BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တိုင်တန်းနစ်သင်္ဘောနဲ့ ဆက်နွယ်ပြီး...
သတင်းအတု

တိုင်တန်းနစ်သင်္ဘောနဲ့ ဆက်နွယ်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှားတွေ

တိုင်တန်းနစ်သင်္ဘောနဲ့ ပက်သက်ပြီး အမျိုးမျိုး ဖြန့်ဝေနေတဲ့ ဒဏ္ဍာရီတွေထဲက မှားယွင်းနေတဲ့ အချက်အလက်တွေကို သတင်းဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar |
Published -  29 Jun 2023 6:53 AM IST
  • တိုင်တန်းနစ်သင်္ဘောနဲ့ ဆက်နွယ်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှားတွေ

    ဒီအကြောင်းအရာကို အလင်္ကာ - Alinkar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပင်လယ်ပြင်ကို ကျိန်စာတိုက်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကြီးရဲ့ ခြောက်ခြားဖွယ် အချက် ၇ ချက်’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်စစ်ချက်

    ၁. သင်္ဘောနစ်မြုပ်မယ်လို့ ကြိုတင်နမိတ်ဖတ်သူ

    နောင်တချိန်မှာ သန်းကြွယ်သူဌေးတွေ လိုက်ပါလာမယ့် ဧရာမသင်္ဘောကြီး တစ်စင်းဟာ ပင်လယ်ပြင်မှာ နစ်မြုပ်ဦးမယ်လို့ ခန့်မှန်းထားကြောင်းနဲ့ 'The Wreck of the Titan' အမည်ရတဲ့ စာအုပ်ကို သင်္ဘောမနစ်မြုပ်မီ ၁၄ နှစ်အလိုမှာ ထုတ်ဝေခဲ့တဲ့ Morgan Robertson အကြောင်း ပြောဆိုထားတာပါ။


    မော်ဂန် ရောဘတ်ဆန်က သူ့ရဲ့ သင်္ဘောသားအတွေ့အကြုံကို အခြေခံပြီး ဒီစာအုပ်ကို ရေးတယ်လို့ ပြောဆိုထားပါတယ်။ ဒီဇာတ်လမ်းဟာ မြောက်အတ္တလန္တိတ်က ရေခဲတောင်တစ်ခုအား တိုက်မိပြီး နစ်မြုပ်သွားတဲ့ သင်္ဘောအကြောင်း စိတ်ကူးယဉ် ဇာတ်လမ်းဆင်ထားတာပါ။

    တိုက်တန်းနစ် သင်္ဘောနစ်မြုပ်ပြီးနောက် စာအုပ်ကို ပြန်လည်ထုတ်ဝေခဲ့ရာမှာ ရောဘတ်ဆန်ကို အမြင်အာရုံရှိသူတစ်ဦးအဖြစ် ထင်ကြေးပေးကြပေမယ့် သူကတော့ သူ့အနေနဲ့ ပင်လယ်ရေကြောင်းနဲ့ ပက်သက်ပြီး သူ့ရဲ့ အတွေ့အကြုံကို ဒီလိုပဲ ရေးလိုက်တာပါလို့ ဆိုထားပါတယ်။

    ဒီအကြောင်းကို Business Insider သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ၂. ကျိန်စာသင့် မံမီ

    အီဂျစ်နိုင်ငံက ကျိန်စာသင့် မံမီရုပ်အလောင်း 'အမန်ရာ 'Amen Ra' ကို သယ်လာတဲ့အတွက် သင်္ဘောမှောက်တယ်လို့ ဆိုထားပါတယ်။

