BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လွှတ်တော်အထူးအစည်းအဝေး ပျက်အောင်...
သတင်းအတု

လွှတ်တော်အထူးအစည်းအဝေး ပျက်အောင် လုပ်ဆောင်မယ်လို့ မုံရွာအောင်ရှင်ပြောကြားထားခြင်းမရှိ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို NLD ပါတီက ပျက်အောင်လုပ်မယ်လို့ ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  14 Jan 2021 10:31 AM IST
  • လွှတ်တော်အထူးအစည်းအဝေး ပျက်အောင် လုပ်ဆောင်မယ်လို့ မုံရွာအောင်ရှင်ပြောကြားထားခြင်းမရှိ

    အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၆ နာရီ ၃၁ မိနစ်မှာ Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အထူးလွှတ်တော် ပျက်အောင်လုပ်မည်ဟု NLDပြော" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။ အဲ့ဒီသတင်းအမှားရဲ့ အတွင်းအမှာတော့ "အတိုက်အခံပါတီများနှင့် တပ်မတော်ပူးပေါင်းကာ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တင်ပြတောင်းဆိုမှုသည် NLD မှ လွှတ်တော်ကိုယ်စားလှယ်များ မတက်ပါက အဆိုပါအစည်းအဝေး အထမြောက်နိုင်မည်မဟုတ်ကြောင်း NLD ပါတီဗဟိုပြန်ကြား ရေးကော်မတီဝင် ဦးမုံရွာအောင်ရှင်မှ ပြောကြားလိုက်ပါတယ်။ အဆိုပါလွှတ်တော်အား မတက်ရောက်ရန်လည်း ညွှန်ကြားထားမည်ဟု သိရှိရပါတယ်" လို့ ရေးသားထားပါတယ်။

    အဲ့ဒီသတင်းအမှား Like လုပ်ထားသူ ၇၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၀၀ ကျော်ရှိနေပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဒီအကြောင်းအရာဟာ ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသက်သက်သာဖြစ်ပါတယ်။

    ဒီသတင်းအမှား အကြောင်းအရာဟာ People Media မှာဖော်ပြခဲ့တဲ့ NLD ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရဲ့ အင်တာဗျူးကို လိုရာစွဲယူ ရေးသားထားခြင်းဖြစ်ပါတယ်။ People Media မှာ ပါရှိခဲ့တဲ့ အင်တာဗျူးမှာ "လွှတ်တော်ခေါ်ပြီး တော့ ဘာတွေဆွေးနွေးမှာလဲ၊ ဘာတွေတောင်းဆိုမှာလဲ အဲဒီဟာတွေကို ကျွန်တော်တို့ လေ့လာရလိမ့်မယ်။ အကယ်၍ အများစုဖြစ်တဲ့ လွှတ်တော်ထဲမှာ အနိုင်ရပါတီကနေပြီးတော့ လွှတ်တော် မတက်ဘူးဆိုရင် အဲဒီလွှတ်တော် တကယ်အထမြောက်နိုင်သလား၊ အထမမြောက်နိုင်ဘူးလား ဒါတွေလည်း စဉ်းစားစရာတွေရှိတယ်။ ကျွန်တော့်အမြင်တော့ ဒီဒုတိယအကြိမ်လွှတ်တော်ခေါ်ဖို့ကိစ္စကတော့ သိပ်တော့ မဖြစ်မြောက်နိုင်တော့ဘူးလို့ ကျွန်တော်ထင်တယ်" လို့ ဖော်ပြထားတာဖြစ်ပါတယ်။

    အဲ့ဒီဖြေကြားမှုထဲမှာ NLD ပါတီအနေနဲ့ အထူးလွှတ်တော်ပျက်အောင်လုပ်မယ်ဆိုတာမျိုး ပြောဆိုခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ သတင်းအမှားဖြန့်သူ ရေးသားထားသလို အထူးလွှတ်တော် မတက်ရောက်ဖို့ ပါတီဝင်တွေကို ညွှန်ကြားထားမယ် ဆိုတဲ့အချက်လည်း ပါဝင်ခြင်း မရှိပါဘူး။

    People Media က သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင်က "အထူးအစည်းအဝေးပျက်အောင်လုပ်မယ်လို့ တစ်ခါမှ မပြောမိပါဘူး။ အဲ့ဒီအစည်းအဝေးပျက်အောင်လုပ်နိုင်တဲ့ အင်အားလည်း မရှိပါဘူး။ ကျွန်တော့်မှာ တားပိုင်ခွင့်လည်း မရှိပါဘူး။ တကယ်တမ်းက လွှတ်တော်ရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြေငြာချက်ထွက်ပြီးပါပြီ။ အဲ့ဒီဟာက ကျွန်တော်နဲ့လည်း မဆိုင်ပါဘူး လို့ပဲပြောချင်ပါတယ်" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

    ပြည်ထောင်စုလွှတ်တော်ကလည်း တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် ရွေးကောက်ခံကိုယ်စားလှယ်အချို့က နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလာတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူမှာ မဟုတ်ဘူးလို့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန်ချက်ကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

    ပြည်ထောင်စုလွှတ်တော်ရုံး သတင်းထုတ်ပြန်ချက်အမှတ် (၁ / ၂၀၂၁)




    Tags

    NLDSecond Pyidaungsu HluttawSpecial SessionParliamentTatmadawပြည်ထောင်စုလွှတ်တော်ဒုတိယအကြိမ်အထူးအစည်းအဝေးသတင်းအမှား
    Read Full Article
    Claim :   Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးပျက်အောင် NLD ပါတီက လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!