BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွေက...
သတင်းအတု

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွေက ဆရာဝန်တွေနေရာမှာ တာဝန်ယူသယောင်ဖြန့်ဝေတဲ့အကြောင်းအရာ

တပ်မတော်မှ အာဏသိမ်းပြီးနောက်ပိုင်း လူမှုမီဒီယာတွေပေါ်မှာ Civil Disobedience လှုပ်ရှားမှုအဖြစ် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတဲ့အပေါ် တပ်မတော်ဆေးအဖွဲ့ကလစ်ဟသွားတဲ့ဆရာဝန်တွေနေရာမှာတာဝန်ယူယူသယောင်ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  3 Feb 2021 6:07 PM IST
  • တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွေက ဆရာဝန်တွေနေရာမှာ တာဝန်ယူသယောင်ဖြန့်ဝေတဲ့အကြောင်းအရာ

    ဒီဖြန့်ဝေမှုကို Mike Bobo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ အကောင့်ဖျက်သွားတာ ဖြစ်ပေမယ့် သူ့ရဲ့ဖြန့်ဝေမှုကို screen shot ရိုက်ကာ ပြန်လည်ဖြန့်ဝေမှုတွေ ရှိနေပါသေးတယ်။

    ဖြန့်ဝေရာမှာ "ကျွန်ုပ်တို့သည် Tamadaw ဆေးအဖွဲ့သည် ကျွန်ုပ်တို့၏လူမျိုးနှင့်ကျွန်ုပ်တို့၏တိုင်းပြည်ကို သင်မပါဘဲဂရုစိုက်ရန် အဆင်သင့်ဖြစ်သည်။ ဂရုမစိုက်ပါနဲ့" ဆိုပြီး ယခင်က ပုံအဟောင်းကို အသုံးပြုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    တပ်မတော်မှ အာဏသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်သုံးစွဲသူ အများက သူတို့ရဲ့ အကောင့်တွေပေါ်မှာ Civil Disobedience လှုပ်ရှားမှုအနေနဲ့ "Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ဝန်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်များနှင့် အခြား‌သော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။" ဆိုတဲ့ စာတွေကို ရေးသားဖြန့်ဝေကာ ဆန္ဒထုတ်နေကြတာ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေရာမှာ အသုံးပြုနေတဲ့ ပုံတွေနဲ့ ပါတ်သတ်ပြီး တချို့ဖေစ့်ဘွတ်အသုံးပြုသူတွေက သတင်းမှားသာဖြစ်ကြောင်း၊ ဓါတ်ပုံ အဟောင်းတွေဖြစ်ကြောင်း အသိပေးရေးသားထားတာတွေလည်း ရှိပါတယ်။

    သူတို့ ရေးသားထားတဲ့အထဲက ပေးထားတဲ့ လင့်တွေမှာ ဝင်ရောက်ကြည့်ရှု့ရာမှာတော့ ဒီဓါတ်ပုံတွေဟာ တပ်မတော်ဆေးဘက်ဆိုင်ရာအကယ်ဒမီ (Defence Services Medical Academy) ရဲ့ တတရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်က ဖော်ပြထားတဲ့ "ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး က တပ်မတော်ဆေးတက္ကသိုလ် ၌ တွေ့ဆုံ" ဆိုတဲ့ ပိုစ့်မှာ ပါဝင်တဲ့ ပုံတွေဖြစ်ပါတယ်။


    Defense Services Medical Academy ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Defense Medical Servicesတပ်မတော်မှ အာဏသိမ်Military CoupCivil DisobedienceMovementတပ်မတော်ဆေးအဖွဲ့ပြည်သူ့ဝန်ထမ်း ဆရာဝန်များ
    Read Full Article
    Claim :   တပ်မတော်မှ အာဏသိမ်းပြီးနောက်ပိုင်း လူမှုမီဒီယာတွေပေါ်မှာ Civil Disobedience လှုပ်ရှားမှုအဖြစ် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတဲ့အပေါ် တပ်မတော်ဆေးအဖွဲ့က ဂရုမစိုက်ကြောင်း ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး ဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!