BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • N95 Mask တွေကို...
သတင်းအတု

N95 Mask တွေကို အချိန်ကြာမြင့်စွာဝတ်ဆင်ပါက သေစေနိုင်သလား

Mask N95 ကို ၃ နာရီကျော်ကြာအောင် ဆက်တိုက်ဝတ်ဆင်ထားပါက သွေးထဲအောက်စီဂျင် နည်းကာ အက်စစ်ဓာတ်ဖြစ်ပေါ်ပြီး အသက်ရူမဝဘဲ ‌သေဆုံးနိုင်ကြောင်း ရေးသားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  10 July 2021 9:23 AM IST
  • N95 Mask တွေကို အချိန်ကြာမြင့်စွာဝတ်ဆင်ပါက သေစေနိုင်သလား

    ဒီအကြောင်းအရာဟာ ဇူလိုင်လအစောပိုင်းကတည်းက လူမှုကွန်ရက်မှာပျံ့နှံ့လျက်ရှိတာဖြစ်ပြီး လူပေါင်းများစွာ ဝေမျှနေကြတာဖြစ်ပါတယ်။

    မူရင်းရေးသားမှုထဲက အချို့ကိုဖော်ပြရရင် "Mask N95 ကို ၃ နာရီ ဆက်တိုက် မတပ်ပါနှင့်။ ၃ နာရီ ကျော် လျှင် ဘေးကင်းတဲ့နေရာမှာ နာရီဝက်ခန့် Mask ဖွင့်ပြီး နားပါ။ အဘယ်ကြောင့်ဆိုသော် ၃ နာရီကျော် ဆက်တိုက် တပ်ထားလျှင် သွေးထဲမှာ အောက်စီဂျင်နည်းပြီး အက်စစ်ဓာတ် ဖြစ်ပေါ်လာပါသည်။ အဲ့လိုဖြစ်လာလျှင် မူးဝေ လာတတ်ပါသည်။ ၃ ထပ်ပါ အပြာအစိမ်း Mask တွေသည် ၄ နာရီ တစ်ကြိမ်၊ ပိတ်စ နှင့် ပြုလုပ်ထားသော Mask သည် ၄ နာရီ တစ်ကြိမ် ဖွင့်ပြီး ဘေးကင်းသောနေရာတွင် အသက်ရူ ရပါသည်။ ‌သွေးထဲအောက်စီဂျင် နည်းကာ အက်စစ်ဓာတ်ဖြစ်ပေါ်ပြီး အသက်ရူမဝဘဲ သေတတ်သည်" လို့ ရေးသား ဖြန့်ဝေနေကြတာပါ။

    ဖြန့်ဝေနေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာက မဟုတ်မှန်ကြောင်းနဲ့ သတင်းအမှားသာဖြစ်ကြောင်းကို ကမ္ဘာ့မီဒီယာအများအပြားမှာ ပြီးခဲ့တဲ့ နှစ်အတွင်းက ဖော်ပြခဲ့ဘူးပါတယ်။ အဆိပ်အတောက်ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏဟာ အန္တရာယ်များတာမှန်ပေမယ့် Mask တပ်ထားတဲ့အတွက် အသက်ရှုကြပ်ပြီး သေစေနိုင်တာတော့ မဟုတ်ကြောင်း ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့နှစ် မေလ အတွင်းက ရိုက်တာသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအရ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) မှ တာဝန်ရှိသူ ပြောကြားထားတာက CO2 ဟာအချိန်ကြာလာတာနဲ့အမျှ mask ထဲမှာ များများလာမယ်။ ဒါပေမယ့် ဒီပမာဏလောက်က အများအားဖြင့် ခံနိုင်တယ်။ ခေါင်းကိုက်တာတွေ ဘာတွေ ဖြစ်နိုင်ပေမယ့် CO2 ပမာဏအများအပြားရရှိခံစားရတဲ့ လက္ခဏာတွေတော့ မခံစားရဘူး။ ဒီအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် Mask တပ်ထားရတာ မသက်မသာ ဖြစ်လာပြီး လူက Mask ကို ချွတ်ချင်လာမယ်။ ဒါက ခုပြောနေသလို mask တပ်ထားလို့ hypercapnia ဖြစ်တာ မဟုတ်ပါဘူး" လို့ ပြောထားပါတယ်။


    ရိုက်တာသတင်းဌာမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါအပြင် ၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ SARS ကပ်ရောဂါဖြစ်ပွားချိန်အတွင်း N95 မျက်နှာဖုံးတွေ ဝတ်ဆင်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားဟာ ခေါင်းကိုက်တာတွေ ဖြစ်ခဲ့တယ်လို့ တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ လေ့လာတွေ့ရှိချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) က လူထုအနေနဲ့ အဝတ်နဲ့ လုပ်ထားတဲ့ Mask များကိုသာ ဝတ်ရန်နဲ့ N95 နဲ့ ခွဲစိတ်ခန်းသုံး mask ကို ဝတ်ဆင်ခြင်း မပြလုပ်ဖို့အကြံပေးထားပါတယ်။ အကြံပေးချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ကိုဗစ်ဖြစ်ပွားနေတဲ့ကာလအတွင်း ကမ္ဘာတစ်ဝှမ်းမှာ အထောက်အထားအကိုးအကားမပါပဲ ထင်မြင်ယူဆချက်တွေရေးသားတဲ့အကြောင်းအရာတွေအများအပျံ့‌နှံ့ခဲ့ပြီး ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်လို့ WHO ကရှင်းလင်းချက်တွေမကြာခဏထုတ်ပြန်ပေးလေ့ရှိပါတယ်။ အထက်ပါအကြောင်းအရာဟာလည်း အထောက်အထားတစုံတရာထည့်သွင်းထားခြင်းမရှိတဲ့အကြောင်းအရာဖြစ်ပါတယ်။

    Tags

    အက်စစ်ဓာတ်Mask N95hypercapniaContinually wearing a maskcarbon dioxide (CO2)Fakenews
    Read Full Article
    Claim :   N95 Mask တွေကို အချိန်ကြာမြင့်စွာဝတ်ဆင်ပါက သွေးထဲအောက်စီဂျင် နည်းကာ အက်စစ်ဓာတ်ဖြစ်ပေါ်ပြီး သတတ်ကြောင်း လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေမှုတွေနဲ့ပတ်သက်လို့ BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!