BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Mask နှစ်ထပ်တပ်ဖို့ လို၊ မလို
သတင်းအတု

Mask နှစ်ထပ်တပ်ဖို့ လို၊ မလို

ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်းမြင့်လာတဲ့အတွက် Mask ကို နှစ်ထပ်တပ်ဖို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) နဲ့ အမေရိကန်ကူးစက်ရောဂါပညာရှင် ဒေါက်တာ Anthony Fauci တို့က အကြံပြုထားတယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ဖြန့်ဝေနေတာတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  10 July 2021 10:23 AM IST
  • Mask နှစ်ထပ်တပ်ဖို့ လို၊ မလို

    Mask နှစ်ထပ်တပ်ရန်အကြံပြုချက်တွေ အမြောက်အများဖြန့်ဝေနေတာရှိသလို တချို့ဖြန့်ဝေမှုတွေမှာ US CDC က အကြံပြုထားသလို ရေးသားဖြန့်ဝေနေတာတွေ ရှိပါတယ်။ရေးသားဖြန့်ဝေရာမှာ "Mask တွေ ထူလို့ ပါးတာရှာဝယ်တယ်၊ တပ်တယ်ဆိုတာ မလုပ်သင့်ဘူး။ US CDC က Mask ကို နှစ်ထပ်တပ်ဖို့ အကြံပြုထားတယ်။ Surgical mask ကို mask အရင်းနားလေးမှာ ထုံးပြီး တပ်ခိုင်းတယ်။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့ mask ထက်အုပ်ပြီး တပ်ခိုင်းတယ်။ အဝတ် mask ကိုတော့ မထုံးဘဲ တပ်ခိုင်းတယ်" လို့ ဖြန့်ဝေနေတာပါ။

    တချို့ဖြန့်ဝေမှုတွေမှာတော့ အမေရိကန်ကူးစက်ရောဂါပညာရှင် ဒေါက်တာ Anthony Fauci က Mask နှစ်ထပ်အုပ်ခိုင်းတယ်ဆိုပြီး "American က ကိုဗစ် ဂုရုကတော့ ၂ ထပ်အုပ်ပါတဲ့။ အတွင်းက Surgical mask၊ အပြင်က အဝတ် mask။ အတွင်းက surgical mask ကို ဘေးမှာ စုချည်ထားပေးရမယ်တဲ့ ကာတွန်းပုံလေးမှာပြထားတယ်။" ဖြန့်ဝေနေတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ Mask နှစ်ထပ်တပ်ရေး မတပ်ရေး ကိစ္စက အခုမှ မြန်မာလူမှုကွန်ယက်တွေမှာ အငြင်းပွားနေကြတာဖြစ်ပေမယ့် ဒီအရေးကို နိုင်ငံတကာက မီဒီယာတွေပေါ်မှာ ယခုနှစ်ဦး ဇန်နဝါရီလ လောက်ကတည်းက အမျိုးမျိုး ရေးသားဖော်ပြနေကြတာပါ။အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) အပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တွေ အနေနဲ့ ကတော့ Mask နှစ်ထပ်တပ်ဆင်ဖို့ ဘယ်တုန်းကမှ အကြံပြုမထားပါဘူး။



    အထက်ပါပုံက CDC က ထုတ်ပြန်ထားတဲ့ Mask ဝတ်ဆင်တာနဲ့ ပါတ်သတ်တဲ့ အကြံပြုချက်ထဲမှာ ဖော်ပြထားတာပါ။ ပထမပုံမှာ အချို့ Mask က တစ်ခုထက်ပိုဝတ်ဘို့မသင့်တော်တဲ့ အကြောင်းနဲ့ ဒုတိယပုံမှာတော့ KN95 Mask တွေကို တခြား Mask တွေနဲ့ အတူတွဲမဝတ်သင့်ဘူးလို့ အကြံပြုထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် mask နှစ်ထပ်တပ်ဖို့ ဒေါက်တာ Anthony Fauci ပြောတယ်ဆိုတဲ့ ကိစ္စကို Newsweek သတင်းဌာနက သတင်းဆန်းစစ်ထားတာမှာ ဒေါက်တာ Fauci က မျက်နှာဖုံးနှစ်ခု ဝတ်ဆင်ဘို့ အတိအလင်း ပြောခဲ့တာ မဟုတ်ပဲ ဒီလိုလုပ်ရင် သဘောသဘာဝအရ ပိုထိရောက်လိမ့်မယ်လို့ ပြောခဲ့တာသာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။"


    ဒီအကြောင်းကို ဒေါက်တာ Fauci က ယခုနှစ်စောပိုင်း ဇန်နဝါရီ ၂၅ ရက် မှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါအကြောင်း ဆွေးနွေးပွဲတစ်ခုမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်ရက်အနည်းငယ်အကြာလုပ်တဲ့ ဟောပြောပွဲမှာ ဒေါက်တာ Fauci က အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ Mask နှစ်ထပ်တပ်ဖို့နဲ့ N95 mask တွေ ဝတ်ဖို့ အကြံပေးထားခြင်း မရှိကြောင်းနဲ့ CDC ပြောထားချက်ထဲမှာ အရေးကြီးဆုံးက လူတိုင်း Mask ဝတ်ဆင်ဖို့ဖြစ်ကြောင်း ပြောကြားသွားပါတယ်။


    Newsweek သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဆန်းစစ်မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ Mask နှစ်ထပ်တပ်ခြင်းမတပ်ခြင်းနဲ့ပတ်သက်တဲ့ သတင်းအမှားတွေဟာ ကမ္ဘာတစ်ဝှမ်းမှာလည်းပျံ့နှံ့ခဲ့ပါတယ်။ ဒီအခြေအနေတွေကို နိုင်ငံတကာမီဒီယာတွေလည်းပြန်လည်ဆန်းစစ်တင်ကြထားတာတွေရှိပါတယ်။
    ဒီအကြောင်းအရာအပေါ် Reutersနဲ့Factcheck.orgတို့ကဆန်းစစ်ထားတဲ့ သတင်းတွေမှာလည်း လေ့လာနိုင်ပါတယ်။



    Tags

    wearing two masksကိုဗစ်-၁၉Coronavirus factscoronavirusMask တပ်ခြင်း
    Read Full Article
    Claim :   ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်းမြင့်လာတဲ့အတွက် Mask ကို နှစ်ထပ်တပ်ဖို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) နဲ့ အမေရိကန်ကူးစက်ရောဂါပညာရှင် ဒေါက်တာ Anthony Fauci တို့က အကြံပြုထားတယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!