BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အတိုင်ပင်ခံမွေးနေ့အတွက်ရည်ရွယ်ပြီး...
သတင်းအတု

အတိုင်ပင်ခံမွေးနေ့အတွက်ရည်ရွယ်ပြီး တပ်မတော်က တကယ်ဖြေလျှော့မှူတွေရှိသလား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် တပ်မတော်အနေနဲ့ တတ်နိုင်တဲ့ဘက်မှ အစွမ်းကုန်ကူညီသွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ပြောတယ်ဆိုပြီးဖြန့်ဝေမှေူတွေ ပေါ်ထွက်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 July 2020 9:23 PM IST
  • အတိုင်ပင်ခံမွေးနေ့အတွက်ရည်ရွယ်ပြီး တပ်မတော်က တကယ်ဖြေလျှော့မှူတွေရှိသလား

    ဒီသတင်းအတုကို Za la Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှ ဇွန်လ ၂၁ ရက် ည ၁၀ နာရီခွဲခန့်မှာ စတင်ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး လူပေါင်းတစ်သောင်းနီးပါးက ဆက်လက်ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

    သူ့ရဲ့ ရေးသားဖြန့်ဝေမှုထဲမှာ ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုတယ်လို့ဆိုပြီး "ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာစေရေးနဲ့ ထာဝရပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့ တတ်နိုင်တဲ့ဘက်မှ အစွမ်းကုန်ကူညီသွားမှာဖြစ်ကြောင်း၊ "သမ္မတရာထူးအတွက်" ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်ဆိုတာ မဟုတ်ဘဲ ခေတ်မှီပြီး professional ဆန်တဲ့ federal ပြည်ထောင်စုတပ်မတော်တစ်ရပ်ကို ထူထောင်သွားလိုတဲ့ ဆန္ဒကြောင့်သာ လက်ရှိရာထူးကို သက်တမ်းတိုးယူထားရခြင်း ဖြစ်ကြောင်း၊ စစ်သားတစ်ယောက် ဖြစ်တာကြောင့် နိုင်ငံရေးနဲ့ ပတ်သက်လိုတဲ့ ဆန္ဒလုံးဝမရှိကြောင်း၊ များမကြာမီမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးကထွက်ခွာပြီး မိမိတို့မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကိုသာ လုပ်ဆောင်လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့ မြန်မာပြည်ကို အချိန်ကြာကြာဦးဆောင်သွားနိုင်စေဖို့ ဆန္ဒပြုကြောင်း" ရေးသားထားတာပါ။ ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းအတုကို ဖြန့်ဝေခဲ့တဲ့ Za la Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ အကောင့်ပုန်း တစ်ခုအဖြစ် သုံးစွဲနေတာဖြစ်ပြီး အဲ့ဒီအကောင့်မှာ နိုင်ငံရေးအရ ဝါဒဖြန့်ချိထားတဲ့စာတွေ သတင်းအမှားတွေ၊ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သတင်းတွေ၊ NLD ပါတီနဲ့ ဆက်စပ်တဲ့ သတင်းတွေ ရေးသားလေ့ရှိပြီး တပ်မတော်နဲ့ပတ်သက်တဲ့ တိုက်ခိုက်ပုတ်ခတ်မှူတွေကိုကိုလည်းဝေမျှလေ့ရှိတာကိုတွေ့ရပါတယ်။ ဒီသတင်းကို သူ့အကောင့်တစ်ခုတည်းကနေသာမက တခြားဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာကလည်း ထပ်ဆင့်ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    ဒီရေးသားဖြန့်ဝေမှူမှာပါဝင်တဲ့ ကာချုပ်ပြောကြားတယ်ဆိုတဲ့ အချက်တွေကို BOOM Myanmar ကအချက်အလက် စစ်ဆေးကြည့်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဒီရေးသားဖြန့်ဝေမှူမှာပါဝင်တဲ့ DSA News ဆိုတဲ့ သတင်းရင်းမြစ်က တကယ်ရှိမနေပါဘူး။ အချက်တွေကို ယုံကြည်စိတ်ချရတဲ့ ဘယ်သတင်းဌာနတွေမှာမှ ဖော်ပြထားခြင်း မရှိသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝက်ဘ်ဆိုက်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေမှာလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။

    ရေးသားဖြန့်ဝေမှုမှာပါတဲ့ "မိမိဟာ စစ်သားတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံရေးနဲ့ ပတ်သက်လိုတဲ့ ဆန္ဒလုံးဝမရှိဘဲ ၂၀၀၈ခုနှစ် နိုင်ငံဝောာ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့တာဝန်တွေကိုသာ မဖြစ်မနေယူနေရခြင်း ဖြစ်ကြောင်းနဲ့ များမကြာမီမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးကထွက်ခွာပြီး မိမိတို့မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံတော်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွား ကာကွယ်ရေးကိုသာ လုပ်ဆောင်လိုတယ်လို့လည်းဆိုပါတယ်။" ဆိုတဲ့ ပြောဆိုချက်ကို ပထမဆုံး ဆန်းစစ်ပါမယ်။

