BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုရိုနာဗိုင်းရပ်စ်...
သတင်းအတု

ကိုရိုနာဗိုင်းရပ်စ် ဓါတ်ခွဲခန်းကဖန်တီးတာ ဟုတ်၊ မဟုတ်

ကိုဗစ် ၁၉ ရောဂါစတင်ဖြစ်ပွာူချိန်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တရုတ်ပြည်ဓါတ်ခွဲခန်းမှာ တီထွင်ခဲ့တာဖြစ်တယ်ဆိုတဲ့ ရေးသားမှုပေါင်းများစွာ လူမှုကွန်ရက်မှာပျံ့နှံ့လေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  26 Oct 2020 2:28 PM IST
  • ကိုရိုနာဗိုင်းရပ်စ် ဓါတ်ခွဲခန်းကဖန်တီးတာ ဟုတ်၊ မဟုတ်

    ဒီရက်ပိုင်းထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ တရုတ်ပြည်မှာရှိတဲ့ ဓါတ်ခွဲခန်းက တီထွင်ထားသော ဗိုင်းရပ်စ်ပိုးဖြစ်တယ်ဆိုတဲ့ အကြောင်းကို စက်တင်ဘာလ ၂၆ ရက်နေ့ ဝန်းကျင်က ဖေစ့်ဘွတ်အကောင့် အများအပြားမှာ ရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။ ဒီဆောင်းပါးကတော့ အဲ့ဒီအချက်တွေဘယ်လောက်မှန်တယ် မှားတယ်ဆိုတာကိုနိုင်ငံတကာက ပညာရှင်တွေေ ထာက်ပြထားတဲ့အချက်တွေနဲ့ စစ်ဆေးဖေါ်ပြထားတာဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်စစ်တပ်ရဲ့ ဓါတ်ခွဲခန်းမှာ စတင်ခဲ့တယ်လို့ ပြောဆိုခဲ့သူ Li-Meng Yan ရဲ့ ပုံကို အသုံးပြုပြီး "တရုတ်မှထွက်လာတဲ့ကာကွယ်ဆေးလုံးဝမထိုးကြပါရန်။ တရုတ်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသော ဇီဝဗေဒပညာရှင်၏ ပြောဆိုချက်အရ ကိုဗစ်ဗိုင်းရပ်စ်သည် တရုတ်ပြည်၏ ဓါတ်ခွဲခန်းက တီထွင်ထားသော ဗိုင်းရပ်စ်ပိုးဖြစ်သည်။ တရုတ်၏ ကိုဗစ်ကာကွယ်ဆေးက ( ၂) မျိုးထုတ်ထားပြီး ပြည်တွင်းမှာ အန္တရာယ်ကင်းကာကွယ်ဆေးထိုးပြီး ပြည်ပနိုင်ငံများကို အန္တရာယ်ရှိကာကွယ်ဆေး တင်ပို့ရောင်းချမည်။ ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချသော တရုတ်၏ ကိုဗစ်ကာကွယ်ဆေးသည်ထိုးပြီးတာနဲ့ ကိုဗစ်ရောဂါလုံးဝမကူး ဆက်နိုင်တော့ပါ။ သို့သော် တစ်နှစ်လောက်ကြာလာရင် သွက်ချာပါဒ ရောဂါဖြစ်ပြီး အတိတ်မေ့ရောဂါဖြစ်ကာ အရူးများဖြစ်ကုန်ကြတယ်။ အဲဒီအခါကျမှ တရုတ်သည် တစ်ကမ္ဘာလုံးကို ကျဉ်ဆံတစ်တောင့်မှမသုံးပဲ သိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း ထွက်ပြေးလာသည့် သိပ္ပံပညာရှင်မှ ပြောကြားသွားပါတယ်။ တရုတ်မှထွက်လာတဲ့ကာကွယ်ဆေးလုံးဝမထိုးကြပါရန်။ တရုတ်တို့ရဲ့ ယုတ်မာချက်က" ဆိုပြီး ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စာမျက်နှာ ၂၆ မျက်နှာပါတဲ့ ဟောင်ကောင်တက္ကသိုလ်က ပါရဂူ လီမင်းယန်ရဲ့ အစီရင်ခံစာကို စက်တင်ဘာ ၁၄ ရက်နေ့က Zenodo ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာပါ။ အစီရင်ခံစာထဲမှာ မျိုးရိုးဗီဇအထောက်အထားများအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ဓါခွဲခန်းမှာ လုပ်ခဲ့တဲ့ ရောဂါပိုးဖြစ်ကြောင်းရေးသားခဲ့တာ ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ဟာ ဓါခွဲခန်းမှာ လူတွေဖန်တီးခဲ့တယ်ဆိုတာနဲ့ ပါတ်သတ်ပြီး မီဒီယာကြီးတွေ သိပ္ပံစာစောင်တွေအများအပြားမှာ မှားယွင်းကြောင်း ရေးသားဖော်ပြထားပါတယ်။

