BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ရေဘေးလှူဒါန်းမှုတွေမှာ...
      သတင်းအတု

      ရေဘေးလှူဒါန်းမှုတွေမှာ လူမျိုးရေးခွဲခြားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

      ပဲခူးတိုင်းဒေသကြီး ဖြူးမြိုနယ် အတွင်းရှိ အစ္စလာမ်ရွာတစ်ရွာကို ရေဘေးအလှူတွေက ချန်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  20 Sept 2024 10:13 AM IST
    • ရေဘေးလှူဒါန်းမှုတွေမှာ လူမျိုးရေးခွဲခြားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Ko Min Min Ning ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၃ နာရီခွဲ ဝန်းကျင်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

      ဖြန့်ဝေမှုဟာ တခြားသူတစ်ဦးရဲ့ ရေဘေးအလှူအတွက် အကူအညီတောင်းခံထားတဲ့ ပိုစ့်ကို ကူးယူဖြန့်ဝေခဲ့တာဖြစ်ပြီး မူရင်းပိုစ့်တင်သူက လူမျိုးရေး ဆန်ဆန် စကားလုံး အသုံးအနှုန်းတစ်ချို့ ပါခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ပြီး ပိုစ့်ကို ပြင်ဆင်ခဲ့ပေမယ့် ဖြန့်ဝေသူတွေက ဆက်လက်ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ 'ဒီချိန်မှာဒုက္ခရောက်တာချင်းတူတူပါပဲ တို့အစ္စလာမ်ရွာလေးကိုကျတော့ချန်ခဲ့ကြတယ် တကယ်စိတ်မကောင်း ဘူး။ လူမျိုးဘာသာမခွဲ​ခြားပဲဆက်ဆံကြရင်တကယ်ကောင်းမယ် သူတို့လဲလူတွေပါပဲခံစားတက်တဲ့နှလုံးသားရှိကြပါတယ်။ မည်သူ တစ်ဦးတစ်ယောက်ကိုမှထိခိုက်ပီးပြောချင်းမဟုတ်ပါရှင်။ ရေကထပ်မတက်တော့ပေမဲ့ပြန်မကျသေးပါဘူး။ အဲ့ဘက် က ဖုန်းလိုင်းအင်တာနက်လိုင်းလဲမကောင်းပါဘူး။ ဖြူးမြို့ကနေ၁၆မိုင်လောက်သွားရပါတယ် စစ်တောင်းမြစ် အရှေ့ဘက် ကမ်း ခုံကြီးရွာလေးပါ တစ်ရွာလုံးအစ္စလာမ်တွေပါပဲ အိမ်ခြေ၁၅၀လောက်ရှိပါတယ်။ ရေသန့်/အစားအသောက်များ လိုအပ် နေပါတယ်ရှင် ကယ်ဆယ်ရေးတွေအလှူရှင်တွေလဲမလာကြသေးပါဘူးရှင်။ တက်နိုင်သလောက်လေးလှူပေးကြပါအုံးရှင်' လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လူမျိုးရေး၊ ဘာသာရေး အထင်အမြင်လွဲစေဖို့ တမင်ဖြန့်ဝေနေတဲ့ သတင်းမှား ဖြစ်တာကို ‌တွေ့ရပါတယ်။

      လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ နေရာဒေသ အများအပြားရှိပြီး ရေဘေးအလှူနဲ့ ကူညီသူအများစုကလည်း လမ်းအခြေအနေနဲ့ သွားလို့ ရသမျှ နေရာတွေကို လှူနေကြတာဖြစ်ပါတယ်။

      အချို့ နေရာတွေမှာတော့ ပိတ်ဆို့ ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် ကူညီထောက်ပံ့မှုတွေ မရောက်ရှိတာမျိုး ဖြစ်နိုင်ပါတယ်။

      ဥပမာအားဖြင့် RFA သတင်းဌာနမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ ‘ကယားနဲ့ပဲခူးအတွက် ရေဘေးအကူ အညီတွေကို စစ်ကောင်စီဘက်က ပိတ်ပင်မှုတွေရှိနေ’ လို့ ဆိုတဲ့ သတင်း၊ VOA သတင်းဌာနမှာ စက်တင်ဘာလ ၁၉ ရက် နေ့က ဖော်ပြထားတဲ့ 'စစ်ဘေး၊ ရေဘေးတွေကြုံနေရတဲ့ ကယားပြည် အကူအညီတွေ လိုအပ်နေ' ဆိုတဲ့ သတင်းတွေကို ကြည့်ရင် အကူအညီ ရခြင်း၊ မရခြင်းတွေဟာ လူမျိုးဘာသာ နဲ့ မဆိုင်ကြောင်း တွေ့ရမှာပါ။

      သတင်းတွေထဲမှာ ရေဘေးကြုံတွေ့ခဲ့ရတဲ့ ဒေသတွေထဲက လက်နက်ကိုင်ဖွဲ့တွေ စိုးမိုးထားတဲ့ ကယားပြည်နယ် (ကရင်နီပြည်) နဲ့ ပဲခူးတိုင်းမှာရှိတဲ့ ဒေသက ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မဲ့ ရိက္ခာတွေကို စစ်ကောင်စီဘက်က ကန့်သတ်၊ ပိတ်ပင်တာတွေ ရှိနေကြောင်း၊ ယခုတိုင် အကူအညီ တစ်ခုမှ မရသေးကြောင်း တွေ ရေးသားထားပါတယ်။

      သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် အခုဖြန့်ဝေနေတဲ့ ပိုစ့်ကို မူရင်းပိုစ့်ပိုင်ရှင်ကိုယ်တိုင်က လူမျိုးရေး ဆန်ဆန် စကားလုံး အသုံးအနှုန်းတစ်ချို့ ပါခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ပြီး ဖြစ်ပါတယ်။


      မူရင်းပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် ပိုစ့်ပိုင်ရှင်က ကူးယူ ဖြန့်ဝေသူတွေကို ပိုစ့်ကို ဖျက်ပေးဖို့ သွားရောက် ပြောဆိုတာတွေ၊ ပိုစ် ထပ်တင်ပြီး report လုပ်ဖို့ တိုက်တွန်းနေမှုတွေလည်း ရှိပါတယ်။


      ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ လူမျိုးရေး၊ ဘာသာရေး အထင်လွဲမှုတွေ ဖြစ်လာအောင် တမင်းဖြန့်ဝေနေတဲ့ သတင်းအမှားတွေ ဖြစ်ပါတယ်။

      ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝမ်း ရေးကြီးရေလျှံမှုကြောင့် လူအများ ဒုက္ခရောက်နေချိန်မှာ မိမိတို့ ဖေစ့်ဘွတ်ပေချ့် တွေ၊ အကောင့်တွေ ဖော်လိုဝါတိုးလာစေဖို့ အခုလို ဗီဒီယိုဖိုင်အတု၊ ဓာတ်ပုံအတုတွေ ဖန်တီးဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

      Tags

      အစ္စလာမ်ရွာလူမျိုးရေးဘာသာရေးFakenewsDonationFlood in Myanmarရေဘေးအလှူရေကြီးရေလျှံ
      Read Full Article
      Claim :   ရေဘေးလှူဒါန်းမှုတွေမှာ လူမျိုးရေးခွဲခြားတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!