BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒီပုံတွေက...
      သတင်းအတု

      ဒီပုံတွေက လက်သန့်ဆေးအတုကြောင့်ဖြစ်တဲ့ပုံတွေ မဟုတ်ပါ

      လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ပုံတွေကိုအသုံးပြုပြီး ပညာပေးအလွဲတွေနဲ့ဝေမျှတဲ့ အကြောင်းအရာတွေပျံ့နှံ့နေပါတယ်။

      By - Boom Live Myanmar |
      Published -  30 Dec 2020 5:21 PM IST
    • ဒီပုံတွေက လက်သန့်ဆေးအတုကြောင့်ဖြစ်တဲ့ပုံတွေ မဟုတ်ပါ

      အဆိုပါ ဓါတ်ပုံတွေနဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားတွေဟာ တခြားနိုင်ငံတွေမှာ မေလခန့်ကတည်းက ပျံနှံ့ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက လူမှုကွန်ယက်ပေါ်မှာ ဂျူလိုင်ကလ စတင်ပျံနှံ့ခဲ့တာကို တွေ့ရသလို ဒီဇင်ဘာလ ကုန်ခါနီး ဒီရက်ပိုင်းအတွင်းထိ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      အဆိုပါ သတင်းအမှားကို ဖြန့်ဝေရာမှာ ဓါတ်ပုံ ၂ ပုံကို အသုံးပြုထားပြီး "ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုပြီး ရောင်းနေကြသော လက်ဆေးရည်အတု ပုလင်းအန္တရာယ် သတိပြုပါ" လို့ ရေးတင်ထားပါတယ်။

      အဲ့ဒီ ဓါတ်ပုံ ၂ ပုံမှာ တစ်ပုံဟာ အိုမန်နိုင်ငံ Nation Detergent ကုမ္ပဏီက ဖြန့်ချီတဲ့ Farah အမှတ်တံဆိပ်နဲ့ လက်သန့်ဆေးဘူးခွံတစ်ခုပုံ ဖြစ်ပြီး ကျန်တဲ့ဓါတ်ပုံမှာ လက်အရေပြားမှာ အပူလောင်ပြီး အရည်ကြည်ဂလင်းတွေ ထွတ်နေတဲ့ ပုံဖြစ်ပါတယ်။ ဒီဓါတ်ပုံ ၂ ပုံကို အသုံးပြုပြီး လက်သန့်ဆေးအတုကြောင့် အပူလောင်ပြီး အရည်ကြည်ဂလင်း တွေ ထွက်ပေါ်လာတာဖြစ်တဲ့အတွက် အဆိုပါ လက်သန့်ဆေးအတုကို မသုံးမိစေဖို့ သတိပေး ထားဟန် ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

      ဒီသတင်းကို ပြန်လည်ဖြန့်ဝေသူ အများစုဟာလည်း လက်သန့်ဆေးအတု မသုံးမိဖို့ စေတနာနဲ့ ဖြန့်ဝေရခြင်း ဖြစ်တယ်လို့ မှတ်ချက်ရေးသားထားသူတွေလည်း ရှိပါတယ်။

      သတင်းဆန်းစစ်ချက်

      လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ဝေထားတဲ့ လက်သန့်ဆေးအတုကြောင့် လက်အရေပြားတွေ အပူလောင်သွားတယ် ဆိုတဲ့ ဓါတ်ပုံတွေအကြောင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ အဲ့ဒီအကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

      ဒီဓါတ်ပုံတွေဟာ တခြားနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားဖြစ်ပြီး မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေက ပြန်လည်ကူးယူဖော်ပြပြီး ဖြန့်ဝေထားခြင်း ဖြစ်ပါတယ်။ အဆိုပါ လက်သန့်ဆေးသတင်းဟာ သတင်းအမှား ဖြစ်ကြောင်း နိုင်ငံတကာ Fact Check အဖွဲ့တွေက အချက်အလက်စစ်ဆေး ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

      ၎င်းတို့ ဓါတ်ပုံထဲမှာ ဖော်ပြထားတဲ့ Farah အမှတ်တံဆိပ် လက်သန့်ဆေးရည်ဟာ အိုမန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး အာရပ်နိုင်ငံတွေကို တင်ပို့ ရောင်းချနေတဲ့ အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။


      လက်သန့်ဆေးရည်မှာ ပါတဲ့ Alcohol ပမာဏ ကြောင့် ဓါတ်မတည့်တဲ့ သူတွေမှာ အရေပြားယားယံမှုတွေ ခံစားရနိုင်ပေမယ့် အရေပြားလောက်ကျွမ်းသွားတဲ့ အခြေအနေထိ ရောက်ခဲ့တဲ့ အထောက်အထား တစ်စုံတစ်ရာ မရှိသေးဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ Alcohol ပါဝင်တဲ့ လက်သန့်ဆေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပေါ် WHO ရဲ့ ဖြေကြားမှုကို ဒီမှာ ကြည့်နိုင်ပါတယ်။





      Tags

      hand sanitizerburn the skinfalse newsလက်သန့်ဆေးအရေပြားလောင်ကျွမ်းသတင်းအတု
      Read Full Article
      Claim :   လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ဝေထားတဲ့ လက်သန့်ဆေးအတုကြောင့် လက်အရေပြားတွေ အပူလောင်သွားတယ် ဆိုတဲ့ ဓါတ်ပုံတွေအကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!