BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ခွပ်ဒေါင်းပြန်လာပြီဆိုတဲ့...
သတင်းအတု

ခွပ်ဒေါင်းပြန်လာပြီဆိုတဲ့ သတင်းအမှား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ဆွဲနှုတ်ဆက်တဲ့ပုံကို အသုံးပြုပြီး ခွပ်ဒေါင်းပြန်လာပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးနေတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 April 2023 8:31 AM IST
  • ခွပ်ဒေါင်းပြန်လာပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Video Base ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ဆွဲနှုတ်ဆက်တဲ့ဓာတ်ပုံ ပါဝင်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထူးပြီ။ ခွပ်ဒေါင်းပြန်လာပြိဟေ့’ လို့ ရေးသာထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတဲ့ သတင်းတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ရုတ်တရက် လာရောက်ခဲ့ပြီး ဒီခရီးစဉ်နဲ့ ဆက်စပ်ပြီး လုပ်ကြံ ရေးသားထားတဲ့ အကြောင်းအရာတွေကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဆက်တိုက်တင်နေတာဖြစ်ပါတယ်။

    NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ နေ့ ကတည်းက ကြေညာထား ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ တည်ဆဲပါတီတွေကို ရက်ပေါင်း ၆၀ အတွင်းမှာ ပြန်လည် မှတ်ပုံတင်ခိုင်း ထားတာဖြစ်ပြီး နောက်ဆုံးရက်မှာ နိုင်ငံရေးပါတီ ၆၃ ခု မှတ်ပုံတင်ခဲ့ကြပေမယ့် တည်ဆဲပါတီ ၉၀ အနက် NLD အပါအဝင် ပါတီ ၄၀ မှတ်ပုံပြန်မတင်ကြလို့ ဖျက်သိမ်းလိုက်တယ်လို့ UEC ကြေညာထားပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သူ့ရဲ့ ခရီးစဉ်ထဲမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်အပြင် တခြား စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ မရှိခဲ့ဘူးလို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Former UN Secretary GeneralBan Ki-moonDaw Aung San Suu Kyiဘန်ကီမွန်းဒေါ်အောင်ဆန်းစုကြည်ကုလအတွင်းရေးမှူးချုပ်ဟောင်းFakenewsNLD partyခွပ်ဒေါင်း
    Read Full Article
    Claim :   NLD ပါတီ ပြန်လာပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!