    ဒီအကြောင်းနဲ့ ပက်သက်ပြီး သတင်းဆန်းစစ်ချက်တွေ ရေးသားဖော်ပြတဲ့ Snopes သတင်းဌာနမှာ ဒါဟာ ဇာတ်လမ်း တစ်ခုသာဖြစ်ပြီး တိုင်တန်းနစ်သင်္ဘောမှာ ဒီလို မံမီသယ်ဆောင်လာခဲ့တာ မရှိကြောင်း၊ တိုက်တန်းနစ်သင်္ဘော သမိုင်းဆိုင်ရာ အဖွဲ့အစည်းဥက္ကဋ္ဌ Charles Haas က ၁၉၈၅ ခုနှစ်မှာ သင်္ဘောရဲ့ ကုန်တင်စာရင်းနဲ့ ကုန်တင်ပုံတွေကို ကြည့်ခွင့်ရခဲ့ တာမှာ မံမီရုပ်အလောင်း သယ်ဆောင်တယ်ဆိုတဲ့ စာရင်းမတွေ့ရှိခဲ့ရကြောင်း၊ အမှန်တကယ်မှာလည်း ဒါဟာ မံမီရုပ်အလောင်းတစ်ခုမဟုတ်ပဲ ဆေးခြယ် ထားတဲ့ သစ်သားအချပ်ပြားတစ်ခု (သို့မဟုတ်) ခေါင်းတလားအဖုံး အတွင်းပိုင်းတစ်ခုသာဖြစ်ပြီးကြောင်းနဲ့ ဒီကျိန်စာသင့်တယ်ဆိုတဲ့ ခေါင်းတလားဖုံးဟာ တိုင်တန်းနစ် မနစ်မြုပ်ခင်ကတည်းက ဗြိတိသျှပြတိုက်ထဲမှာသာ ရှိပြီး ဘယ်မှာ မသွားခဲ့ကြောင်း ရေးသားဖော်ပြ ထားပါတယ်။

    Spones သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဆန်းစစ်မှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ၃. အင်္ကျီအမဲဝတ် အမျိုးသမီး

    တိုင်တန်းနစ်သင်္ဘော အပျက်အစီးတွေကို မှတ်တမ်းအနေနဲ့ ပြသတဲ့ ပွဲတစ်ခုမှာ တကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားပြီး အဖြူရောင် ဇာပုဝါတစ်ထည် ခြုံထားတဲ့ အမျိုးသမီးတစ်ဦးကို ဓာတ်ပုံဆရာက သတိထားမိပြီး ဓာတ်ပုံရိုက်ဘို့ နောက်က လိုက်သွားချိန်မှာ အမျိုးသမီးက သူ့ဆီတည့်တည့်ဝင်လာပြီး အနားမှာ ပျောက်သွားတယ်လို့ ဆိုပါတယ်။

    ဒီအဖြစ်အပျက်ဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့လား မဖြစ်ပျက်ခဲ့ဘူးလား ဘယ်သူမှ မသိနိုင်ပေမယ့် အခုဖြန့်ဝေထားတဲ့ ဗွီဒီယို ထဲမှာတော့ ဝတ်စုံအနက် ဝတ်ဆင်ထားတဲ့ အမျိုးသမီးပုံကို ဖော်ပြထားပါတယ်။

    ဒီဓာတ်ပုံကို BOOM အနေက Google မှာ ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ၂၀၁၆ ခုနှစ်အတွင်းက မီဒီယာ အများအပြားမှာ ဖော်ပြ ထားတဲ့ ဟူစတန် အမျိုးသားတစ်ဦး ကော်လိုရာဒိုပြည်နယ်က 'The Shining' ဆိုတဲ့ ဟိုတယ်မှာ ဝိဉာဉ်ပုံ အမှတ်တမဲ့ ရိုက်ယူမိတယ် ဆိုတဲ့ သတင်းက ပုံဖြစ်တာ တွေ့ရပါတယ်။


    ဒီဓာတ်ပုံအကြောင်းကို The Global News၊The Telegraph၊ The Daily Mail နဲ့ အခြားသတင်းမီဒီယာ အများအပြားမှာ ဖော်ပြ ထားပါတယ်။ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ၄. မကျွတ်လွတ်တဲ့ Frederick Fleet ရဲ့ ဝိဉာဉ်


