BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုရိုနာကူးစက်ပြီး...
သတင်းအတု

ကိုရိုနာကူးစက်ပြီး နွားများသေဆုံးဆိုတဲ့ သတင်းအမှား

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရပြီး နွားများသေဆုံးခဲ့တယ် ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  8 April 2020 10:08 AM IST
  • ကိုရိုနာကူးစက်ပြီး နွားများသေဆုံးဆိုတဲ့ သတင်းအမှား

    ဒီ သတင်းအမှားကို ရဲရင့်ထက် ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ပေါ် ဧပြီလ (၅) ရက်နေ့ မနက် ၇ နာရီ ၅၄ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။

    ၎င်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ "မလိုက်နာရင် ကိုယ့်ထိုက်နဲ့ ကိုယ်ပဲ။ နွားလဲ Covid-19 ဖြစ်နေပြီ…..အမဲသားကြိုက်သူများ သတိထားပါ" လို့ သတင်းအမှား ရေးတင်ခဲ့ပါတယ်။ ၎င်းက သတင်းအမှားနဲ့အတူ လဲကျသေဆုံးနေတဲ့ နွားပုံတွေကို တွဲပြီး တင်ထားခဲ့တာဖြစ်ပြီး တကယ်တော့သူတင်ထားတဲ့ပုံတွေဟာ ၂၀၁၈ ခုနှစ်က လာအိုနိုင်ငံမှာ မိုးကြိုးမုန်တိုင်း ထိမှန်ပြီး နွားများသေဆုံးခဲ့တဲ့ ဓါတ်ပုံကို အသုံးပြုပြီးသတင်းအမှားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ဒီသတင်းအမှား ကို လက်ရှိ ဧပြီလ ၇ ရက်နေ့အထိ လူပေါင်း ၄၁၀၀ ခန့်က ပြန်လည်ဝေမျှနေပြီး ထပ်ဆင့်မျှဝေဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရဲရင့်ထက် ဆိုသူရဲ့ ဖေ့စ်ဘွတ်ပေါ် ရေးထားတဲ့ အကြောင်းအရာတွေကို ဆန်းစစ်ဖို့ Boom Myanmar က အချက်အလတ်တွေ စုဆောင်းကြည့်တဲ့အခါမှာ။ ၎င်း အသုံးပြုထားတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် နွားတွေ သေဆုံးတယ် ဆိုတဲ့ ဓါတ်ပုံဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့က လာအိုနိုင်ငံ Kenethao ခရိုင် Xayabouly စီရင်စုမှာ မိုးကြိုးမုန်တိုင်းကြောင့် နွား ၂၇ ကောင် သေဆုံးခဲ့တဲ့ သတင်းဓါတ်ပုံပဲဖြစ်ပါတယ်။

    ဒီ မိုးကြိုးမုန်တိုင်းကြောင့် နွားတွေ သေဆုံးခဲ့တဲ့ အကြောင်းကို ၂၀၁၈ ခုနှစ်က မဲခေါင်ဒေသဆိုင်ရာ မိုးလေဝသန နဲ့ အပူပိုင်းမုန်တိုင်း အကြောင်းရေးသားထားတဲ့ ဒီသုသေတန စာတမ်းမှာ ဖတ်ရှု့နိုင်ပါတယ်။


    ၂၀၁၈ ခုနှစ်က လာအိုနိုင်ငံမှာ မိုးကြိုးမုန်တိုင်း ဖြစ်ခဲ့တဲ့ သတင်းကို အောက်ပါ Link တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Link 1
    Link 2
    Link 3

    ဒီ ဖေ့စ်ဘွတ်ပိုစ့်ဟာ ကိုရိုနာဗိုင်းရပ်နဲ့ မသက်ဆိုင်တဲ့ သတင်းဓါတ်ပုံကို အသုံးပြုပြီး သတင်းအမှားဖြန့်ဝေခဲ့တဲ့ အကြောင်းအရာသက်သက်သာဖြစ်ပါတယ်။

    Tags

    Fake NewsCorona MyanmarAnimals and corona
    Read Full Article
    Claim :   ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး နွားတွေ သေဆုံးခဲ့တယ်ဆိုတာ မဟုတ်ကြောင်း Boom Myanmar က အချက်အလက်တွေ စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!