BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင် မင်းအောင်လှိုင်...
သတင်းအတု

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ပစ်ဗုံးထိမှန်ပြီး ဆေးရုံတင်ရတယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ဆေးရုံတင်လိုက်ရတယ် လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Aug 2024 7:36 AM IST
  • စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ပစ်ဗုံးထိမှန်ပြီး ဆေးရုံတင်ရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Share Local Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မအလ(ကြင်စိုး) အရေးပေါ် ဆေးရုံတင်ရ။ စကစ သတင်းစာရှင်းပွဲလုပ်နေစဉ် လက်ပစ်ဗုံးနဲ့ အထုခံရ၊ အများအပြားသေဆုံးမှုရှိ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ပစ်ဗုံးထိမှန်ပြီး ဆေးရုံတင်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၉ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တာမွေမြို့နယ် ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲတချို့ ထိခိုက်သေဆုံးမှုရှိဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ပစ်ဗုံးထိမှန်ပြီး ဆေးရုံတင်ရတယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    သတင်းထဲမှာ ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းရေးသားထားတာပါ။

    ဒီတိုက်ခိုက်မှုအတွင်း ရဲ ၃ ဦးသေဆုံးတယ်လို့ Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) က တာဝန်ရှိသူက ပြောဆိုတယ်ဆိုပြီးလည်း ရေးသားထားပါတယ်။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လုပ်ကြံခံရလက်ပစ်ဗုံးထိမှန်FakenewsClickbaitsတာမွေရဲစခန်းရဲစခန်းဗုံးပစ်ခံရ
    Read Full Article
    Claim :   မင်းအောင်လှိုင် လက်ပစ်ဗုံးထိမှန်ပြီး ဆေးရုံတင်ရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!