BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါး အမည်နဲ့ အကောင့်တုဖွင့်ကာ...
သတင်းအတု

ဗိုလ်နဂါး အမည်နဲ့ အကောင့်တုဖွင့်ကာ တော်လှန်ရေးတပ်တွေကြား ရန်တိုက်တဲ့ သတင်းတုတွေ ဖြန်ဝေနေ

မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးအမည်နဲ့ ဖေစ့်ဘွတ်ပေချ့်ဖွင့်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဗိုလ်နဂါးရဲ့ MRDA တပ်တွေကြား အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2023 8:59 AM IST
  • ဗိုလ်နဂါး အမည်နဲ့ အကောင့်တုဖွင့်ကာ တော်လှန်ရေးတပ်တွေကြား ရန်တိုက်တဲ့ သတင်းတုတွေ ဖြန်ဝေနေ

    ဗိုလ်နဂါး အမည်နဲ့ ဖွင့်ထားတဲ့ ဒီဖေစ့်ဘွတ်ပေချ့်အတုကို ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်ထားတာ တွေ့ရှိရပြီး လက်ရှိမှာ like လုပ်ထားသူ ၁၅၀ ကျော်နဲ့ follow လုပ်ထားသူ နှစ်ရာကျော်ရှိနေပါတယ်။

    ဒီပေချ့်အတုမှာ ဖြန့်ဝေထားတဲ့ ပိုစ့်တွေဟာ စစ်တပ်လက်အောက်ခံ လော်ဘီတွေ ရေးလေ့ရေးထရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စိတ်ဝမ်းကွဲစေမယ့်၊ NUG အစိုးရနဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တပ်တွေကြား အထင်အမြင်လွဲမှားစေမယ့် အကြောင်း အရာတွေကို လုပ်ကြံဖန်တီးပြီး ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။


    ဖြန့်ဝေရာမှာ 'နေပြည်တော်ကို မိပန်နဲ့ NUG တို့ ဝိုင်းလိုက်ပါပီတဲ့။ ဘယ်လိုဝိုင်းလိုက်တာလဲ။ ဒီလို ဝိုင်းလိုက်တာပါ အစိမ်းရောင် မျဉ်းကလေးနဲ့'၊ ‘'စစ်ကိုင်းတိုင်း တစ်တိုင်းလုံးက ပကဖ ကိုအလိုမရှိပါဘူး။ ကြောက်လို ငြိမ်နေတာ တစ်စဥ်ငွေကောက်တယ်တဲ့။ မပေးရင် သက်တယ်တဲ့။ အကုန်မေးကြည့်လိုရတယ်။ ကျနော်တို့က လျှူရင် ယူမယ်။ မလျှူရင် ထမင်းစားရဖို့ ကိုခြေလက်နဲ့ အလုပ်လုပ်မယ်။ ပကဖ တွေလို တောင်းမစားဘူး။ ပကဖတွေ သတိထားနေ။ ငါတို့ တိုက်မယ်သူက မင်းတို့ ပကဖတွေ ဖြစ်သွားမယ်' စတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကြား အထင်အမြင်လွဲစေမယ် အရေးအသားတွေ လုပ်ကြံရေးသာ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်နဂါးအမည်နဲ့ ဖွင့်ထားတဲ့ ဒီဖေစ့်ဘွတ်ပေချ့်အတုက ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ် ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုတွေ ဖြစ်တာကို တွေ့ရပါတယ်။

    MRDA ခေါင်းဆောင် ဗိုလ်နဂါးကလည်း သူ့နာမည် အသုံးပြုထားတဲ့ အကောင့်တု တစ်ခု ထပ်မံပေါ်နေတယ်လို့ သူ့ရဲ့ ဖေစ့်ဘွတ် စာမျက်နှာပေါ်မှာ ဩဂုတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ရေးသားထားပါတယ်။

    ဗိုလ်နဂါး ရေးသားထားတဲ့ အကြောင်းအရာကို ဒီနေရာ မှာ ကြည့်ပါ။

    ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗိုလ်နဂါး အမည်နဲ့ ဖေစ့်ဘွတ်အကောင့်တု တစ်ခုပေါ်ခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ် ခဲ့ပါသေးတယ်။

    လက်ရှိအချိန်မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက NUG အစိုးရလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနကို ထောက်ပြပြောဆိုခဲ့ရာက စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုနဲ့ ဖေစ့်ဘွတ်ပေါ်မှာ အပြန်အလှန် ပြစ်တင် ဝေဖန်နေကြတဲ့အတွက် စစ်တပ်လော်ဘီတွေက အခွင့်ကောင်းယူတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

    Tags

    Fake newsFake accountPearl PDF leaderသတင်းအတုအကောင့်တုပုလဲ PDFဗိုလ်နဂါး
    Read Full Article
    Claim :   ဗိုလ်နဂါး အမည်နဲ့ အကောင့်တုဖွင့်ကာ တော်လှန်ရေးတပ်တွေကြား ရန်တိုက်မှုတွေရှိနေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!