ရေသန့်ကိုကျိုပြီးသောက်သုံးရင် ကင်ဆာဖြစ်တယ်ဆိုတဲ့ အချက်အလက်အမှား

ရေသန့်ကို ရေနွေးကျိုသောက်ခြင်း သို့မဟုတ် နေပူထဲကြာရှည်စွာထားပြီး သောက်သုံးပါက ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ ရေးသားချက်တစ်ခု ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

ဒီအကြောင်းအရာကို မေလ အတွင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ယခုရက်ပိုင်းမှာလည်း ပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဒီလိုဖြန့်ဝေရာမှာ "ရေသန့်နဲ့ ထမင်းဟင်းချက်ခြင်း၊ ခေါက်ဆွဲပြုတ်ခြင်းတွေကို သတိထားသင့်ကြောင်း၊ ရေသန့်ကို ရေနွေးကျို သောက်တာမျိုး မဟုတ်ပဲ နေပူထဲထားရင်တောင် ကင်ဆာဖြစ်စေနိုင်ကြောင်း၊ ရေသန့်ဖြစ်ဖို့ ကလိုရင်းဆေးခပ်ရပြီး ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ် ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲပါက အမည်မဖော်နိုင်တဲ့ရောဂါတွေနဲ့ ကင်ဆာဖြစ်လာနိုင်ခြေများကြောင်း၊ အယ်လ်ကာလီ သောက်ရေသန့်သည် ကျန်းမာရေးအတွက် အကျိုးများကြောင်း၊ ရေသန့်အားလုံးသည် အပူပေးကျိုချက်သောက်လို့မရကြောင်း" ရေးသားထားတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီရေးသားမှုမှာပါဝင်တဲ့ ရေသန့်ကို ရေနွေးကျို သောက်တာမျိုး မဟုတ်ပဲ နေပူထဲထားရင်တောင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ ရေးသားချက်ဟာ အချက်အလက်အမှားတွေအများအပြားပါဝင်နေပါတယ်။

ဒါနဲ့ ပါတ်သတ်ပြီး ကနေဒါနိုင်ငံ ကင်ဆာအဖွဲ့အစည်း (Canadian Cancer Society) ရဲ့ ဖော်ပြချက်မှာ ရေခဲထားတဲ့ ဒါမှမဟုတ် အပူလွန်ကဲအောင် လုပ်ထားတဲ့ ပလတ်စတစ်ရေဘူးတွေက ရေကို သောက်ခြင်းက ကင်ဆာဖြစ်နိုင်ချေ များမလာဘူး လို့ ရေးသားထားပါတယ်။


သြစတေးလျနိုင်ငံ ကင်ဆာကောင်စီ (Cancer Council Australia) ရဲ့ ဖော်ပြချက်ထဲမှာလည်း အလားတူ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ မှားယွင်းတဲ့ အချက်လို့ ဖော်ပြထားပါတယ်။

ကနေဒါနိုင်ငံ ကင်ဆာအဖွဲ့အစည်း နဲ့ သြစတေးလျနိုင်ငံ ကင်ဆာကောင်စီ တို့ ရဲ့ ဖော်ပြချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ပါတ်သတ်တဲ့ အသိပညာပေးဆောင်းပါးတွေ ရေးသားဖေါ်ပြနေတဲ့ ဒေါက်တာတင့်ဆွေကလည်း သူ့ရဲ့ ဘလော့မှာ ရေကိုကျိုချက်ရုံနဲ့ မင်နရယ်လ် ခေါ် ဓါတ်ဆားတွေ ပျက်ပျယ်မသွားနိုင်ကြောင်း၊ ရေသန့်ဗူးထဲကရေကို ပွက်အောင်လုပ်လို့ ရေရဲ့ တန်ဖိုးသတ္တိ လျော့မသွားဘူးလို့ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ဖြန့်ဝေမှုထဲက အချက်တစ်ခုဖြစ်တဲ့ အယ်လ်ကာလီ သောက်ရေသန့်သည် ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုတဲ့ အချက်ဟာလည်း မှားယွင်းတယ်လို့ ပြောထားပါသေးတယ်။


ဒေါက်တာတင့်ဆွေရဲ့ ရေးသားဖေါ်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

အယ်ကာလိုင်းရေဟာ အခြားရေတွေထက် စွမ်းအင်တိုးစေတာ၊ အရိုးတွေသန်မာစေတာ ဒါမှမဟုတ် ကင်ဆာကို တွန်းလှန်နိုင်တယ်ဆိုတဲ့ ပြောဆိုနေမှုတွေအတွက် ခိုင်လုံတဲ့ အထောက်အထား မတွေ့ရှိရသေးဘူးလို့ ဝါရှင်တန်ပိုစ့် သတင်းစာမှာလည်း ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဖော်ပြထားပါသေးတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


Alkaline water အယ်လ်ကာလိုင်းရေဟာ pH ပမာဏ ပိုများတဲ့ရေဖြစ်ပါတယ်။ ရေမှာ PH ပမာဏ သုံညကနေ ၁၄ အထိ ပါဝင်နိုင်ပြီး သာမာန်ရေမှာ PH 7 ဖြစ်ပါတယ်။

Claim :   ရေသန့်ကို ရေနွေးကျိုသောက်ခြင်း သို့မဟုတ် နေပူထဲကြာရှည်စွာထားပြီး သောက်သုံးပါက ကင်ဆာဖြစ်နိုင်တယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.