    တိုင်တန်းနစ်သင်္ဘော နစ်မြုပ်မှုမှာ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ဖြစ်တဲ့ Frederick Fleet ဟာ သူ့အမျိုးသမီး သေဆုံးပြီး နှစ်ပတ်အကြာ ၁၉၆၅ ခုနှစ် ဇန်နဝါရီလထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာပါ။ သူနဲ့ သိကျွမ်းသူအများအပြားက သူဟာ တိုင်တန်းနစ်ဖြစ်စဉ်မှာ အသက်ဆုံးသူ အများအပြားထဲကမှ အသက်ရှင်ကျန်ရစ်ခဲ့တဲ့အပေါ် အပြစ်ရှိသလိုခံစားနေတယ်လို့ ပြောဆိုကြတာရှိပေမယ့် သေဆုံးပြီး မကျွတ်မလွတ်တဲ့ ဘဝနဲ့ သူ့ကို တွေ့တယ်ဆိုတာတွေဟာ သက်သေအထောက်အထားမရှိပါဘူး။

    သူ့အကြောင်းကို ယူကေနိုင်ငံရဲ့ The National Archives မှာ ဖော်ပြထားပြီး ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ၅. ပုပ်ရဟန်းမင်းကြီး အလိုမရှိ

    တိုင်တန်းနစ်သင်္ဘော စပြီး ဆောက်လုပ်ချိန်မှာ သင်္ဘောကိုယ်ထည်နံပါတ် ရေးမှတ်ထားပြီး အဆိုပါနံပါတ်က နောင်တစ်ချိန်မှာ သင်္ဘောကြီး နစ်မြုပ်စေဘို့ နိမိတ်တစ်ခုဖြစ်ခဲ့သလား။

    နံပါတ် 3909 04 လို့ ရေးသားထားတဲ့ ကိုယ်ထည်နံပါတ်ကို မှန်ထဲမှာ ကြည့်ရှု့ပါက ပြောင်းပြန်မြင်ရတဲ့ အနေအထားမှာ ပုပ်ရဟန်း မင်းကြီး အလိုမရှိ 'No Pope' ဆိုတဲ့ စာတမ်းကို တွေ့ရမှာပါလို့ ဆိုထားပါတယ်။


    ဒီအကြောင်းနဲ့ ပက်သက်ပြီး သတင်းဆန်းစစ်ချက်တွေ ရေးသားဖော်ပြတဲ့ Snopes သတင်းဌာနမှာ ၂၀၀၀ ခုနှစ်ကတည်းက ဖော်ပြ ထားတဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာက တိုင်တန်းနစ်သင်္ဘောရဲ့ ကိုယ်ထည်နံပါတ်ဟာ 401 ဖြစ်ပြီး ကုန်သွယ်မှုဘုတ်အဖွဲ့ မှတ်ပုံတင်နံပါတ် 131,428 ဖြစ်တဲ့ အတွက် အခုဆိုထားတဲ့ ‘No Pope’ ဆိုတဲ့ စကားနဲ့ ဆက်စပ်မှု မရှိကြောင်းနဲ့ ဒါဟာ မှားယွင်းကြောင်း ရေးသားထားပါတယ်။

    Spones သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဆန်းစစ်မှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ၆. မနစ်မြုပ်နိုင်တဲ့ သင်္ဘော

    တိုင်တန်းနစ်သင်္ဘောကြီးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Joseph Bruce Ismay က သင်္ဘောကြီး စတည်ဆောက်စဉ်မှာ လူတွေ စိတ်ဝင်စားအောင် ဘာအန္တရာယ်နဲ့ပဲ ကြုံကြုံ ဘယ်တော့မှ မနစ်မြုပ်တဲ့ သင်္ဘောကြီးလို့ ကြွေးကျော် ဆောက်လုပ်ခဲ့တယ်လို့ ရေးသား ထားပါတယ်။ ပြီးတော့ သူဟာ သင်္ဘောမြုပ်ချိန်မှာလည်း ကလေးနဲ့ အမျိုးသမီးတွေကို ချန်ထားခဲ့ပြီး အသက်ကယ်လှေနဲ့ တကိုယ်ကောင်း ဆန်စွာ ရုန်းထွက်ခဲ့တယ်လို့ ဆိုထားပါတယ်။

