BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လော့စ်အိန်ဂျလိစ် တောမီးအတွက် Thor...
သတင်းအတု

လော့စ်အိန်ဂျလိစ် တောမီးအတွက် Thor မင်းသား ဒေါ်လာ သန်းနှစ်ဆယ်လှူမယ်ဆိုတဲ့ သတင်းအမှား

Thor ရုပ်ရှင်ကားတွေရဲ့ အဓိကမင်းသား Chris Hemsworth က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လော့စ်အိန်ဂျလိစ် တောမီး လောင်မှုမှာ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းမယ်လို့ ကြေညာတယ်ဆိုပြီး ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2025 10:26 AM IST
  • လော့စ်အိန်ဂျလိစ် တောမီးအတွက် Thor မင်းသား ဒေါ်လာ သန်းနှစ်ဆယ်လှူမယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ Threads မှာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ပြီး 'Thor သရုပ်ဆောင် မင်းသား Chris Hemsworth က လော့စ်အိန်ဂျလိစ် တောမီးလောင်မှု အတွက် အမေရိကန်ဒေါ်လာ သန်း 20 လှူဒါန်းမယ်လို့ ကြေညာခဲ့ကြောင်းနဲ့ ကလေးနဲ့ မိခင်တွေအတွက် ဦးစားပေး ကူညီဖို့ ကတိပြုခဲ့ကြောင်း ကြေညာတယ်’ ဆိုပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသား ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မင်းသား Chris Hemsworth လော့စ်အိန်ဂျလိစ် တောမီးလောင်မှု အတွက် ဒေါ်လာ သန်း ၂၀ လှူဒါန်းမယ်လို့ ကြေညာ တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို မင်းသားရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ တင်ထားတာမျိုး မရှိသလို ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Chris Hemsworth ရဲ့ အင်စတာဂရမ် အကောင့်နဲ့ ဖေစ့်ဘွတ်အကောင့်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့် ရှု့နိုင်ပါတယ်။

    Thor မင်းသား Chris Hemsworth အနေနဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဩစတေးလျ တောမီးလောင်မှု အတွက် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တာတော့ ရှိခဲ့ပါတယ်။


    Bangkok Post သတင်းမှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    တောမီးအလှူငွေသတင်းမှားဟောလိဝုဒ်စတားFakenews
    Read Full Article
    Claim :   Thor မင်းသား Chris Hemsworth လော့စ်အိန်ဂျလိစ် တောမီးလောင်မှု အတွက် ဒေါ်လာ သန်း ၂၀ လှူဒါန်းမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!