BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖားကန့်မှာ ကိုရိုနာကြောင့်...
သတင်းအတု

ဖားကန့်မှာ ကိုရိုနာကြောင့် လူအယောက်လေးဆယ်ခန့်သေဆုံးတယ်ဆိုတာမဟုတ်ပါဘူး

ဖားကန့် ဆိတ်မူရွာမှာ ကိုရိုနာ ရောဂါကြောင့် လူအယောက်(၄ဝ) ခန့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှား သက်သက်ပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 March 2020 10:06 AM IST
  • 40 people were killed in Kokang in Hpakant

    ဒီသတင်းထဲမှာ ကချင်ပြည်နယ် ဖားကန့် ဆိတ်မူရွာမှာ ရောဂါဖြစ်ပွားသူ (၅၈) ဦးကို သီးသန့်ခွဲထုတ်ထားပြီး အယောက် (၄ဝ) သေဆုံးသွားတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် သေဆုံးသွားသူတွေကို မိုးကာပါတ်ပြီး မီးသင်္ဂြ ိုလ် လိုက်တယ်လို့ ရေးသားထားပါတယ်။ အဲ့ဒီအပြင် သေဆုံးသူတွေဟာ ဖားကန့်မှာ ကျောက်လာဝယ်တဲ့ တရုတ်လူမျိုးတွေဆီက ရောဂါကူးဆက်ခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

    ဒီသတင်းကို Natural For Food ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်ကမှာ ရေးသားထားတာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်အတုတွေနဲ့တဆင့်ပြန်လည်ဝေမျှ နေဆဲပါတယ်။

    တကယ်တော့ ဒီသတင်းထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံဟာ ၂ဝ၁၈ ခုနှစ် ဇူလှိုင်လက ၁၄ ရက်နေ့က ကချင်ပြည်နယ် ဖားကန့် မှာ မြေပြိုကျစဉ်က သတင်းဓါတ်ပုံကို ထင်ယောင်ထင်မှားဖြစ်အောင် ယူသုံးထားတာ ဖြစ်ပါတယ်။မြေသားပြိုကျခဲ့စဉ်က သတင်းဓါတ်ပုံကို အသုံးပြုပြီး အဆိုပါ ဝက်(ဘ်)ဆိုက်က သတင်းအမှား ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။

    သတင်းနဲ့ပတ်သက်ပြီး Boom Myanmar အဖွဲ့က ဒီသတင်းနဲ့ပတ်သက်တဲ့ မူရင်း အရင်းမြစ်တွေကို လေ့လာတဲ့အခါမှာ တကယ်တော့ သတင်းထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံဟာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မှာ လုံးခင်းကျေးအုပ်စု ဆန်ခါမှော်မှာ ကျောက်တူးဖော်ရေး လုပ်နေတဲ့ အချိန် မြေသားပြိုကျလို့ ကနဦး သေဆုံးသူ ၁၇ ဦး ရဲ့ သတင်းဓါတ်ပုံပဲ ဖြစ်ပါတယ်။

    ဖားကန့်၊ ဆန်ခါမှော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က မြေသားပြိုကျခဲ့တဲ့ Video ကို ဒီ Link မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားတင်ခဲ့တဲ့ Natural For Food ဝက်(ဘ်)ဆိုဒ်ဟာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသလိုတခြားသတင်းမီဒီယာက သတင်းတွေ၊ သတင်းဓါတ်ပုံတွေ ခိုးယူ သုံးစွဲနေတဲ့ ဝက်(ဘ်)ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။

    လက်ရှိ ဒီသတင်းရေးသားချိန် မတ်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံမှာ Covid-19 ရောဂါပိုး တွေ့ရှိသူ ၅ဦး အထိ ရှိနေပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကလည်း Covid-19 ရောဂါပိုး အကြောင်းကို နေ့စဉ် ထုတ်ပြန်ပေးနေပါတယ်။

    ကျန်မာရေးဝန်ကြီးဌာနရဲ့ ကိုရိုနာနဲ့ ပက်သတ်တဲ့ သတင်းထုတ်ပြန်ချက်တွေ ဒီ link မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    PhakantMyanmar Jade MineDead BodyCoronavirusCOVID-19
    Read Full Article
    Claim :   တကယ်တော့ ဒီသတင်းထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံဟာ ၂ဝ၁၈ ခုနှစ် ဇူလှိုင်လက ၁၄ ရက်နေ့က ကချင်ပြည်နယ် ဖားကန့် မှာ မြေပြိုကျစဉ်က သတင်းဓါတ်ပုံကို ထင်ယောင်ထင်မှားဖြစ်အောင် ယူသုံးထားတာ ဖြစ်ပါတယ်။
    Claimed By :  Natural For Food, Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!