BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆွစ်ဇာလန်သံအမတ်က...
သတင်းအတု

ဆွစ်ဇာလန်သံအမတ်က ပိတ်မိနေတဲ့ဆန္ဒပြသူတွေကို ကယ်ခိုင်းခဲ့တာ မှန်ကန်ရဲ့လား

မတ်လ ၈ ရက်နေ့ ညပိုင်းက စမ်းချောင်းမှာ ပိတ်မိနေသူတွေကို မော်တော်ကားနဲ့ လိုက်လံကူညီဖို့ ဆွစ်ဇာလန် သံအမတ်က လူတစ်ယောက်ရဲ့ ဖုန်းနံပါတ်ပေးထားတယ်ဆိုပြီး လိမ်လည်ရေးသားဖြန့်ဝေခဲ့တာတွေ ရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  10 March 2021 10:11 PM IST
  • ဆွစ်ဇာလန်သံအမတ်က ပိတ်မိနေတဲ့ဆန္ဒပြသူတွေကို ကယ်ခိုင်းခဲ့တာ မှန်ကန်ရဲ့လား

    ဒီရေးသားဖြန့်ဝေမှုကို Aung Gyi Thaw Zin ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူ အများအပြား ရှိခဲ့ပါတယ်။ အဆိုပါညက စမ်းချောင်းမြို့နယ်အတွင်းမှာ ဆန္ဒပြသူအများအပြား ပိတ်မိနေခဲ့ပါတယ်။ အဲဒီလိုအရေးကြီးနေချိန်၊ အများပြည်သူ အထိတ်တလန့်ဖြစ်နေချိန်ကို ချိန်သားကိုက်ပြီး ရည်ရွယ်ချက်ရှိရှိ လိမ်လည်ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ရေးသားမှုထဲမှာ ဆွစ်ဇာလန်သံအမတ်က စမ်းချောင်းမှာ ပိတ်မိနေတဲ့ သူတွေကို ကူညီဖို့ သူရဲ့ သံတမန်ဆိုင်ရာ မော်တော်ကားများနဲ့ လိုက်လံကူညီခွင့်ပေးထားကြောင်း၊ ပိတ်မိနေသူများက ဖုန်းနံပါတ် 09448026156 သို့ ခေါ်ဆို အကူအညီယူနိုင်ကြောင်းများကို ရေးသားဖြန့်ဝေခဲ့တာပါ။ အချက်အလက်စစ်ဆေးသူများကိုတော့ ဒီဖုန်းနံပတ်ဟာ လိုင်းမအားတာများတဲ့အတွက် မခေါ်ဆိုဖို့နဲ့ အမှန်တကယ် ပိတ်မိနေသူများသာ ခေါ်ဆိုဖို့ကိုလည်း ထည့်ရေးထားတာ တွေ့ရပါတယ်။


    မတ်လ ၈ ရက်နေ့ည ဖြစ်စဉ်ဖြစ်ပွားနေချိန်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ် 09448026156 သို့ အချက်အလက် မှန်ကန်မှုရှိမရှိ စစ်ဆေးဖို့ BOOM က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံရှိ ဆွစ်ဇာလန်သံရုံးရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာလည်း အဆိုပါအကြောင်းအရာနဲ့ ပါတ်သက်ပြီး ကြေငြာချက် တစုံတရာ ထုတ်ပြန်ထားတာမျိုးလည်း မရှိတာကို တွေ့ရပါတယ်။

    Tags

    Swiss ambassadorMilitary CoupMyanmar Armyanti-coup protesters
    Read Full Article
    Claim :   မတ်လ ၈ ရက်နေ့ ညပိုင်းက စမ်းချောင်းမှာ ပိတ်မိနေသူတွေကို မော်တော်ကားနဲ့ လိုက်လံကူညီဘို့ ဆွစ်ဇာလန် သံအမတ်က ခိုင်းထားတယ်ဆိုပြီး လူမှုမီဒီယာတွေအပေါ် ဖြန့်ဝေနေမှုအတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!