BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဝိုင်ဖိုင်မိဖို့ကမ်းကပ်ရာမှ...
သတင်းအတု

ဝိုင်ဖိုင်မိဖို့ကမ်းကပ်ရာမှ ဂျပန်သဘောၤသောင်တင်တယ်ဆိုတဲ့အချက်က မှန်ရဲ့လား

ပြီးခဲ့သည့် လက မောရစ်ရှနိုင်ငံက သန္တာကျောက်တန်းပေါ်မှာ သောင်တင်နေတဲ့ ဂျပန်သင်္ဘော Wakashio နဲ့ပါတ်သတ်ပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ပါတ်သတ်ပြီး မောရစ်ရှနိုင်ငံအာဏာပိုင်တွေက စုံစမ်းစစ်ဆေးချက်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 Aug 2020 7:10 AM IST
  • ဝိုင်ဖိုင်မိဖို့ကမ်းကပ်ရာမှ ဂျပန်သဘောၤသောင်တင်တယ်ဆိုတဲ့အချက်က မှန်ရဲ့လား

    အချက်အလက်အမှားတွေရောထွေးဖြန့်ဝေထားတဲ့ဒီသတင်းကို ဇူလိုင် ၂၅ ရက်က သန္တာကျောက်တန်းပေါ်မှာ သောင်တင်နေခဲ့တဲ့ ဂျပန်သဘောၤကြီးဟာ သင်္ဘောသား တစ်ဦးရဲ့ မွေးနေ့ကို ဆင်နွဲနေပြီး၊ အင်တာနက် Wifi ရလိုတဲ့ အတွက် ကမ်းခြေနား ကပ်မောင်းရာမှ သောင်ပေါ်တက်သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Blacker ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က သြဂုတ်လ ၁၅ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူ နှစ်ထောင်နီးပါး ရှိခဲ့ပါတယ်။ သင်္ဘောသောင်တင်ရတာနဲ့ ပါတ်သတ်ပြီး အခြားဖေစ့်ဘွတ်အကောင့်တွေကလည်း သုံးသပ်တင်ပြနေတာတွေရှိပြီး အများစုက ရေးကြောင်းသယ်ယူပို့ဆောင်ရေးသတင်းတွေ ရေးသားတင်ပြတဲ့ Splesh 247 ဝက်ဘ်ဆိုက်မှာ သြဂုတ်လ ၁၄ ရက်နေ့က ဖော်ပြခဲ့တဲ့ "မွေးနေ့ပါတီနဲ့ ဝိုင်ဖိုင်ကိုရှာပုံတော်ဖွင့်ခြင်းက ၀ ါကာရှီယိုကို မောရစ်ရှမှာ သောင်တင်စေတယ်" ဆိုတဲ့ သတင်းကို အခြေခံပြီး ရေးသားနေတာ တွေ့ရပါတယ်။


    Splash ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    မတော်တဆမှုကြောင့် မောရစ်ရှကမ်းလွန် အိန္ဒိယသမုဒ္ဒရာအတွင်းကို ရေနံ တန်ချိန် ၁၀၀၀ ခန့် ယိုဖိတ်စေခဲ့ပြီး သင်္ဘောကပ္ပတိန် အိန္ဒိယနိုင်ငံသား ဆူနီကူးမားကို ဘေးကင်းသော ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေမှုဖြင့် စွဲချက်တင် ဖမ်းဆီးထားပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ သတင်းတွေနဲ့ ပါတ်သတ်ပြီး သတင်းဆန်းစစ်ချက်ပြုလုပ်ရာမှာ စုံစမ်းစစ်ဆေးမှုတွေက ပြုလုပ်နေဆဲဖြစ်ပြီး သင်္ဘောအနေနဲ့ ကမ်းခြေက ၁၆ ကီလိုမီတာအကွာကနေသွားရမယ့်အစား ၂ ကီလိုမီတာ အကွာကနေဘာလို့ သွားခဲ့လဲ ဆိုတာ မီဒီယာတွေမှာ အသားပေးဖော်ပြနေတဲ့ အတွက် ဝိုင်ဖိုင်လိုင်းမိဖို့အတွက်လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတာပါ။


    အမေရိကန်အခြေစိုက် ဗွီအိုအေ သတင်းဌာနမှာ သြဂုတ်လ ၁၈ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့ပါ။


    ဂျပန်နိုင်ငံအခြေစိုက် The Japantimes သတင်းဌာမှာ သြဂုတ်လ ၁၉ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းမှာတော့ မောရစ်ရှအာဏာပိုင်တွေက သဘောၤလုပ်သားတစ်ဦးရဲ့ပြောကြားချက်အရ မွေးနေ့ပွဲလုပ်ခဲ့တယ်ဆိုတာ မှန်ပေမယ့် သင်္ဘောသောင်တင်တဲ့ အချိန်လုပ်တာလား အဲ့နေ့အစောပိုင်းက လုပ်တာလားဆိုတာ ကွဲကွဲပြာပြားမသိရသေးဘူးလို့ ပြောဆိုထားပါတယ်။

    နောက်ထပ် မီဒီယာတွေမှာ ဖော်ပြနေတဲ့ ဝိုင်ဖိုင်လိုင်းရဘို့ ကမ်းခြေနားကပ်ပြီးမောင်းတယ်ဆိုတာတော့ မဟုတ်ကြောင်းနဲ့ ဖုန်းလိုင်းရဘို့အတွက်နဲ့ ကမ်းခြေနားကပ်မောင်းစရာ မလိုဘူးလို့ ပြောဆိုထားပါတယ်။

    The Japantimes သတင်းဌာရဲ့ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    The Wakashio grounded on a reefWakashioThe wrecked shiptonnes of bunker fuelဂျပန်သင်္ဘောသောင်တင်ဂျပန်သင်္ဘော Wakashio
    Read Full Article
    Claim :   ဂျပန်သင်္ဘော Wakashio နဲ့ပါတ်သတ်ပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!