BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်က ပန်ဆယ်လိုကို...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်က ပန်ဆယ်လိုကို ဖေ့စ်ဘွတ်ပေါ်မှာ ချီးကျူးထားသလား

လူမှုကွန်ယက်ပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဖေ့စ်ဘွတ်ပိုစ့် ပုံစံ ဖန်တီးထားတဲ့ သတင်းအတု တစ်ပုဒ် ပျံနှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  6 Aug 2020 4:33 PM IST
  • ဒေါ်အောင်ဆန်းစုကြည်က ပန်ဆယ်လိုကို ဖေ့စ်ဘွတ်ပေါ်မှာ ချီးကျူးထားသလား

    အဲ့ဒီ သတင်းအတု ဟာ ဖေ့စ်ဘွတ်ပိုစ်ပုံစံ ဖန်တီးထားတဲ့ Photoshop နဲ့ ပြုပြင်ထားတဲ့ ဓါတ်ပုံ ၂ ပုံက စတင်ပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းအမှားကို Amay Suu ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ် တစ်ခုက တင်ထားတာ ဖြစ်ပြီး ၎င်းဓါတ်ပုံထဲမှာ

    ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းပေါ်မှာ လူသိများတဲ့သူတစ်ဦးဖြစ်တဲ့ ပန်ဆယ်လိုနဲ့ပတ်သက်လို့ အလွန်အကျူး ချီးမွမ်းထားသယောင် ရေးသားထားတာဖြစ်ပါတယ်။

    အဲ့ဒီရေးသားချက်ထဲမှာ အခုလိုပါဝင်ပါတယ်။ "စာရေးဆရာမ ပန်ဆယ်လိုက ကျမကို အမြဲတမ်း အကြံဉာဏ်ကောင်းတွေ ပေးသူပါ။ ကျမတို့ နိုင်ငံမှာ သူ့လိုတော်တဲ့ တတ်တဲ့ လူငယ်တွေများများ ပေါ်လာစေချင်တာ ကျမဆန္ဒပါ။ ကျမတို့ ICJ အကျပ်အတည်း ကာလတုန်းက သူက နယ်သာလန်အထိ သွားပြီး ဝန်းရံပေးကြ တရားရုံးမှာ ထုချေ ချေပရမယ့် အပိုင်းတွေမှာ အကြံဉာဏ်တွေ ပေးသွားတာနဲ့ အတော်အားကိုးခဲ့ရပါတယ်။ သူနဲ့ လူချင်း စကားပြောကြည့်တဲ့ အခါမှာတော့ သူ့ရဲ့ အရည်အချင်း အစစ်အမှန်ကို သိပ် အထင်ကြီးမိသွားပါတယ်။ ကျမ အလွန်မှာ NLD ကြီးရော၊ မြန်မာနိုင်ငံတော်ကြီးရော မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ကျမ စိတ်အေးလို့ ရပါပြီ။ ဒါနဲ့ ကျမကို Facebook သုံးဖို့ ပထမဆုံး အကြံပေးသူက စာရေးဆရာမ ပန်ဆယ်လိုပါပဲ" လို့ ရေးသားထားပါတယ်။

    အဆိုပါ Photoshop နဲ့ ပြူပြင်ထားတဲ့ ပုံတွေကို တင်ထားတဲ့ Amay Suu ဆိုတဲ့ ဖေ့စ်ဘွတ် Page ပိုင်ရှင်ဟာ ၎င်းရဲ့ ပိုစ့်ကို လူများတဲ့ ဖေ့စ်ဘွတ် Group တစ်ခုဖြစ်တဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်း ဆိုတဲ့ Group ထဲကို ထပ်ဆင့်ဝေမျှပြီး သတင်းအမှားကို ဖြန့်ဝေထားပါတယ်။

    သတင်းဆန်းစစ်ချက်

    Amay Suu ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နာမည် အသုံးပြုထားတဲ့ Screen Shot ပုံတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ထားတဲ့ ပုံ တွေဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ ပြူပြင်ထာတဲ့ ပုံတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဇူလိုင်လ ၂၄ ရက်နေ့က တင်ထားတဲ့ ပိုစ်ကို Screen Shot ရိုက်ယူပြီး သတင်းအမှား စာသားများ ထည့်သွင်းကာ Photoshop နဲ့ လုပ်ကြံဖန်တီးထားတာ ဖြစ်ပါတယ်။


    အဆိုပါ Photoshop နဲ့ ပြုပြင်ထားတဲ့ ပုံတွေကို တင်ခဲ့တဲ့ Ammay Suu ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ၎င်းပေ့ချ်ကို စတင်ပြုလုပ်ထားတာကို တွေ့ရပြီး Page admin အဖြစ် နောက်ကွယ်က Facebook အကောင့် ၂ ခုနဲ့ အသုံးပြုနေတာကို တွေ့ရပြီး အသုံးပြုသူဟာ မြန်မာနိုင်ငံအတွင်းက အသုံးပြုနေတာကို တွေ့ရပါတယ်။

    ဒါ့အပြင် ၎င်းဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာ အသင့်တော်ဆုံး အမျိုးသမီးဟာ ပန်ဆယ်လို ဖြစ်တယ်လို့ NY Time က ရေးသားဖော်ပြထားတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။

    ၎င်း အကောင့်ပိုင်ရှင်ဟာ Ammay Suu Suppoters ဆိုတဲ့ ဖေ့စ်ဘွတ် Group တစ်ခု ထောင်ထားပြီး အဆိုပါ Group မှာ Admin အဖြစ် အကောင့် ၄ ခု အသုံးပြုထားပါတယ်။ အဆိုပါ အကောင့် ၄ ခုထဲမှာ အိပန်ဆယ်လို အမည်နဲ့ Page အတု တစ်ခုလည်း ပါဝင်နေပြီး အဆိုပါ Page အတုမှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို Photoshop နဲ့ ပြုပြင်ထားတဲ့ သတင်းအမှားကို တင်ထားပါတယ်။





    Tags

    Fake newsDaw Aung San Suu Kyipraise Pansello on Facebookusing photoshopနိုင်ငံတော်အတိုင်ပင်ခံပန်ဆယ်လိုကိုချီးကျူးသတင်းအတု
    Read Full Article
    Claim :   နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဖေ့စ်ဘွတ်ပိုစ့် ပုံစံ ဖြစ်အောင် Photoshop နဲ့ ပြုပြင်ထားတဲ့ သတင်းအတု အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!