BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ယုန်လေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ယုန်လေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြောသလား

ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ယုန်လေးရဲ့ Music Video အပေါ် မှတ်ချက်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  10 Aug 2020 8:03 PM IST
  • ယုန်လေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြောသလား

    အ ဆိုပါ သတင်းအမှားကို Youtube channel များစွာကနေ တစ်ပြိုင်တည်း ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားတွေတင်လေ့ရှိတဲ့ Website တွေကလည်း ပြန်တင်ထားပါတယ်။

    အဲ့ဒီ သတင်းအမှားထဲမှာ လတ်တလောဝေဖန်မှုမြင့်တက်နေတဲ့ Music Video နဲပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ပြောတယ်ဆိုတဲ့စကားတွေကိုထည့်သွင်းရေးသားထားပြီး ဝေမျှနေတာဖြစ်ပါတယ်။။

    "အဆိုတော်ယုန်လေး ဆိုထားတဲ့ သီးချင်းနဲ့ ပတ်သက်လို့ ကျမဘာမှ ပြောစရာမရှိပါဘူး။ အားလုံး ညီညွတ်ဖို့နဲ့ နိုင်ငံတော်အလံကို အလေးပြုတတ်ဖို့ လေးစားတတ်ဖို့ အဓိကထားပြီး ဆိုထားတာပါ။ စည်းလုံးခြင်း ညီညွတ်ခြင်းဆိုတာ လူတိုင်းမှာ ရှိသင့်တဲ့စိတ်ပါ။ အဲ့လိုဖြူစင်တဲ့ စိတ်ကလေးလူတိုင်းမှာ ကိန်းဝပ်နေပြီဆိုရင် တိုင်းပြည်တိုးတက်ဖို့ မဝေးတော့ပါဘူး။ ကျမတို့ကိုယ်စားပြုတဲ့ ပါတီအလံကို အလေးမပြုချင် နေပါ။ ဒါပေမဲ့ နိုင်ငံတော်ကြီးရဲ့အလံကိုတော့ အားလုံး လေးစားလိုက်နာပြီး အလေးပြုသင့်ပါတယ်။ ကာချုပ်ရယ် ကျမရယ် ပြီးတော့ ဦးသန်းဌေးရယ် အားလုံးဟာ လူတွေပါပဲ အခုလိုလေး ထားလိုက်လို့ စိတ်ဝမ်းတွေ ကွဲနေမဲ့အစား ဝမ်းသာ အားရ ကြိုဆို လိုက်စမ်းပါ။ ဒါဟာ လုပ်သင့်တဲ့ အလုပ်ဖြစ်သင့်တဲ့ လုပ်ရပ်ပါ။အဆိုတော်ယုန်လေးရဲ့ စိတ်ရင်းအမှန်ကို မြင်အောင်ကြည့်ပြီး ဪ သူဆိုထားတဲ့သီချင်းက စည်းလုံးဖို့ ညီညွတ်ဖို့ပါတီစွဲ ပုဂ္ဂိုလ်စွဲမရှိဖို့ အတ္တသမားတွေ မဖြစ်ဖို့ တိုက်တွန်းထားတာပါ။ ကျမအနေနဲ့ကတော့ အပြစ်တစ်ခုလို့ မမြင်တဲ့အပြင် ဒါကို လုံးဝ လက်ခံပါတယ်။ နောက်နောင်အဆိုတော်တွေလည်း အဆိုတော်ယုန်လေးလို တိုင်းပြု ပြည်ပြု သီးချင်တွေ တိုင်းပြည်လူမျိုးအတွက် အကျိုးသက်ရောက်မှုရှိတဲ့ သီချင်းတွေ ဆိုနိုင်ကြပါစေလို့ အမေဆုတောင်းလိုက်ပါတယ်" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို YouTube Channel တွေကနေ ဝင်ရောက် ကြည့်ရှု့သူ ၂ သိန်းကျော် ရှိနေပြီး like လုပ်ထားသူ ၉၀၀၀ ကျော် ရှိနေပါတယ်။ ၎င်းကို ထပ်ဆင့်ဝေမျှသူ ထောင်ဂဏာန်းကျော် ရှိနေပြီး သတင်းအတု တင်လေ့ရှိတဲ့ Website တွေကနေလည်း ထပ်ဆင့် ဝေမျှသူ ထောင်ချီပြီး ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    YouTube အကောင့်တွေမှာ တင်ထားတဲ့ အဆိုတော် ယုန်လေးရဲ့ Music Video ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မှတ်ချက် ပေးခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အွန်လိုင်းသုံးစွဲတဲ့သူတွေ ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ကြံ ရေးသားထားတဲ့ ရေးအသား၊ စာသားအသုံးအနှုန်းတချို့တွေ့ရတဲ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုထားတယ်လို့ သက်သေအထောက်အထားမရှိတဲ့အခြေအနေတွေကိုလည်း ဆန်းစစ်တွေ့ရှိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အချက်အလက် စိစစ်တဲ့အခါ Boom က အောက်ပါအချက်တွေနဲ့ စိစစ်ပါတယ်။

