BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Covid-19
  • Mask တွေက ဗိုင်းရပ်စ်ကို...
Covid-19

Mask တွေက ဗိုင်းရပ်စ်ကို သေစေနိုင်သလား

မကြာသေးခင်ကမှ အိန္ဒိယဘီလျံနာ Anand Mahindra က သူ့ တွစ်တာမှာ သူ့လက်ဆောင်ရခဲ့တဲ့ Mask ကို "ဗိုင်းရပ်စ်တွေဖျက်ဆီးသည်"ဆိုတဲ့ စာနဲ့တကွ တင်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  29 March 2020 9:20 AM IST
  • Mask တွေက ဗိုင်းရပ်စ်ကို သေစေနိုင်သလား

    ဒီအချက်တွေ ကြည့်ပါ

    သူ့ပို့စ်ကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ Mask တွေဟာ ဘယ်ဗိုင်းရပ်စ်ကိုမဆို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ သက်သေတွေ မရှိလို့ပါပဲ။

    သူဟာ တွစ်တာမှာ N 95 Mask ပုံကို တင်ထားပြီး လက်ဆောင်ပေးတဲ့ သူ့သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

    လက်ရှိဖြစ်နေတဲ့ COVID – 19 ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၁၅၈နိုင်ငံကျော်မှာ ဖြစ်ပွားနေပြီး လူတော်တော်များများက Mask တွေကို ဝယ်ယူသိုလှောင်ထားတာတွေနဲ့ ပုံမှန် အသုံးပြုဝတ်ဆင်တဲ့သူတွေရှိနေတာကြောင့် Mask မဝတ်ဆင်တဲ့သူတွေမှာ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ Mask စျေးနှုန်းတွေကလည်း မြင့်တက်ခဲ့ပါတယ်။ WHO က ဖော်ပြချက်အရတော့ Mask တွေဟာ ဘယ်ဗိုင်းရပ်စ်မဆို သတ်ပေးနိုင်တာမျိုးမဟုတ်တာကြောင့် Mask တွေကို ဝတ်ဆင်တဲ့သူတွေဟာ ဗိုင်းရပ်စ်ရှိလူနာ ဒါမှမဟုတ် ဖျားနာတဲ့သူတွေပဲ ဝတ်ဆင်သင့်တယ်လို့ ဆိုပါတယ်။

    Mahindra က သူလက်ဆောင်ရရှိတဲ့ Mask ဟာ ပြန်လည် အသုံးပြုနိုင်ပြီး ဆေးကြောနိုင်တဲ့ ဒီမျက်နှာဖုံးတွေက ဗိုင်းရပ်စ်တွေကို ဖျက်ဆီးနိုင် ကြောင်းသူ၏တွစ်တာတွင်ဖော်ပြထားပါတယ်။ အဲ့ဒီမျက်နှာဖုံးတွေကို Livinguard ကုမ္ပဏီက ထုတ်လုပ်ပြီး ကုမ္ပဏီမှာပါဝင်တဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သူ Ashok Kurien က လေထုထဲကညစ်ညမ်းမှုကို ကာကွယ်ပေးတဲ့ N95 မျက်နှာဖုံးကို Mahindra ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

    တွစ်တာအသုံးပြုသူတွေက သိပ္ပံနည်းကျလေ့လာမတွေ့ရှိသေးတဲ့အချက်တွေ မရှိတာကြောင့် အခြေအမြစ်မရှိတဲ့ သတင်းတွေနဲ့ Mask ကို promote မလုပ်ဖို့ Mahindr ကပြန်လည်တုန့်ပြန် ခဲ့ကြပါတယ်။

    Fact Check

    Mahindra ပြောခဲ့သလိုပဲ မျက်နှာဖုံးတွေက ဗိုင်းရပ်စ်တွေကို သတ်ပစ်နိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေ မရှိပါဘူး။ အမေရိကန်နိုင်ငံရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ မျက်နှာဖုံးတွေရဲ့ အဓိကအခန်းကဏ္ဍကတော့ မျက်နှာဖုံးတွေမှာ ပါဝင်တဲ့ filter ဟာ ပိုးမွှားအမှုန်အမွှားလေးတွေကို ဖြတ်သန်းခွင့်မပြုရုံသက်သက်သာ ဖြစ်တယ်ဆိုလို့ ဆိုပါတယ်။

