BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • "ကျွန်တော့်မိန်းမ မလှမပတရုတ်မ"...
သတင်းအတု

"ကျွန်တော့်မိန်းမ မလှမပတရုတ်မ" ဇူကာဘတ်က တကယ်ပဲ ဒီလိုရေးသလား

By - Boom Live Myanmar |
Published -  13 July 2020 10:30 AM IST
  • ကျွန်တော့်မိန်းမ မလှမပတရုတ်မ ဇူကာဘတ်က တကယ်ပဲ ဒီလိုရေးသလား

    အမှန်တကယ်တော့ ဒီပိုစ့်ဟာ ပြီးခဲ့တဲ့ မတ်လ အတွင်းထဲက အွန်လိုင်းပေါ်ပြန့်နှံ့နေခဲ့တာဖြစ်ပြီး သတင်းမှားတွေ တိုက်ဖျက်နေတဲ့ တချို့မီဒီယာတွေမှာလည်း ဒါဟာ သတင်းမှားတစ်ခုသာဖြစ်တယ်ဆိုတဲ့ အကြောင်း ဖော်ပြပြီးဖြစ်ပါတယ်။

    ဒီပိုစ့်ကို The Coverage Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က မတ်လ ၂၄ ရက်နေ့မှာ "MY WIFE CHINA AND NOT PRETTY" လို့ ရေးသားဖြန့်ဝေထားတာကို အစောဆုံးတွေ့ရပြီး ထပ်ဆင့်ဖြန့်ဝေသူ တစ်သောင်းခွဲကျော် ရှိခဲ့တာကိုတွေ့ရပါတယ်။ ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒီပိုစ့်ကို မြန်မာဘာသာပြန်ဆိုချက်နဲ့တွဲပြီး ဖေစ့်ဘွတ်ပေါ်မှာ ဖြန့်ဝေလာတာကတော့ ဇူုလိုင်လ အစောပိုင်းမှာပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ ပါတဲ့ စာတစ်ပိုဒ်ကို ဖေါ်ပြရရင် "တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက မလှမပတရုတ်မတစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။ ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်။" စသဖြင့် ဇူကာဘတ်ရဲ့ အမျိုးသမီးတွေအပေါ်၊ အလှတရားအပေါ် အမြင်တွေနဲ့ပတ်သက်ပြီးရေးသားထားပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။


    သတင်းဆန်းစစ်ချက်

    ဒီရေးသားဖြန့်ဝေနေတဲ့ ပိုစ့်ဟာ သတင်းမှားသာဖြစ်တဲ့အကြောင်းကို နည်းပညာသတင်းတွေ အပြင် သတင်းမှားစိစစ်တဲ့ သတင်းတွေ ဖော်ပြနေတဲ့ Techarp ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ဧပြီလ ၂၅ ရက်နေ့ကတည်းက ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Techarp က ဒီသတင်းကို အချက် ၅ ချက်နဲ့ သတင်းဆန်းစစ်မှု ပြုလုပ်ထားပြီး အချို့အချက်တွေကို ဖော်ပြပေးသွားပါမယ်။

    ပထမဆုံးအချက်မှာတော့ မာခ့်ဇူကာဘတ်ရဲ့အင်္ဂလိပ်စာ အရေးအသားက ဒီဖြန့်ဝေမှုမှာတွေ့ရတဲ့ ပုံမဟုတ်ပဲ အင်္ဂလိပ်စာကို သဒ္ဒါနည်းကျ မှန်မှန်ကန်ကန်နဲ့ ရေးလေ့ရှိကြောင်း၊ ဒီပိုစ့်ထဲက အရေးအသားကတော့ တရုတ်တစ်ယောက်က တရုတ်စာနဲ့ရေးပြီး ဂူဂယ်မှာဘာသာပြန်ထားသလို ဖြစ်ကြောင်း ထောက်ပြထားပါတယ်။


    တတိယအချက်မှာတော့ မာခ့်ဇူကာဘတ် ဟာ သူရေးသားတဲ့ ပိုစ့်တွေအောက်မှာ "မာခ့်ဇူကာဘတ် (ဖေစ့်ဘွတ်တည်ထောင်သူ)" လို့ တစ်ခါမှ မထည့်ဘူးကြောင်း။ သူ့အနေနဲ့ ဖေစ့်ဘွတ်တည်ထောင်သူဖြစ်တယ်ဆိုတာကို လူတွေကို အသိပေးနေစရာမလိုတဲ့ အတွက်ဖြစ်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။


    အချက် ၅ မှာရေးထားတာက ဇူကာဘတ်ရဲ့မိန်းမ ပရက်စီလာချန်က ဟားဗတ်တက္ကသိုလ်က ဘွဲ့ရခဲ့တာဆိုပေမယ့် သူမဟာ ဆေးပညာလေ့လာခဲ့တာ မဟုတ်ကြောင်း၊ ဟားဗတ်တက္ကသိုလ်မှာ ဇီဝဗေဒ ဝိဇ္ဇာဘွဲ့ရခ့တာသာဖြစ်ကြောင်း ထောက်ပြ ခဲ့တာဖြစ်ပါတယ်။



    Tags

    Mark ZuckerbergFacebook FounderChinese WifePriscillaPriscilla ChanFake newsFacebook post
    Read Full Article
    Claim :   ဖေစ့်ဘွတ်ကိုတည်ထောင်သူ မာခ့်ဇူကာဘတ်က သူ့မိန်းမကို \"ကျနော့်မိန်းမ မလှမပတရုတ်မ\" လို့ ရေးတယ်ဆိုပြီး အွန်လိုင်းပေါ်ဖြန့်ဝေနေမှုတွေကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!