BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG အပါအဝင်...
သတင်းအတု

NUG အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘဏ်အကောင့်တွေ တရုတ်အစိုးရ ပိတ်သိမ်းလိုက်ပြီလား

NUG အပါအဝင် KIA နဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ဘဏ်အကောင့်တွေကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  31 Aug 2024 8:34 AM IST
  • NUG အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘဏ်အကောင့်တွေ တရုတ်အစိုးရ ပိတ်သိမ်းလိုက်ပြီလား

    ဒီအကြောင်းအရာကို ဩဂုတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းကစပြီး စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ဆိုရှယ်မီဒီယာ ချန်နယ်တွေမှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ‘MNDAA အပ်ထားသော တရုတ်အမျိုးသားများဘဏ်(CNB)နှင့် ယူနန်အစိုးရဘဏ်(YGB)မှ ယွမ် ၇.၈ ဘီလီယံ၊ TNLA အပ်ထားသော ယူနစ်အစိုးရဘဏ်(YGB)မှ ၅ဘီလီယံ၊ AA အပ်ထားသော တရုတ်အစုစပ်ဘဏ် (CCB) မှ ၅.၈ ဘီလီယံ၊ KIA အပ်ထားသော တရုတ်နိုင်ငံခြားကုန်သွယ်မှုဘဏ်(CTB)မှ ၆.၁ဘီလီယံ၊ NUG အပ်ထားသော ဟောင်ကောင် စီးပွါးရေးဘဏ်(HBB)မှ ၅၂၈.၂သန်း အား တရုတ်အစိုးရမှ ဘဏ်အကောင့်များ အား ယနေ့တွင်ထပ်မံ ပိတ်သိမ်းခဲ့ပါသည်’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ လုပ်ကြံ ဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး NUGအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဖြန့်ဝေနေတဲ့ ဘဏ်မှာ NUG က အပ်ထားတဲ့ငွေ တပြားတချပ်မှ မရှိကြောင်း သူ့ရဲ့ ဖေစ့်ဘွတ် အကောင့်မှာ ပြန်လည်ဖြေရှင်းထားပါတယ်။


    ဦးတင်ထွန်းနိုင်ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီဖြန့်ဝေနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျန်တဲ့ KIA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ အာရက္ခတပ်တော်(AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တွေဘက်ကတော့ တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းထားတာ မတွေ့ရသေးပါဘူး။

    Tags

    မြောက်ပိုင်းသုံးဖွဲ့​ဘဏ်အကောင့်ပိတ်Chinese Bank Accountဝါဒဖြန့်Fakenewsတရုတ်ဘဏ်တရုတ်အရေး
    Read Full Article
    Claim :   NUG အပါအဝင် KIA နဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ဘဏ်အကောင့်တွေကို တရုတ်အစိုးရက ပိတ်သိမ်းတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!