BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ခု...
သတင်းအတု

ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ခု စစ်ကော်မရှင် ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အာဆီယံတို့ရဲ့ သဘောတူညီချက်ကို စစ်ကော်မရှင်လက်ခံလိုက်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ရပ်ထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Feb 2026 9:13 PM IST
  • ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ခု စစ်ကော်မရှင် ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ငြိမ်းချမ်းရေး သဘောတူညီချက် ၅ ခု ထုတ်ပြန်။ စစ်မှုထမ်းနဲ့ တစ်နိုင်ငံလုံး ဗုံးကြဲမှု များ ရပ်တန့်မည်။ အာဆီယံနဲ့ NUG သဘောတူညီချက် စကမ လက်ခံလိုက်ပြီ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ယူလိုက်ပြီ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ခု စစ်ကော်မရှင် ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဟာ People's Spring သတင်းဌာနမှာ ဖေဖေါ်ဝါရီ ၂ ရက်နေ့က ဖော်ပြထားတဲ့ 'အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကျော်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ရေးလုပ်ဆောင်ဖို့ NUG တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ၂၀၂၆ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ထပ်လောင်း အတည်ပြုတာကနေကျော်လွန်ကာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ခု စစ်ကော်မရှင် ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အာဆီယံအစည်းအဝေးASIAN countriesPeace processငြိမ်းချမ်းရေးဆွေးနွေးပွဲPeaceFakenewsသတင်းတု
    Read Full Article
    Claim :   ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ခု စစ်ကော်မရှင် ထုတ်ပြန်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!