    တရားဝင်ပေ့ချ်တွေမှာ ရှိခဲ့သလား

    ပထမဆုံးစစ်တာက စာအသွားအလာပါ။ ပြီးခဲ့တဲ့တစ်ပတ်လုံးဒီအကြောင်းအရာတွေပျံ့နှံ့ခဲ့ပြီးတဲ့နောက် လူမှုကွန်ရက်ပေါ်မှာ နေ့စဉ်နဲ့အမျှ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီ Video နဲ့ပတ်သက်လို့ဝေဖန်ရှုံ့ချကြသူတွေထဲမှာ NLD ထောက်ခံသူအများအပြားပါဝင်သလို၊ ပါတီကို ထောက်ခံသူတွေ စုစည်းကြတဲ့ Group တွေ၊ Page တွေပေါ်မှာသာ ဒီအကြောင်းအရာတွေကို တုံ့ပြန်ရေးသားထားတဲ့ပို့စ်တွေထွက်ပေါ်ခဲ့တာပါ။ ဒီအခြေအနေတစ်ခုလုံးနဲ့ပတ်သက်လို့ အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ Page နဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်သုံးစွဲနေတဲ့တရားဝင်စာမျက်နှာတွေ ဖြစ်တဲ့ တွေပေါ်မှာ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ တစ်စွန်းတစ်စကိုမျှ ရေးသားပြောဆိုထားတာမတွေ့ရပါဘူး။

    တရားဝင်သတင်းမီဒီယာတွေပေါ်မှာမရှိတဲ့ပြောစကား

    ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ထုတ်ပြန်ပြောဆို၊ ရေးသားတဲ့ သူမရဲ့တရားဝင် ပေ့ချ်တွေပေါ်ကအကြောင်းအရာတွေကို၊ တရားဝင် Media တွေက၊ ကိုးကားရေးသားပြီးသတင်းအဖြစ်ပြန်လည်ဝေမျှရေးသားကြလေ့ရှိပါတယ်။ အကယ်၍အဆိုပါ Music Video အပေါ် ဒေါ်အောင်ဆန်းစုကြည်ကသာ မှတ်ချက်တစုံတရာပြုခဲ့ပါကလည်း၊ တရားဝင်သတင်း မီဒီယာကြီးတွေဖြစ်တဲ့ Myanmar Now ၊ 7Day ၊ BBC ၊ RFA ၊ MIZZIMA စတဲ့ မီဒီယာတွေကဲ့သို့သော သတင်းဌာနတွေရဲ့ ပေ့ချ်တွေနဲ့ ၊ သတင်းစာတွေကနေ လူအမြောက်အများဆီပျံ့နှံ့ခဲ့မှာဖြစ်ပါတယ်။ လက်ရှိပျံ့နှံ့နေတဲ့အကြောင်းအရာကတော့ အထက်မှာဆိုခဲ့တဲ့ သတင်းမီဒီယာကြီးတွေမှာရေးသားထားခြင်းမရှိခဲ့ပါဘူး။ အများအားဖြင့် သတင်းမီဒီယာအယောင်ဆောင်ထားတဲ့ လူပြိန်းကြိုက်အကြောင်းအရာတွေ တင်ဆက်နေတဲ့ဝဘ်ဆိုက်တချို့ကနေသာထွက်ပေါ်နေတာဖြစ်ပါတယ်။

    စာအရေးအသား

    ယေဘူယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရေးသားပြောဆိုတဲ့အကြောင်းအရာတွေကို ပုံမှန်ဖတ်ရှုလေ့ရှိသူတွေအနေနဲ့ဆိုရင်တော့ ဒီအကြောင်းအရာဟာ၊ ဆင်တူယိုးမှားရေးသားထားတဲ့အကြောင်းအရာဖြစ်မှန်းခန့်မှန်းနိုင်ပါတယ်။သူမရဲ့ Page ကနေ ကိုဗစ်ကာလမှာပြောဆိုခဲ့တဲ့ပြောစကား၊ စာအရေးအသားပုံစံတွေဟာ ကျိုးကြောင်းစပ်ဆက်မှု စီလျော်မှုရှိတဲ့အပြင်စကားလုံး အသုံးအနှုန်းတွေ တိကျပြေပြစ်ပါတယ်။ ယခုပျံ့နှံ့နေတဲ့ပို့စ်မှာတော့ အထက်ပါအချက်တွေနဲ့ ကွဲလွဲနေတဲ့စကားလုံးအသုံးအနှံးနဲ့ အရေးအသားတွေပါဝင်နေသလို၊ ဒီအကြောင်းအရာတစ်ခုလုံးကို ခြုံကြည့်ရင်လည်း ယုန်လေးနဲ့ပတ်သက်လို့ ချီးကျူးပြောဆိုသယောင် ရေးသားမှုမျိူးတွေ့ရပါတယ်။ အထက်ပါပုံစံအရေးအသားကို မကြာသေးခင်က ပျံ့နှံ့ခဲ့တဲ့ မှာလည်းတွေ့ရပါတယ်။

