BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံကိုကိုယ်စားပြု...
သတင်းအတု

မြန်မာနိုင်ငံကိုကိုယ်စားပြု ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အောင်လမပြောပါ

အောင်လအန်ဆန်အနေနဲ့ စစ်ကောင်စီ လက်ထက်အတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မယှဉ်ပြိုင်လိုတဲ့အတွက် နောက်ထပ် ပွဲတွေမှာလည်း ကိုယ်စားပြုပြိုင်မှာ မဟုတ်ကြောင်း ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ပို့စ်တွေ လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  6 Aug 2021 10:35 AM IST
  • မြန်မာနိုင်ငံကိုကိုယ်စားပြု ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အောင်လမပြောပါ

    ဒီဖြန့်ဝေမှုတွေကို ဇူလိုင်လ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကျင်းခဲ့တဲ့ One Championship ရဲ့ BATTLEGROUND ပြိုင်ပွဲအပြီးမှာ စတင်ဖြန့်ဝေနေတာပါ။ ဒီပွဲမှာ အောင်လအန်ဆန်က ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးသတ် အနိုင်ယူခဲ့ပါတယ်။

    ဖြန့်ဝေမှုထဲမှာတော့ အနိုင်ရခဲ့တဲ့ အောင်လအန်ဆန်က "စ.က.စလက်အောက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း၊ နောက်ထပ် ထိုးသတ်မယ့် ပွဲတွေမှာလည်း နိုင်ငံကိုယ်စားပြုမှာ မဟုတ်ကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လေ့ကျင့်ကွင်းကို သွားရတာတောင် အတော် အားတင်းပြီးသွားခဲ့ရကြောင်း၊ စစ်အာဏာသိမ်းတာ မကျေနပ်တဲ့ အနေနဲ့ သူပွဲ ထွက်ရင် ဖွင့်လေ့ရှိတဲ့ သီချင်းကို မဖွင့်တော့တဲ့အပြင် မြန်မာနိုင်ငံအလံကိုလည်း မခြုံတော့ကြောင်း၊ အရေးတော်ပုံ အောင်နိုင်မှ သာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း" တွေ ရေးသားထားတာပါ။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုတွေဟာ မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာနိုင်တဲ့အပြင် နိုင်ငံရေးနဲ့ ဆက်နွယ်ကာ လုပ်ကြံရေးသားတဲ့အတွက် BOOM က သတင်းဆန်းစစ်ခဲ့တာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီလိုဖြန့်ဝေနေတဲ့ အချက်တွေကို အောင်လအန်ဆန်အနေနဲ့ ဘယ်နေရာမှာ ဘယ်မီဒီယာ၊ သတင်းဌာနကို ပြောကြားတယ်ဆိုတဲ့ အချက်အလက်တွေ မပါရှိတဲ့အပြင် ယုံကြည်ရတဲ့ မီဒီယာတွေမှာ ဖော်ပြထားတာကိုလည်း တွေ့ရှိရခြင်း မရှိပါဘူး။အလားတူသူ့ရဲံ ဖေ့စ်ဘွတ်အကောင့် နဲ့ page တွေမှာလည်းရေးသားထားတာမျိုးမရှိပါဘူး။

    ဒါ့အပြင် ပွဲအစမှာ အစီအစဉ်တင်ဆက်သူ ကြေငြာမှုထဲမှာ မြန်မာနိုင်ငံကိုယ်စားပြု (Representing Myanmar) လို့ ပြောထားတဲ့အပြင် ရုပ်သံတွေမှာလည်း From Myanmar လို့လည်း စာတမ်းထိုးထားတာ တွေ့ရမှာပါ။


    အစီအစဉ်တင်ဆက်သူရဲ့ အသံနဲ့ ရုပ်သံဖိုင်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ နားထောင်ကြည့်ရှု့နိုင်ပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်နဲ့ တွစ်တာအကောင့် တွေမှာလည်း ခုဖြန့်ဝေနေသလို ရေးသားပြောဆိုထားတာ တွေ့ရခြင်းမရှိပါ။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ပွဲအပြီးမှာ အောင်လက "မြန်မာပြည်ကလူတွေအတွက် ကျနော်ဆုတောင်းပေးချင်ပါတယ်။ ဒီနှစ်က လူတိုင်းအတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ပါ ။ အထူးသဖြင့် ကျနော့်အတွက်လည်း တော်တော်ခက်ခဲပါတယ် ။ တိုင်းပြည်က ဒီလိုအခြေအနေတွေ ကြုံနေရတဲ့အချိန်မှာ ပြိုင်ပွဲအတွက် လေ့ကျင့်ဖို့တောင် စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲပါတယ် ။ မြန်မာပြည်က တာဝန်ရှိသူူတွေ အနေနဲ့ ကိုယ်ကျိုးစီးပွားထက် တိုင်းပြည်အနာဂတ်အတွက် ကြည့်ပေးကြစေလိုပါတယ်" လို့ ပြောဆိုသွားပါတယ်။

    Tags

    One ChampionshipBATTLEGROUNDအောင်လအန်ဆန်ဘရာဇီးလ်ဖိုက်တာWorld Championမြန်မာနိုင်ငံကိုယ်စားပြုRepresenting MyanmarMilitary Coup Myanmarmilitary government
    Read Full Article
    Claim :   အောင်လအန်ဆန်အနေနဲ့ စစ်ကောင်စီ လက်ထက်အတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မယှဉ်ပြိုင်လိုတဲ့အတွက် နောက်ထပ် ပွဲေွတမှာလည်း ကိုယ်စားပြုပြိုင်မှာ မဟုတ်ကြောင်း ပြောဆိုတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!