BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုရိုနာနဲ့တမာရွက်ပြသနာ
သတင်းအတု

ကိုရိုနာနဲ့တမာရွက်ပြသနာ

တမာရွက်စားရင် ကိုရိုနာပျောက်တယ်ဆိုတဲ့အကြောင်းအရာတွေ အသံမက်ဆေ့တွေ ဒီကာလထဲမှာ အုံနဲ့ကျင်းနဲ့ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  4 April 2020 6:14 PM IST
  • ကိုရိုနာနဲ့တမာရွက်ပြသနာ
    တမာရွက်က ကိုရိုနာပျောက်ကင်းနိုင်တယ်ဆိုတဲ့သတင်းအမှားအများအပြားအွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။

    ဒီသတင်းအမှားကို မတ်လ ၂၇ ဝန်းကျင်က ဖေ့စ်ဘွတ် မက်ဆင်ဂျာကနေ တဆင့် အသံဖိုင်တွေ ဖြန့်ဝေခဲ့သလို ဖေ့စ်ဘွတ် ပေချ်တွေ ဝက်(ဘ်)ဆိုဒ်တွေကလည်း ဒီအကြောင်းအရာတွေကို ပြန်လည် ရေးတင်ခဲ့ပါတယ်။

    ဒါနဲ့ပတ်သက်တဲ့ ပို့စ်တစ်ခုမှာတော့ မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာပြည်ဖွား သားအဖ ၂ ဦးဟာ ကိုရိုနာ ဗိုင်းရပ်ကူးစက် ခံထားရပြီး ချောင်းအရမ်းဆိုး ရာကနေ ဆရာဝန်ခေါ်ခဲ့ ပေမယ့် ဆရာဝန်က ရောဂါကူးစက်ခံရမှာဆိုးလို့ ရောက်မလာတဲ့ အတွက် အိမ်အနောက်မှာ ရှိတဲ့ တမာရွက်တွေခူးပြီး နံနက် နဲ့ ည တစ်နေ့ ၂ ကြိမ် ပြုတ်သောက်ခဲ့တဲ့ အတွက် ကလေးရော လူကြီးပါ ၃ ရက်အတွင်း ပြန်သက်သာလာတယ်လို့ ရေးသားထားပါတယ်။

    လက်ရှိမှာ တမာရွက်ပြုတ်သောက်ရင် ကိုရိုနာရောဂါပျောက်တယ်ဆိုတဲ့ သတင်းအမှားဟာ ဖေ့စ်ဘွတ်ပေါ်မှာ လူ ပေါင်းများစွာက တဆင့်ပြန်လည် ဝေမျှခဲ့ကြပြီး ဈေးကွက်ထဲမှာလည်းတမာရွက်တွေရောင်းကြတယ်ဆိုတာမျိူးတွေလည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

    တမာရွက်နဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို ဒီဆိုက်တွေမှာရေးသားခဲ့ကြတာဖြစ်ပါတယ်။

    Link 1 , Link 2

    တမာရွက် ရောင်းအားမြင့်တက်လာတဲ့ DVB
    သတင်း Link


    သတင်းဆန်းစစ်ချက်

    ဒီသတင်းအချက်အလက်တွေကို ဆန်းစစ်ဖို့ Boom Myanmar က လက်ရှိ အင်္ဂလန်နိုင်ငံ Cardiff စီရင်စု မှာရှိတဲ့ University Hospital of Wales က ဆေးရုံက အကြီးတန်းဆရာဝန် ဦးချမ်းသာစိုးနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်

