BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ် ၁၉...
သတင်းအတု

ကိုဗစ် ၁၉ ရောဂါပိုးပျောက်တဲ့စက်ဆိုတဲ့ သတင်းအမှား

လတ်တလောကာလအတွင်း အွန်လိုင်းပေါ်မှာ "ကိုဗစ်၁၉ စက္ကန့်၄၀အတွင်း သေစေနိုင်တဲ့ စက်ကို ဟောင်ကောင်မှာ စသုံးနေပြီ" ဆိုတဲ့ ဖြန့်ဝေမှူအများအပြားဖြစ်ပေါ်နေပါတယ်။ဒီသတင်းကို ဖြန့်ဝေသူလည်းအများအပြားရှိပြီး အဓိကအနေနဲ့ သတင်းရေးသားရမြှာပေးထားတဲ့ခေါင်းစဉ်အပါအဝင် အချက်အလက်တွေလွဲမှားနေတဲ့ အပေါ် Boom Myanmar က အချက်အလက်ဆန်းစစ်ပေးထားပါတယ်။

By - Boom Live Myanmar |
Published -  3 Jun 2020 1:36 PM IST
  • ကိုဗစ် ၁၉ ရောဂါပိုးပျောက်တဲ့စက်ဆိုတဲ့ သတင်းအမှား

    အဆိုပါသတင်းကို MDY News ဆိုတဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ မေလ ၁၀ ရက်နေ့က စတင်ဖေါ်ပြခဲ့ပြီး အဲ့ဒီသတင်းကိုပဲ ထီပေါက်စဉ်တိုက်ရန် ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကလည်း ထပ်ဆင့်ဖြန့်ဝေခဲ့ပါတယ်။ ဒီလို ထပ်ဆင်ဖြန့်ဝေရာမှာ "ကိုဗစ်၁၉ စက္ကန့်၄၀အတွင်း သေစေနိုင်တဲ့ စက်ကို ဟောင်ကောင်မှာ စသုံးနေပြီ" ဆိုပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန်ရေးသားထားတာဖြစ်ပါတယ်။ မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    ဒီလိုရေးသားဖြန့်ဝေရာမှာ "သတင်းကောင်းမို့ မျှဝေပေးပါဦး.. ကိုဗစ်၁၉ စက္ကန့်၄၀အတွင်း သေစေနိုင်တဲ့ စက်ကို ဟောင်ကောင်မှာ စသုံးနေပြီ..ကိုဗစ်၁ ၉ စက္ကန့်၄၀အ တွင်း သေစေနိုင် တဲ့ စက် ကိုဟောင်ကောင်မှာ စသုံးနေပြီ..သူငယ်ချင်းတို့ရေ.ကြားသိရသမျှ သတင်းတွေထဲက ကိုဗစ် နဲ့ ပတ်သတ်တဲ့သတင်းကောင်းလေး မျှဝေချင်ပါတယ်နော်။" ဆိုပြီး ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေခဲ့တာပါ။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းရဲ့မူရင်းက ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ် ရဲ့ ဝဘ်ဆိုက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး သတင်းထဲမှာဖေါ်ပြထားတာက ခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းကနေ ကာကွယ်ဖို့ အဆင့်မြင့်နည်းပညာသုံး ပိုးသတ်တဲ့ စက်ကို အသုံးပြုခြင်းဖြစ်တယ်လို့ ရေးသားထားပါတယ်။ မူရင်းကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ကြေငြာချက်ပါ အကြောင်းအရာကတော့ ဟောင်ကောင်နိုင်ငံတကာလေဆိပ်မှာ ခရီးသည်တင်လေယာဉ်တွေ အဝင်အထွက် ပြန်လုပ်တဲ့အချိန် အဆင်သင့်ဖြစ်နေအောင် ပိုးသတ်ဆေးဖြန်းတဲ့ သန့်ရှင်းရေးလုပ်ငန်းကို စက်ရုပ်တွေသုံးပြီး လုပ်နေပြီဖြစ်ကြောင်း၊ အထူးစက်ရုပ်တစ်ခုက လေဆိပ်သန့်စင်ခန်းတွေမှာ ပိုးသတ်ဆေးဖြန်းရုံမက ultra violet လိုခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ပါသုံးပြီး ပိုးသတ်ပေးနေကြောင်း၊ ခရမ်းလွန်ရောင်ခြည်အပြင် လေမှှုတ်ပြီးတော့လည်း ပိုးသတ်တဲ့ အတွက် ၉၉.၉၉ ရာခိုင်နှှုန်းထိရောက်မှုရှိကြောင်း၊ ဘတ်တီးရီးယား ပိုးမွှားအားလုံးကို ၁၀ မိနစ်အတွင်း သတ်ပြစ်နိုင်ကြောင်း၊ လေဆိပ်ဝန်ထမ်းတွေအတွက် ပိုးသတ်ဆေးဖြန်းပေးတဲ့ ရုံလေးတစ်ခုကိုလည်း လေဆိပ်မှာ ထားပေးပြီး အဆိုပါအခန်းထဲမှာ စက္ကန့် ၄၀ ကြာ ပိုးသတ်ဆေး ဖြန်းပေးတာတွေ ပြုလုပ်နေကြောင်း ရေးသားထားတာပါ။

    ဒါဟာခုရေးသားဖြန့်ဝေနေတဲ့ "ကိုဗစ်၁၉ စက္ကန့်၄၀အတွင်း သေစေနိုင်တဲ့ စက်" လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီစက်ရုပ်တွေက အဝတ်အစားတွေ၊ အရေပြားတွေ၊ လေဆိပ် check-in ကောင်တာတွေ၊ ခရီးဆောင်အိတ် တွေပေါ်က ပိုးမွှားတွေကိုသာ သေစေနိုင်တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားပြီး ဘာရောဂါလက္ခဏာမှ ပြသခြင်းမရှိတဲ့ သူတွေမှာတော့ ထိရောက်မှုရှိမှာ မဟုတ်ဘူး လို့ ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ CNN သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာဖတ်ရှု့နိုင်ပါတယ်။



    Tags

    #AirportHongkongCleaning RobotsCleanTechcoronavirus
    Read Full Article
    Claim :   ဟောင်ကောင်လေဆိပ်မှာ အသုံးပြုနေတဲ့ Cleaning Robots တွေဟာ COVID-19 ရောဂါပိုးကို သေစေနိုင်တယ်လို့ ရေးသားဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!