BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

အချမ်းသာဆုံးနိုင်ငံရေးခေါင်းဆောင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်သလား

ကမ္ဘာအချမ်းသာဆုံး နိုင်ငံရေးသမား (၁၉)ဦးစာရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နံပါတ် ၆ အဆင့်ရှိတယ်ဆိုပြီးရေးသားဖြန့်ဝေမှုတွေ လူမှုကွန်ရက်မှာပျံ့နှံ့လျက်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တကယ်ပဲအချမ်းသာဆုံးစာရင်းဝင်ဖြစ်နေသလားကြည့်ရအောင်ပါ။

By - Boom Live Myanmar |
Published -  19 Nov 2020 3:51 PM IST
  • အချမ်းသာဆုံးနိုင်ငံရေးခေါင်းဆောင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်သလား

    ဒီအကြောင်းအရာဟာ RVCJ ဆိုတဲ့ India နိုင်ငံအခြေစိုက် ဝက်ဘ်ဆိုက်မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ရေးသားဖော်ပြထားတဲ့ အကြောင်းအရာဖြစ်ပြီး အဆိုပါဆောင်းပါးကို ဘာသာပြန်ကာ ပြန်လည်ကူးယူဖော်ပြလာတာဖြစ်ပါတယ်။

    ဒီအကြောင်းအရာဟာ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ နောက်ပိုင်းမှ စတင်ကာ လူမှုမီဒီယာတွေပေါ်မှာ တွေ့ရှိလာရတာပဲ ဖြစ်ပါတယ်။ရေးသားဖြန့်ဝေရာမှာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ပုံကို သုံးကာ ဝေဖန်ရေးသားနေကြတာပဲ ဖြစ်ပါတယ်။

    RVCJ ရဲ့ ဖော်ပြချက်မှာ "နိုင်ငံရေးဟာ ဘာလို့အကောင်းဆုံးဝင်ငွေရအလုပ်ဖြစ်သလဲဆိုတာ ဒီကမ္ဘာ့ခေါင်းဆောင် ၁၉ ယောက်ရဲ့ ကြွယ်ဝမှုက သက်သေပဲ" ဆိုပြီး ရေးသားခဲ့တာပါ။ ရေးသားမှုမှာ ပါဝင်တဲ့ ခေါင်းဆောင် ၁၉ ဦးမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် မှစပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဟီလာရီကလင်တန်၊ ပုပ်ရဟန်းမင်းကြီးနဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင် အထိပါ နေပါတယ်။

    RVCJ က ဖော်ပြခဲ့မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    RVCJ က ဖော်ပြမှုကို နိုဝင်ဘာလ ၁၀ နောက်ပိုင်းမှ စပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေရာမှာ "ကမ္ဘာအချမ်းသာဆုံး နိုင်ငံရေးသမား (၁၉)ဦးစာရင်းမှာ မေမေဟာ နံပါတ်ခြောက်အဆင့် ချိတ်နိုင်ခဲ့တာ တနိုင်ငံလုံး ဂုဏ်ယူသင့်ပါတယ်.။"

    "အဆင့် (6)တဲ့.. ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောကြမလဲ။ တိုင်းပြည်က အကြွေး ဘီလီယံရှိပြီး ချာတူးလန်နေတာ မေမေက ချမ်းသာတာ စဉ်းစားပေါ့။ ဒေါ်စု ဘယ်က ဘယ်လို သဒ္ဒါ ကြေးတွေရထားတာလဲ တန်စိုးလက်ဆောင်တွေလား။ ကမ္ဘာအချမ်းသာဆုံးနိုင်ငံရေးသမား ၁၉.ဦးစာရင်းမှာ ဒေါ်စု နံပါတ်ခြောက်အဆင့်ချိတ်နေတာရိုးသားမှုရှိရဲ့လား။ တကမ္ဘာလုံးတင်မက အာရှတင်မက အရှေ့တောင်အာရှအဆင်းရဲဆုံးနိုင်ငံမှာ လူဖြစ်နေရပေမယ့်..ဒေါ်စုက အဆင့် 6 ရောက်နေခဲ့ပါတယ်။" စတဲ့ ရေးသားချက်တွေနဲ့ ဖြန့်ဝေနေတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းဟာ သာမာန်ကြည့်ရုံနဲ့ ဒါဟာ သတင်းမှန်လား မှားလား သိနိုင်တဲ့ အကြောင်းအရာဖြစ်ပေမယ့် သက်သေနဲ့ တကွတင်ပြရပါက ဒီလိုအချက်အလက်တွေနဲ့ပတ်သက်ရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနဖြစ်တဲ့ Forbes သတင်းဌာနမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖော်ပြထားတဲ့ သတင်းကိုကြည့်ရင် ဆယ်စုနှစ်အတွင်းရှိ ဘီလီယံနာ နိုင်ငံရေးသမားများ စာရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ပါဝင်ခြင်းမရှိသလို Business insider သတင်းဌာနမှာ ၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့က ဖော်ပြခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံရေးသမား ၂၃ ယောက်စာရင်းမှာလည်း ပါမနေပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို စတင်ဖေါ်ပြခဲ့တဲ့ RVCJ ဆိုတဲ့ ဝဘ်ဆိုက်ဟာ မီဒီယာအမည်ခံဖျော်ဖြေရေး ဝဘ်ဆိုက်တစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတစ်ခုတော့မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ဒီလိုအကြောင်းအရာတွေဟာ လူကြည့်များအောင်ဖန်တီးရေးသားတဲ့ ပြည်တွင်းက မီဒီယာအမည်ခံ ဝဘ်ဆိုက်တွေလိုပဲ ရေးသားကြတာဖြစ်ပါတယ်။


    Forbes သတင်းဌာနနဲ့ Business insider သတင်းဌာနတွေက ဖော်ပြခဲ့မှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ်တစ်ချက်အနေနဲ့ အခုဖြန့်ဝေနေမှုထဲမှာ ပါတဲ့ လင့်အရ RVCJ ရဲ့ ဖော်ပြမှုဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအနေ့ ၂၀၁၅ နိုဝင်ဘာလမှာ ရွေးကောက်ပွဲအနိုင်ရခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ မှသာ သမ္မတဦးထင်ကျော်က နိုင်ငံတော်အာဏာလွှဲပြောင်းရယူ ခဲ့တာဖြစ်ပါတယ်။

    ဒါဆို ရေးသားဖြန့်ဝေနေတဲ့ "ဘယ်က ဘယ်လို သဒ္ဒါ ကြေးတွေရထားတာလဲ တန်စိုးလက်ဆောင်တွေလား။ ကမ္ဘာအချမ်းသာဆုံးနိုင်ငံရေးသမား ၁၉.ဦးစာရင်းမှာ ဒေါ်စု နံပါတ်ခြောက်အဆင့်ချိတ်နေတာရိုးသားမှုရှိရဲ့လား" ဆိုတဲ့ ရေးသားပြောဆိုနေတာတွေအတွက် အချိန် ၆ လ အတွင်းမှာ ဒါဟာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆင်ခြင်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

    Tags

    Worthworth of 19 world leadersRichest politiciansRichest Leadersကမ္ဘာအချမ်းသာဆုံး နိုင်ငံရေးသမားBillionaire Politicians
    Read Full Article
    Claim :   ကမ္ဘာအချမ်းသာဆုံး နိုင်ငံရေးသမား (၁၉)ဦးစာရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နံပါတ် ၆ အဆင့်ရှိတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုတွေကို BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!