    ဒီလိုဆန်းစစ်ရာမှာ ဦးစည်သူအောင်မြင့် ရေးသားပြီး VOA သတင်းဌာန ဝက်ဘ်စာမျက်နှာမှာ မတ်လ ၂ ရက်နေ့က ဖော်ပြခဲ့တဲ့ "လွှတ်တော်တွင်း ဆွေးနွေးမှုတွေကနေ တပ်မတော်ရဲ့ ရပ်တည်ချက် ကို ဘယ်လို ပုံဖော်မလဲ" ဆိုတဲ့ သတင်းသုံးသပ်ချက် ဆောင်းပါးပါ အချက်များနဲ့တိုက်စစ်ကြည့်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာအခုလိုရေးသားထားတာတွေပါဝင်ပါတယ်။ မတ်လအတွင်းက ပြည်ထောင်စုလွှတ်တော်ထဲမှာ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ဆွေးနွေးဖို့ လွှတ်တော်နာယက က ၁၄၉ ယောက်ကိုပဲ ဆွေးနွေးခွင့်ပြုခဲ့ရာမှာ တပ်မတော်သား ကိုယ်စားလှယ် အယောက် ၅၀ နဲ့ အများကြီးပါဝင်နေတာမို့ အဲဒီဆွေးနွေးချက်တွေထဲကနေ ဒီကနေ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအရ ရပ်တည်ချက်၊ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် သဘောထားတွေကိုလည်း ထင်ထင်ရှားရှား မြင်လာရပါတယ်။

    ဆွေးနွေးချက်ထဲက လွှတ်တော်တွေအတွင်း တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်မှုကို ၁၀ နှစ်အတွင်း ၂၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျော့ချဖို့ရည်ရွယ်တဲ့ ဆွေးနွေးချက်ကို တပ်မတော် ခေါင်းဆောင်တွေဘက်က ခါးခါးသီးသီး ငြင်းပယ်ကာ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးရပြီး တိုင်းရင်းသားလက်နက်ကိုင်အရေး ဖြေရှင်းပြီးကာမှ နိုင်ငံရေးကနေ ထွက်ခွာသွားမယ်၊ တနည်း လွှတ်တော်တွင်း အလိုအလျောက် ပါဝင်မှုကနေ ဆုတ်ခွာမယ်လို့ ဆိုပါတယ်။ လို့ရေးစသားထားတာဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    လွှတ်တော်တွင်းဆွေးနွေးထားတဲ့ ဒီအချက်တွေကို ကြည့်ရင် "များမကြာမီမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးကထွက်ခွာမယ်" ဆိုတာ မှားယွင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။

    နောက်တချက် အနေနဲ့ တပ်မတော်နဲ့ NLD အစိုးရဆက်ဆံရေးကို ဆန်းစစ်ကြည့်ရာ NLD ပါတီ သဘာပတိ ဦးဝင်းထိန်နဲ့ BBC သတင်းဌာနတို့ အင်တာဗျူးထားချက်မှာ ဦးဝင်းထိန်ရဲ့ ပြောကြားချက်များကို ဖော်ပြရရင် "ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က နိုင်ငံ့ငြိမ်းချမ်းရေးရဘို့အတွက် တပ်မတော်မပါရင် မဖြစ်ဘူး။ တပ်မတော်ပါမှ ဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်မို့လို့ တပ်မတော်ကို သည်းခံပြီးနေတာ။ တပ်မတော်အနေနဲ့ ကျွန်တော်တို့လိုလားတဲ့ နိုင်ငံရေးလမ်းစဉ်ကို လက်ခံလာအောင်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောတူလက်ခံလာအောင် သည်းခံခဲတာပါ" ဆိုပြီး BBC သတင်းဌာနက "ဦးဝင်းထိန် သုံးသပ်တဲ့ မျက်မှောက် နိုင်ငံရေး (ဒုတိယပိုင်း)" ဆိုပြီး ဇွန်လ ၂၀ ရက်နေ့မှာ ဖော်ပြထားတာပါ။ BBC ရဲ့ အင်တာဗျူးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    မိနစ် ၂၀ ကျော်ကြာတဲ့ ဗွီဒီယိုအင်တာဗျူးရဲ့ ၁၉ မိနစ်ခန့်ှမှာ တပ်မတော်နဲ့ NLD အစိုးရရဲ့ ဆက်ဆံရေးအပေါ် ဦးဝင်းထိန် မှတ်ချက်ပေးလိုက်တာက "ခုထိလုပ် (တပ်အပေါ် အလျော့ပေး) သော်လည်းပဲ ကိုယ့်အမြင်ပြောရရင် တပ်ရဲ့ Response က အားရလောက်အောင် မရှိဘူး" ဆိုပြီး ပြောဆိုထားတာ တွေ့ရပါတယ်။

    တပ်ဘက်က လိုက်လျောမှုအကြောင်း ပြောဆိုရမှာ ဦးဝင်းထိန်က "တခုတော့ရှိတယ်။ ဟိုတုန်းက တပ်က ထွေအုပ်ကို သမ္မတအောက်ပို့တာ လက်မခံပေမယ့် ခုလက်ခံတယ်။ နောက်ထူးခြားချက်က ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ (ဗိုလ်ချုပ်မူးကြီး) မင်းအောင်လှိုင်ကနေ NLD ရုံးချုပ်ကို greeting card နှုတ်ခွန်းဆက်ကဒ် ပို့တယ်။ တခါမှ မရှိဘူး။ သူ့အတွက်တော့ ဒါက အကြီးကျယ်ဆုံး လိုက်လျောမှုပေါ့" လို့ ပြောဆိုတာကို ကြည့်ခြင်းအားဖြင့် လက်ရှိဆိုရှယ်မီဒီယာတွေပေါ် ပြန့်နှံ့နေတဲ့ အချက်တွေဟာ မှန်ကန်မှုမရှိကြောင်း သိနိုင်ပါတယ်။

    Tags

    fake newsState CounsellorDaw Aung San Suu KyiMilitaryconcessionsfederalNLD partyParliamentGovernmentElection2020 ElectionMin Aung Hlaing
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် တပ်မတော်အနေနဲ့ တတ်နိုင်တဲ့ဘက်မှ အစွမ်းကုန်ကူညီသွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM Myanmar က သတင်းဆန်းစစ် တင်ပြထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!