BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီပုံတွေက...
သတင်းအတု

ဒီပုံတွေက လက်ရှိဒုက္ခသည်တွေရဲ့ပုံတွေမဟုတ်ပါ

ကယားပြည်နယ်မှာ စစ်ပွဲကြောင့် ပြေးလွှားပုန်းခိုနေရတဲ့ဖြစ်စဉ်တွေရှိပေမယ့် ဒီပုံတွေ အာဏာသိမ်းဖြစ်ရပ်တွေမတိုင်ခင်က ဖြစ်ပွားခဲ့တဲ့ စစ်ဘေးရှောင်တွေရဲ့ပုံတွေသာဖြစ်ပါတယ် ။

By - Boom Live Myanmar |
Published -  2 Jun 2021 11:03 AM IST
  • ဒီပုံတွေက လက်ရှိဒုက္ခသည်တွေရဲ့ပုံတွေမဟုတ်ပါ

    ပြီးခဲ့တဲ့ရက်တွေက လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တဲ့ ပုံတချို့မှာ မိုးရေထဲမှာ ငှက်ပျောရွက်ခေါင်းပေါ်ဆောင်းပြီး ငိုယိုပြေးလွှားနေတဲ့ကလေးပုံရယ်၊ မိုးရေထဲက ရွက်ဖျဉ်တဲတစ်ခုအောက်မှာ ခိုလှုံနေတဲ့မိသားစုတစုပုံရယ်က အများအပြားပြန့်နှံ့ခဲ့ပါတယ် ပုံတွေနဲ့အတူ ရေးသားထားတဲ့ပို့စ်တွေမှာ ဒီထဲကလူတွေဟာ ကယားပြည်နယ်မှာဖြစ်ပွားနေတဲ့ လက်ရှိစစ်ပွဲတွေကြောင့် ပုန်းရျောင်နေရတဲ့ဒုက္ခသည်တွေရဲ့အခြေအနေအဖြစ်ပုံဖေါ်ရေးသားကြတာဖြစ်ပါတယ်။

    ဒီဖြန့်ဝေမှုတွေကို Saw Eh Say Moo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၆ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး Justice For Karenni ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ထပ်မံဖြန့်ဝေခဲ့ပါတယ်။
    ဒီပုံတွေနဲ့ တွဲဖက်ရေးသားတဲ့စာတွေမှာ "မိုးရွာနေရင် ငါတို့ကနွေးနွေထွေးထွေးခိုလှုံမယ့်အိမ်ရှိတယ်။ တစ်ချို့မှာကျတော့ ငှက်ပျောရွက်လေးအုပ်ပြီး မိုးခိုနေရရှာတယ်။" လို့ ရေးသားဖြန့်ဝေနေတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ဒီပို့စ်တွေမှာပါတဲ့ပုံတွေဟာ လက်ရှိအဖြစ်အပျက်နဲ့ လုံး၀အစပ်အဆက်မရှိတဲ့ပုံတွေသာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ မေလအကုန်ပိုင်းမှာအရှိန်မြင့်တက်ခဲ့တဲ့စစ်ပွဲနဲ့ စစ်ကောင်စီက အပြင်းအထန်ချေမှုန်းမှုတွေကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲအစရှိတဲ့နေရာအသီးသီးက ဒေသခံတွေဘေးလွတ်ရာကိုပြေးလွှားရှောင်းရှားခဲ့ရပါတယ်။ ဒီအခြေအနေတွေကို ဒေသခံမီဒီယာဖြစ်တဲ့ ကန္တာရ၀တီတိုင်းမ် နဲ့ ဘီဘီစီသတင်းဌာနကရေးသားထာတဲ့ ကယားပြည်နယ်တိုက်ပွဲတွေ ဘယ်လို အရှိန်မြင့်တက်လာခဲ့သလဲ ဆိုတဲ့ဆောင်းပါးမှာဖတ်ရှုနိုင်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုတွေမှာ ပါဝင်တဲ့ ဓါတ်ပုံတွေဟာ ၂၀၁၀ မတိုင်မီက ရိုက်ကူးဖော်ပြထားတဲ့ ပုံအများစုဖြစ်ပြီး လက်ရှိအဖြစ်အပျက်တွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။


    အထက်ဖော်ပြပါပုံမှာ The Karen Tribe ဘလော့မှာ ဖော်ပြထားတဲ့ ပုံပါဆောင်းပါးဖြစ်ပြီး ဒီဆောင်းပါးကို Independent သတင်းဌာနက ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ကတည်းက ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

    အောက်ဖော်ပြပါပုံမှာ ရက်စွဲနဲ့တကွ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။


    The Karen Tribe နဲ့ Independent က ဖော်ပြထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ဒီဖြန့်ဝေမှုမှာ ပါဝင်တဲ့ မိသားစုဖြစ်ဟန်တူသူတွေ မိုးခိုနေတဲ့ ပုံကိုတော့ "ဘင်္ဂလားဒေ့ရ်ှမှ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေကို ဖြေရှင်းဘို့ အမေရိကန်တိုက်တွန်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ newsbd 71 ဆိုတဲ့ ဘလော့မှာ 2011 ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒီဓါတ်ပုံကိုပဲ အသုံးပြုပြီး ကချင်ဒုက္ခသည်တွေဆိုပြီး ဖြန့်ဝေနေတာတွေလည်း ၂၀၁၆ ခုနှစ်အတွင်းမှာ ရှိခဲ့ပါသေးတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    A Karen childOld imagesbanana leavesKaren Peopleဘင်္ဂလားဒေ့ရ်ှမြန်မာဒုက္ခသည်
    Read Full Article
    Claim :   ငှက်ပျောရွက်တွေအုပ်ပီး မိုးခိုနေတဲ့ ကရင်မိသားစုဓါတ်ပုံဟောင်းတွေ အသုံးပြုပြီး လက်ရှိအဖြစ်အပျက်ပုံစံ ရေးသားဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!