်ခုဖြစ်တဲ့ ထိုင်း-မြန်မာ နယ်စပ် ယာယီခိုလှုံစခန်း (၉) ခုအတွက် ကိုဗစ်-၁၉ ရောဂါပေါ်ပေါက်မှုအား တုန့်ပြန်တွန်းလှန်ရန် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ က သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရလည်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါအပေါ် ပူးပေါင်းတိုက်ဖျက်နေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ UNHCR ရဲ့ အစီရင်ခံစာကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။



      Tags

      casesbordercoronavirus casesneighbouring countrywestern borderThailandMyanmarcovid
      Read Full Article
      Claim :   မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ လူဦးရေမြင့်တက်လာတဲ့အတွက် ထိုင်း- မြန်မာနယ်စပ် ဂိတ်ပေါက်အားလုံးပိတ်ပင်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိတယ်လို့ ထိုင်းအစိုးရအမိန့်ပေးကြောင်း ဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!