    ဒီအချက်ဟာလည်း မှားယွင်းတဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။

    နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကမရွန်ရဲ့ တိုင်တန်းနစ်ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးရဲ့ မိခင်က ဆောက်သမ်တန်ရှိ သင်္ဘောကျင်းကနေ သင်္ဘောကြီးကို မျှော်ကြည့်ပြီး 'ဒါဆို ဒါက မနစ်မြုပ်နိုင်တဲ့ သင်္ဘောပဲ' လို့ မှတ်ချက်ချခဲ့တဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြမှာပါ။ ဒီဇာတ်ဝင်ခန်းကြောင့်ပဲ တိုင်တန်းနစ် သင်္ဘောကြီးက မနစ်မြုပ်နိုင်တဲ့ သင်္ဘောဆိုတဲ့ ကောလဟလ စတင်ဖြစ်ပေါ်လာတာဖြစ်နိုင်တယ်လို့ Kings College London မှ Richard Howells က ပြန်လည်ပြောဆိုထားတယ်လို့ 'တိုင်တန်းနစ်သင်္ဘော' နဲ့ ပက်သက်တဲ့ ဒဏ္ဍာရီတွေအကြောင်း ရေးသားဖော်ပြထားတဲ့ ဘီဘီစီ သတင်းဌာနရဲ့ ဆောင်းပါးမှာ ဖော်ပြ ထားပါတယ်။

    ဆောင်းပါးထဲမှာ သင်္ဘောတည်ဆောင်ခဲ့တဲ့ White Star Line အနေနဲ့ ဒီလိုပြောဆိုခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေ အထောက်အထား မရှိဘူးလို့ ဟောင်ဝယ်လ်က တုန့်ပြန်ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

    ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။


    ဒါ့အပြင် တိုင်တန်းနစ်သင်္ဘောနဲ့ ပက်သက်တဲ့ ဒဏ္ဍာရီ ၇ ချက်ကို သတင်းဆန်းစစ်ထားတဲ့ The Vintage News ဆိုတဲ့ သတင်းဌာနရဲ့ သတင်းမှာလည်း White Star Line ရဲ့ ဒုဥက္ကဌ Phillip Franklin က ‘တိုင်တန်းနစ်ဟာ မနစ်မြုပ်နိုင်တဲ့ သင်္ဘောဆိုတဲ့ အကြောင်းကို အကြိမ်ကြိမ် ကြားနေရကြောင်း၊ ယေဘုယျအနေနဲ့ တိုင်တန်းနစ်သင်္ဘောဟာ နစ်မြုပ်နိုင်တဲ့ အန္တရာယ်မရှိဘူးလို့ ယူဆကြတဲ့အတွက် ဒီအကြောင်းကို ယုံကြည်ကြတာ ဖြစ်ကြောင်း၊ ဒါပေမယ့် တိုင်တန်းနစ်ဟာ မနစ်မြုပ်နိုင်ဘူးလို့ White Star က ဝန်ထမ်းတစ်ဦးက တရားဝင်ပြောတဲ့ဆိုတဲ့ သက်သေမရှိပါဘူး’ လို့ ပြောထားတဲ့ အကြောင်း ရေးသားဖော်ပြထားပါတယ်။

    The Vintage News သတင်းဌာနမှာ ဖော်ပြထားထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    သဘာဝလွန်နည်းပညာသိပ္ပံTitanic7 Myths about Titanicဒဏ္ဍာရီမံမီရုပ်အလောင်းNo PopeUnsinkableမနစ်မြုပ်နိုင်တဲ့ သင်္ဘော
    Read Full Article
    Claim :   တိုင်တန်းနစ်သင်္ဘောနဲ့ ပက်သက်ပြီး အမျိုးမျိုး ဖြန့်ဝေနေတဲ့ ဒဏ္ဍာရီတွေထဲက မှားယွင်းနေတဲ့ အချက်အလက်တွေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!