    အဲ့ဒီအပြင် နောက်ထပ်ဆန်းစစ်တွေ့ရှိတာက စကားလုံးအသုံအနှုန်းတွေဖြစ်ပါတယ်။ သတင်းအတုမှာပါဝင်တဲ့ ဒီစကားစုတွေကိုဆက်ပြီးလေ့လာရအောင်။

    "ကာချုပ်ရယ် ကျမရယ် ပြီးတော့ ဦးသန်းဌေးရယ် အားလုံးဟာ လူတွေပါပဲ"

    ဒီစာကြောင်းမှာပါတဲ့ ကာချုပ်ဆိုတဲ့အသုံးအနှုန်းက အရပ်သားအခေါ်အဝေါ်ဖြစ်ပြီး၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုရေးသားမှုတွေမှာသုံးနှုန်းလေ့မရှိပါဘူး။

    ဒီစာကြောင်းကိုလည်း ဆက်ကြည့်ရအောင်ပါ။

    "နောက်နောင်အဆိုတော်တွေလည်း အဆိုတော်ယုန်လေးလို တိုင်းပြု ပြည်ပြု သီးချင်တွေ တိုင်းပြည်လူမျိုးအတွက် အကျိုးသက်ရောက်မှုရှိတဲ့ သီချင်းတွေ ဆိုနိုင်ကြပါစေလို့ အမေဆုတောင်းလိုက်ပါတယ်"

    ဒေါ်အောင်ဆန်းစုကြည်ရေးသားပြောဆိုတဲ့ ပို့စ်တွေအကြောင်းအရာတွေမှာ သူမကိုယ်သူမ "အမေ" ဆိုတဲ့အသုံးအနှုန်းကို ထည့်သွင်းပြောဆို၊ ရေးသားတာမျိူးမရှိပါဘူး။ သူမကိုချစ်ခင်သူတွေက ရေးသားသုံးနှုန်းတဲ့အခါတွေမှာသာ ပါရှိတဲ့စကားစုမျိူးဖြစ်ပါတယ်။ဒါကြောင့်အထက်ပါစာပိုဒ်မှာပါတဲ့ အမေဆုတောင်းပေးလိုက်ပါတယ် ဆိုတဲ့စကားစုဟာလည်း မှားယွင်းသုံးနှုန်းထားတာမျိူးဖြစ်ပါတယ်။

    ဒီအကြောင်းအရာကိုနောက်ဆုံးစိစစ်ဖို့ NLD နဲ့ပတ်သက်တဲ့သတင်းအမှားတွေကို ပုံမှန်ဖြေကြာ ပေးနေကျကိုနေဘုန်းလတ်ကိုထပ်မံဆက်သွယ်ထားပါသေးတယ်။

    အခုလို ဖြန့်ဝေထားတာတွေနဲ့ ပက်သက်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်က "အန်တီက အခု တရားဝင် စာမျက်နှာတွေလည်း သုံးနေပြီ။ တရားဝင် ပြောတယ်ဆိုရင်လည်း အဲ့ဒီက ပြောမှာပေါ့နော်။ အခုဟာက အဲ့လို မဟုတ်ဘဲနဲ့ ဘယ်ကမှန်း မသိဘဲနဲ့ တက်လာတဲ့ဟာမျိုးတွေပေါ့။ ကျနော်သိသလောက်က ဘယ်မှာမှ ပြောထားတာ မတွေ့ရဘူး" လို့ ဆိုပါတယ်။

    အဆိုပါ Video ခဲ့တဲ့ YouTube အကောင့်ဟာ Subscribe များအောင် လူအများစိတ်ဝင်စားမယ့် သတင်းအမှားတွေ ဖြန့်ဝေပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ပြီး စီးပွားရှာနေတဲ့ YouTube Channel တစ်ခု ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake NewsDaw Aung San Suu Kyi's commentYone Lay's MTVသတင်းအတုယုန်လေး MTVဒေါ်အောင်ဆန်းစုကြည်မှတ်ချက်
    Read Full Article
    Claim :   YouTube အကောင့်တွေမှာ တင်ထားတဲ့ အဆိုတော် ယုန်လေးရဲ့ Music Video ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မှတ်ချက် ပေးခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!