BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မာလာရှမ်းကောနဲ့ ဟော့ပေါ့အနှစ်တွေ...
သတင်းအတု

မာလာရှမ်းကောနဲ့ ဟော့ပေါ့အနှစ်တွေ ဒီလိုထုတ်တယ်ဆိုတဲ့ပြသနာ ဘယ်ကစသလဲ

ညစ်ပတ်ပေရေနေတဲ့ အိုးတွေထဲကြော်လှော်ချက်ပြုတ်နေတဲ့ပုံတွေနဲ့အတူ တရုတ်နိုင်ငံကလူတွေမာလာရှမ်းကောနဲ့ ဟော့ပေါ့အနှစ်တွေထုတ်လုပ်နေတဲ့ပုံစံမျိူးရေးသားထားတဲ့အကြောင်းအရာတွေ အွန်လိုင်းမှာ အများအပြားပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  9 July 2020 4:42 PM IST
  • မာလာရှမ်းကောနဲ့ ဟော့ပေါ့အနှစ်တွေ ဒီလိုထုတ်တယ်ဆိုတဲ့ပြသနာ ဘယ်ကစသလဲ

    ဒီလိုထုတ်လုပ်ထားတဲ့ မာလာရှမ်းကောနဲ့ Hot Pot အနှစ်တွေကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချနေတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေမှုတွေဟာ တကယ်တော့ လိမ်လည်ရေးသားထားတဲ့ သတင်းအမှားတွေသာဖြစ်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုကို Joddy Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှု ၁၂၀၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။ ပိုစ့်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြန့်နှံ့နေတဲ့ ဒီသတင်းကို သုတရသ သတင်းစုံ၊ Thuta.org စတဲ့ မြန်မာဝက်ဘ်ဆိုက် အများအပြားမှာ ဇွန်လလယ်ပိုင်းလောက်မှ ပြန်လာဖြန့်ဝေလာတာ တွေ့ရပါတယ်။


    ဒီသတင်းအမှားဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်မံပြန့်နှံ့ခဲ့ပြီး ရေးသားဖြန့်ဝေမှုထဲမှာ "တရုတ်တွေ၊ ယိုးဒယားတွေ မြန်မာပြည်တွင်းကို ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Hot Pot အနှစ်တွေကို တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချလာကြောင်း၊ အဝစား Hot Pot တွေကို လူကြိုက်များလာချိန်မှာ Hot Pot ဟင်းရည်လုပ်တဲ့ ဝက်ရိုး၊ ကြက်ရိုးတွေ လုံလုံလောက်လောက် မရှိတဲ့အတွက် စားရန်မသင့်တဲ့ ဟော့ပေါ့အနှစ်တွေကို သုံးလာကြောင်း၊ ယခင်ကတရုတ်ပြည်က Hot Potစားသောက်ဆိုင်ကြီးတွေက အမှိုက်စွန့်ပစ်တဲ့ မြောင်းရတွေကို ပြန်စုပ်ပြီး အပေါ်ဆီတွေ ပြန်ခပ်ယူကာ ဓာတုဆေးပစ္စည်းတွေနဲ့ရောပြီး ဈေးပေါတဲ့ ဟော့ပေါ့အနှစ်တွေ ထုတ်လုပ်ရောင်းချခဲ့ကြကောင်း၊ မြန်မာပြည်မှာ Hot Pot ကြိုက်နှစ်သက်သူများပြားလာတဲ့အတွက် ကုန်ကျစရိတ်၊ နေရာ အချိန်တွေ သက်သာတဲ့ ကြွင်းကျန်တဲ့ ဟော့ပေါ့အရည်တွေကို ဓာတုဆေးရောစပ်ကာ ပြန်ပြီးအနှစ်လုပ်နေကြကောင်း" ရေးသားဖော်ပြထားတာပါ။

    ဒီလိုရေးသားရာမှာ ဘာအချက်အလက်မှမပါပဲ ထင်မြင်ယူဆချက်အပေါ်အခြေခံကာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပေမယ့် အများယုံကြည်စေဖို့ အကြောင်းအရာ နီးစပ်တဲ့ပုံတေကို အွန်လိုင်းပေါ်က ရယူသုံးစွဲထားတာ ဖြစ်ပါတယ်။ ဒီသတင်းကို ဖြန့်ဝေထားသူတွေဆီက ထပ်ဆင့်ဖြန့်ဝေသူအများအပြားလည်း ရှိခဲ့တာ တွေ့ရပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်။