    ဒီအချက်နဲ့ ပါတ်သတ်ပြီး National Geographic လိုအဖွဲ့အစည်းကပင် မှားယွင်းကြောင်း ထောက်ပြပြောဆိုထားပါတယ်။ Scripps သုတေသနအဖွဲ့အစည်းက Kristian Andersen နဲ့ ဝါရှင်တန်တက္ကသိုလ်မှ Carl Bergstrom တို့လို ထင်ရှားတဲ့ ရောဂါဗေဒ ပညာရှင်တွေက ဒီစာတမ်းဟာ သိပ္ပံနည်းကျပြုစုထားတာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

    သူတို့ပြောဆိုချက်ထဲက အဓိက အချက်က ဒီစာတမ်းဟာ တောရိုင်းတိရိစ္ဆာန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပုံနဲ့ လူသားတွေကို ဘယ်လိုကူးစက်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး ရေးသားထုတ်ဝေထားတဲ့ စာတမ်းများစွာကို လျစ်လျူရှူထားတယ်လို့ ပြောဆိုထားပါတယ်။

    ကျွမ်းကျင်သူတွေကထောက်ပြထားတာက ဒီစာတမ်းဟာ ပူးပေါင်းကြံစည်ထားတာသာဖြစ်ပြီး သီအိုရီတွေနဲ့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေကို ဆင်ဆာဖြတ်ထားတယ်လို့ ပြောဆိုထားပါတယ်။ ဒီလိုပြောဆိုရတာက အစီရင်ခံစာကို

    လိမ်လည်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ ယခင် အမေရိကန် အိမ်ဖြူတော် မဟာမင်းကြီး စတိဗ့်ဘန်နွန် တည်ထောင်ထားတဲ့ Rule of Law Society ဆိုတဲ့အဖွဲ့အစည်းက ထောက်ပံ့ခဲ့တာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။


    ဒီဗိုင်းရပ်စ်နဲ့ ပါတ်သတ်ပြီး National Geographic ရဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အတွင်းကျကျ ရေးသားဖော်ပြမှုတွေကို ဆက်လက်ဖတ်ရှု့လိုပါက ဒီနေရာ မှာ လေ့လာဖတ်ရှု့နိုင်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ဟာ ဇီဝလက်နက်မဟုတ်ကြောင်း၊ လူ့သမိုင်းမှာ SARs ရောဂါနဲ့ MERS ရောဂါတို့လို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြီးတွေ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုထဲမှာ ဖြစ်ခဲ့ပြီးဖြစ်တဲ့အတွက် ခုဖြစ်တဲ့ COVID-19 ရောဂါကို အံ့အားသင့်မနေသင့်ပါဘူးလို့ သိပ္ပံရပ်ဆိုင်ရာအကြောင်းတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Newscientist သတင်းဌာန ကလည်း ဖော်ပြထားတာရှိပါသေးတယ်။


    Newscientist သတင်းဌာနက ရေးသားဖော်ပြမှုကိုလည်း ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အလားတူ ဒီစာတမ်းကို ငြင်းပယ်ထားတဲ့ အကြောင်း The Guardian သတင်းဌာနနဲ့ The Conversation သတင်းဌာနတွေမှာလည်း ရေးသားထားခဲ့ပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။


    ဒီစာတမ်းနဲ့ ပါတ်သတ်ပြီး ပြန်လည်ထောက်ပြပြောဆိုရာမှာ သတင်းဌာနကြီးတွေအနေနဲ့ SARs ရောဂါနဲ့ MERS ရောဂါတို့လို လင်းနို့က ဖြစ်လာတာပဲ ဖြစ်ပြီး လူတွေဖန်တီးတာ မဟုတ်တဲ့ အကြောင်းနဲ့ RaTG13 ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆင်တူကြောင်းတွေနဲ့ နှိုင်းယှဉ်ပြောထားတာပါ။



    Tags

    #Chinese Virusbioweaponrumoursဇီဝဗေဒပညာရှင်Coronavirus rumours
    Read Full Article
    Claim :   လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တရုတ်ပြည်ဓါတ်ခွဲခန်းမှာ တီထွင်ခဲ့တာဖြစ်တယ်ဆိုတာနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်မှု ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!