    သူကလက်ရှိပျံ့နှံ့ နေတဲ့ တမာရွက်သတင်းတွေနဲ့ပတ်သက်ပြီး "အခု ကိုဗစ် ၁၉ ကပ်ဘေးမှာ ကုသစရာဆေးမရှိဘူးဆိုတဲ့အတွက် လူတွေဟာ ကောင်းနိုးရာရာဆေးနည်းတွေကို လိုက်ရှာကြပါတယ်။ ကုသစရာဆေးမရှိဘူးဆိုတာဟာ ဆေးပညာမှာ အရေးကြီးတဲ့စကားပါ။ ခေတ်သစ်ဆေးပညာဟာ Evidence Based Medicine ဆိုတာကို ကျင့်သုံးကြပါတယ်။ သဘောကတော့ ခေတ်သစ်ဆေးပညာမှာ ဘာပဲလုပ်လုပ် သုတေသနလုပ်ထားတဲ့ အချက်အလက် ခိုင်ခိုင်လုံလုံရှိမှ ကုသရတာပါ။ ဥပမာ - ဒီဆေးဟာ လူတစ်ထောင်မှာ တစ်သောင်းမှာ တစ်သိန်းမှာ ကုလို့ပျောက်တယ်ဆိုရင် လက်ခံပါတယ်။ လူတစ်ယောက်နှစ်ယောက်ပျောက်ရုံနဲ့ လက်မခံဘူး။ ဒီလိုတွက်ချက်တာတွေဟာ သင်္ချာသဘောတရား ဖြစ်နိုင်ချေသဘောတရားတွေ သိပ္ပံပညာတွေနဲ့ သုတေသနပညာရပ်အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ လူသားတွေအတွက် အကျိုးရှိနိုင်မယ်ဆိုတာကို သေချာမှ ဆေးပညာ သိပ္ပံပညာက ထောက်ခံပါတယ်။ အခု ကိုဗစ်ကပ်ဆိုးမှာ တမာရွက်ဟာ ခေတ်စားလာပါတယ်။ ဒါပေမဲ့ ကျွန်‌တော်ရှာ‌တွေ့ရသလောက် ဒီ သုတေသနလုပ်ထားတာ‌တွေဟာ In vitro လို့‌ခေါ်တဲ့ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ထားတာ‌တွေပါ။ လူသားစင်စစ်‌တွေနဲ့ အကြီးအကျယ်စမ်းသပ်တဲ့ သု‌တေသနမျိုးမရှိ‌သးပါဘူး။ လိုရင်းကို‌ဆက်ပြောရရင် အဲဒီစမ်းသပ်မှု‌တွေဟာ လူသားတွေကို အကျိုးပြုမယ်ဆိုတာ အတိအကျ မ‌သေချာ‌သေးဘူး။ . ဒါ‌ပေမဲ့ လူ‌တွေဟာ တမာရွက်တွေကို ‌သောက်‌နေကြတယ်။ အပင်‌တွေ အရွက်‌တွေက ‌ဖော်ထားတဲ့ ‌ဆေး‌တွေရဲ့ အားသာချက်က ‌ဘေးထွက်ဆိုးကျိုးသိပ်မရှိတာပဲ။ တကယ် အန္တရာယ်ရှိတဲ့ ‌ဘေးထွက်ဆိုးကျိုးရှိလာရင် FDA စတဲ့ အဖွဲ့အစည်း‌တွေက ကြည့်မ‌နေပါဘူး။ ပိတ်ပင်တားဆီးပစ်မှာပါ။ ဒါကြောင့်လည်း တမာရွက်ကို မ‌သောက်ကြနဲ့လို့ ဆရာဝန်‌တွေက ပြတ်ပြတ်သားသားပြောဖို့ခက်တယ်။ ကျွန်တော်တို့‌ပြောနိုင်တာက တမာရွက်ဟာ ကိုဗစ်ကို‌ပျောက်တယ်ဆိုတာ သု‌တေသနအထောက်အထား ဘာမှမရှိဘူး။ အဲဒါပဲ‌ပြောနိုင်ပါတယ်။"

    လက်ရှိအချိန်အထိ တမာရွက်နဲ့ပတ်သက်လို့ ပြည်တွင်းမှာလည်း အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနဖက်ကတစုံတရာ ထုတ်ပြန်အသိပေးတာမျိူးလည်းမရှိသေးတာကြောင့် လူတွေကြားထဲမှာ တမာရွက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဖြန့်ဝေနေဆဲပဲဖြစ်ပါတယ်။ အလားတူပဲ တမာရွက်က ကိုရိုနာပျောက်တယ်ဆိုတဲ့သတင်းအမှားဖြန့်ဝေသူတွေကို လူမှူကွန်ရက်ပေါ်မှာ နောက်ပြောင်တာတွေလည်းရှိပါတယ်။

    Tags

    Corona MyanmarNeem LeavesWrong Health KnowledgeCovid-19
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!