    သတင်းအမှန်၊ အမှားစိူ စစ်ပေးတဲ့ အိန္ဒိယနိုင်ငံ အခြေပြု BOOM အဖွဲ့ဟာ Mahindra လက်ဆောင်ရရှိထားတဲ့ မျက်နှာဖုံးဟာ Livinguard ကုမ္ပဏီက ထုတ်လုပ်တဲ့ မျက်နှာဖုံးဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ လေထုညစ်ညမ်းမှုကာကွယ်ဖို့အတွက် လုပ်ထားတဲ့ အဲ့ဒီမျက်နှာဖုံးတွေက လေထုထဲကအမှုန်အရွယ်အစားကို တိုင်းတာထုတ်လုပ်ထားတာကြောင့် လေထုညစ်ညမ်းစေတဲ့အရာတွေကို ကာကွယ်ရာမှာ အသုံးဝင်ပါတယ်။

    Mask ထုတ်လုပ်တဲ့ ကုမ္ပဏီဝက်ဘ်ဆိုက်ကတော့ သူတို့ Mask က ဘက်တီးရီးယားတွေနဲ့ မှိုတွေအတွက် အလုပ်လုပ်ပေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပေးမယ့် ဗိုင်းရပ်စ်အကြောင်းတော့ ဖော်ပြထားခြင်းမရှိပါ။

    WHO က ဘာပြောလဲ

    ကျန်းမာတဲ့သူအနေနဲ့ COVID – 19 ကူးစက်ခံထားရသူကို ပြုစုစောင့်ရှောက်နေမှသာ Mask ဝတ်ဆင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ချောင်းဆိုး သို့မဟုတ် နှာချေတဲ့အခါမှာဆိုရင်လည်း Mask တပ်သင့်ကြောင်း ပြောထားပါသေးတယ်။ Mask တွေက ဗိုင်းရပ်စ်ပိုးကို သတ်နိုင်တဲ့ အထောက်အထား မရှိပါဘူး။

    WHO က နောက်ထပ်ဖော်ပြတာကတော့ Mask ဝတ်ထားရုံသက်သက်မဟုတ်ဘဲ လက်ကို အရက်ပြန်ပါတဲ့ လက်ဆေးဆပ်ပြာရည်နဲ့ မကြာခဏ ဆေးပေးတာမျိုးနဲ့ တွဲဖက်လုပ်ပေးမှ အကျိုးသက်ရောက်မှုရှိမှာလို့ ဆိုပါတယ်။ Mask တပ်မယ်ဆိုလည်း နည်းမှန်လမ်းမှန်းနဲ့ ဘယ်လိုတပ်ရလဲ ဘယ်လိုဖယ်ရှားမလဲ ဆိုတာကိုပါ သိသင့်ကြောင်း WHO ကအလေးပေးပြောကြားခဲ့ပါတယ်။

    COVID – 19 ဟာ အရာဝတ္ထုမျက်နှာပြင်တွေကတဆင့် ကပ်ငြိပြီး ကူးစက်နိုင်ပါတယ်။ အကယ်လို့ နေမကောင်းတဲ့လူတစ်ယောက်က Mask မတပ်ထားဘဲ နှာချေမယ် ချောင်းဆိုးမယ်ဆိုရင် အခြား Mask တပ်ထားတဲ့ ကိုယ့်အနီးအနားကလူရဲ့ Mask မှာ ရောဂါပိုးက နေထိုင်နိုင်ပါတယ်။ Mask တပ်ထားသူက ဗိုင်းရပ်စ်ပိုးရှိနေတာကို မသိဘဲ Mask ကို လက်နဲ့ထိမိပြီး အဲ့ကမှတဆင့် ကိုယ့်ရဲ့မျက်နှာကို ကိုင်မိနိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ လူတစ်ယောက်ကနေတစ်ယောက်ကို ကူးစက်နိုင်ခြေရှိပါတယ်။

    လူအများက Mask ဝယ်ယူနေတာတွေကြောင့် မီဒီယာအဖွဲ့အစည်းတွေက Mask ဈေးနှုန်းများမြင့်တက်လာခြင်းကို အစီရင်ခံကြပါတယ်။

    Tags

    covid19coronavirusFact CheckmaskMyanmar
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!