BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အမီးရ်ခန်းက...
      သတင်းအတု

      အမီးရ်ခန်းက ဂျုံအိတ်တွေထဲထည့်ထားတဲ့ငွေတွေ မလှူခဲ့ပါဘူး

      ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ PK မင်းသားလို့ လူသိများတဲ့ အမီးရ်ခန်းဟာ ဂျုံအိတ်တွေကြား ရူပီး ၁ သောင်းခန့် ထည့်ပြီး လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ပျံနှံ့ နေပါတယ်။

      By - Boom Live Myanmar | 5 May 2020 11:58 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • အမီးရ်ခန်းက ဂျုံအိတ်တွေထဲထည့်ထားတဲ့ငွေတွေ မလှူခဲ့ပါဘူး

      အဆိုပါ သတင်းဟာ မြန်မာနိုင်ငံတင်မက တခြားနိုင်ငံတွေထိပါ ပျံနှံ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းအတုဟာ မြန်မာနိုင်ငံမှာ ဧပြီလ ၂၀ ကျော်လောက်ထဲက စတင်ခဲ့တာ ဖြစ်ပါတယ်။

      ဒီသတင်းအတုထဲမှာ "Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဒေလီမြို့ပေါ်မှအ ခက်ခဲရှိတဲ့သူတွေအတွက်ဂျုံအိပ်တွေများစွာထုတ်ပိုးထားပြီးလာယူစေခဲ့ပါတယ်...အချို့တွေက "ဒီလောက်ချမ်းသာတာဂျုံမုန့်ပဲပေးစရာလားတဲ့? " ဒါကြောင့်သွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ပါတယ် ။

      စိတ်ဝင်စားစရာလေးတစ်ခုကတော့......အတော်လေးကို ဒုက္ခရောက်နေတဲ့သူတွေကတော့ သွားယူပြီးအိမ် ပြန်ရောက်လို့ မုန့်လုပ်ဖို့အိပ်ဖွင့်လိုက်ချိန်မှာ (အိပ်ထဲမှဂျုံမုန့်အကြား) ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်)သေချာစွာထည့်ထားပေးတာကိုဂျုံအိပ်သွား ယူသူတွေရရှိသွားခဲ့ပါတယ် !ဘာကြောင့်အဲ့ဒီလိုလုပ်တာလဲမေးတော့ "တကယ်ကိုလိုအပ်သူတွေရ စေချင်တာပါတဲ့" လို့ ရေးသားထားပါတယ်။

      ဒီသတင်းကို ဖေ့စ်ဘွတ် အကောင့်ပေါင်း များစွာက တဆင့်ပြန်တင်ခဲ့ကြသလို တချို့ ဝက်(ဘ်)ဆိုဒ်တွေကလည်း ပြန်တင်ခဲ့ကြပါတယ်။ ဒီသတင်းဟာ Twitter တွေ၊ ဖေ့စ်ဘွတ်တွေ၊ Youtube အထိပါ ပျံနှံ့ခဲ့ပြီး လူပေါင်း ၁ သိန်းကျော်က ဒီသတင်းကို တဆင့် ပြန်လည် ဝေမျှခဲ့ကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ဘောလိဝုဒ် သရုပ်ဆောင် မင်းသားကြီး အမီးရ်ခန်း က ဂျုံအိတ်တွေကြားမှာ India နိုင်ငံသုံး ရူပီးငွေ ၁ သောင်း (ကာလတန်ဖိုး မြန်မာငွေ ၁၈၅၄၀၀/-) ခန့် လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

      ဒီလို ကောလဟာလတွေပြန့်နေတာနဲ့ ပက်သက်ပြီး မေလ ၄ ရက်နေ့ မနက် ၁၁ နာရီ ခန့် (မြန်မာစံတော်ချိန်) ခန့်မှာ ဘောလိဝုဒ် နာမည်ကျော်သရုပ်ဆောင် အမီးရ်ခန်းက သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ဂျုံအိတ်တွေထဲ ပိုက်ဆံထည့်ပြီး လှူတာ သူမဟုတ်ဘူးလို့ ရေးသားခဲ့ပါတယ်။ ဒါတွေဟာ သတင်းအတုတွေသာဖြစ်တယ်လို့ ၎င်းရဲ့ တွစ်တာ tweet မှာ ရေးသားခဲ့ပါတယ်။

      ဘောလိဝုဒ် နာမည်ကျော် သရုပ်ဆောင် အမီးရ်ခန်း ဂျုံအိတ်တွေထဲ ပိုက်ဆံတွေ ထည့်ပြီး လှူဒါန်းခဲ့တယ်ဆိုတာ သတင်းအတု သက်သက်သာ ဖြစ်ပါတယ်။

      Tags

      fake news donation money in wheat bags Aamir Khan 
      Read Full Article
      Claim :   နာမည်ကျော် ဘော်လိဝုဒ်သရုပ်ဆောင် အမီးရ်ခန်း က ဂျုံအိတ်တွေထဲ India ငွေကြေး ရူပီး ၁ သောင်း ထည့်ပြီး လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းအတုကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
      Claimed By :  Facebook, Twitter
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!