ချစ်နိုင် (စိတ်ပညာ) ယာဉ်မတော်တဆမှု တကယ်ဖြစ်ခဲ့သလား

စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ပြန်ကြားရေးဝန်ကြီး ချစ်နိုင် (စိတ်ပညာ) ယာဉ်မတော်တဆဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြန်ကြားရေးဝန်ကြီး ချစ်နိုင် (စိတ်ပညာ) ယာဉ်မတော်တဆဖြစ်တယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေကို မတ်လ ၁ ရက် ညပိုင်းက လူမှုမီဒီယာတွေပေါ် ဖြန့်ဝေလာတာဖြစ်ပြီး ရေးသားဖြန့်ဝေမှု အများအပြားရှိခဲ့ပါတယ်။


သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ ပါတ်သတ်ပြီး BOOM က ပြန်ကြားရေးဝန်ကြီး ချစ်နိုင် (စိတ်ပညာ) ရဲ့ သမီးဖြစ်သူ မနိုင်နိုင်အေးထံ ဆက်သွယ်မေးမြန်းရာမှာ "အဲ့သတင်းက မဟုတ်ပါဘူး။ ပထမ ကျွန်မတို့လည်း မသိဘူး။ သူငယ်ချင်းတွေ ဖုန်းဆက်ပြီးမေးတော့မှ သိတယ်။ ဘာမှမဖြစ်ပါဘူးရှင့်။ နေပြည်တော်အိမ်မှာ ရှိနေပါတယ်။" လို့ ပြန်လည်အတည်ပြု ပြောကြားပါတယ်။

ချစ်နိုင် (စိတ်ပညာ) ရဲ့သမီးဖြစ်သူ မနိုင်နိုင်အေးဟာ ပြည်တွင်းက ပုဂ္ဂလိကမီဒီယာလုပ်ငန်းတွေနဲ့ပတ်သက်ရင် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တချို့မှာ UNESCO နဲ့ပူးပေါင်းပြီး ကူညီပံ့ပိုးရေး လုပ်ငန်းတွေလုပ်ဆောင်နေသူဖြစ်ပါတယ်။

Claim Review :   စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ပြန်ကြားရေးဝန်ကြီး ချစ်နိုင် (စိတ်ပညာ) ယာဉ်မတော်တဆဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
Claimed By :  Facebook
Fact Check :  False
Show Full Article
Next Story