    ဒီရေးသားဖြန့်ဝေဟာ သာမာန်ဆိုရှယ်မီဒီယာ သုံးစွဲသူတစ်ဦးက သူ့ရဲ့ထင်မြင်ယူဆချက်ကို ရေးသားဖော်ပြတဲ့ ပုံစံမျိုးမဟုတ်ပဲ တဲ့အပြင် အချက်အလက်အကိုးအကားတွေ မပါဝင်ပဲရေးသား ထားတာဖြစ်ပါတယ်။ ဒါဟာပြည်တွင်းမှာလူကြိုက်များလာတဲ့ ဟော့ပေါ့နဲ့ မာလာရှမ်းကောလိုစားသောက်ဖွယ်ရာတွေနဲ့ပတ်သက်လို့ လူတွေအယူအဆလွဲမှားနိုင်သလို စားသုံးကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေအပေါ် သက်သေအထောက်အထား တစုံတရာမရှိပဲ အများအထင်လွဲစေရန် ရေးသားဖြန့်ဝေမှုမျိုးဖြစ်နေတဲ့ အတွက် BOOM Myanmar က သတင်းဆန်းစစ်ချက် ပြုလုပ်ခဲ့ပါတယ်။

    ဒီရေးသားဖြန့်ဝေနေတဲ့ ပိုစ့်တွေမှာ ပါဝင်တဲ့ ပုံတွေဟာ တကယ်တော့ ChinaSMACK ဆိုတဲ့ ဝက်ဘ်ဆိုက်မှာလွန်ခဲ့တဲ့ဆယ်နှစ်ကျော် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ဖော်ပြထားတာကို အစောဆုံး တွေ့ရပြီး နောက်ပိုင်းနှစ်တွေမှာတော သတင်းပုံစံ အမျိုးမျိုးအဖြစ်နဲ့ အွန်လိုင်းပေါ်မှာ အချိန်အတော်ကြာ ပြန့်နှံ့နေတာဖြစ်ပါတယ်။

    မူရင်းပုံတွေကတော့ တရုတ်နိုင်ငံက လမ်းဘေးဈေးသည်တွေ အကြော်ဆီအဖြစ်သုံးတယ်ဆိုတဲ့ စွန့်ပစ်ပစ္စည်းတွေအသုံးပြု ထုတ်လုပ်ထားတဲ့ ဟင်းချက်ဆီ အကြောင်းရေးသားထာတဲ့ ပိုစ့်က ပုံတွေဖြစ်ပါတယ်။ အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။


    တရုတ်ပြည်က စားသောက်ဆိုင်ကြီးတွေနားမှာ ရှိနေတတ်တဲ့ ရေးဆိုး၊ ရေညစ်တွေတွေထုတ်တဲ့ မြောင်းတွေထဲက အစားအစာအမှိုက်တွေဆီကနေ ပြန်လည်ထုတ်ယူထားတဲ့ ဒီဈေးပေါပေါ ဟင်းချက်ဆီတွေကိုတော့ လမ်းဘေးဈေးသည်တွေ အများဆုံးသုံးနေတာဖြစ်ပြီး အထူးသဖြင့် ကြော်လှော်ရတဲ့ ဈေးသည်တွေအသုံးပြုကြတာပဲဖြစ်တယ်လို့ ဆောင်းပါးထဲမှာ ထည့်ရေးထားတာပါ။ ဒီဆောင်းပါးမူရင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    အန္တရယ်ရှိတဲ့ ဒီဟင်းချက်ဆီအကြောင်းကို ၂၀၁၀ ခုနှစ် မတ်လ ၃၁ ရက်နေ့က နယူးယောက်တိုင်းမ်းသတင်းမှာ လည်းဖော်ပြထားပါတယ်။ မူရင်းသတင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။


    အထက်မှာ ရေးသားခဲ့တဲအချက်အလက်တွေကို ပေးထားတဲ့ လင့်တွေမှာ ဝင်ရောက်တိုက်ဆိုင်စစ်ဆေးကြည့်ရင် အခုရေသားဖြန့်ဝေမှုမှာ ပါဝင်တဲ့ ဓါတ်ပုံတွေဟာ မာလာရှမ်းကောအနှစ်ချက်လုပ်နေတဲ့ ပုံတွေမဟုတ်ပဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က တရုတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အန္တရယ်ရှိတဲ့ ဆီအသုံးပြုကာ အစားအသောက်များ ရောင်းချနေမှုကို အရေးယူတဲ့ ကိစ္စမှ ဓါတ်ပုံတွေဖြစ်တယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။

    Tags

    Hot PotChinarecycled oilFoodChina street Foodfood safetychemicals
    Read Full Article
    Claim :   တရုတ်နဲ့ ယိုးဒယားနိုင်ငံတွေက ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ မာလာရှမ်းကောနဲ့ Hot Pot အနှစ်တွေကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချနေတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!