BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Hebron မြို့က မီးလောင်တဲ့ Video...
သတင်းအတု

Hebron မြို့က မီးလောင်တဲ့ Video အဟောင်းကို မကြာသေးခင် ဖြစ်ရပ်အဖြစ် သတင်းအမှားဖြန့်

အစ္စရေးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပါလစ္စတိုင်းတွေရဲ့ ရှေ့ဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ Heborn မြို့မှာ မီးလောင်နေတဲ့ Video အဟောင်းတစ်ပုဒ်ကို မကြာသေးခင် ဖြစ်ရပ်အဖြစ် ဖြန့်ထားတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 May 2024 1:21 PM IST
  • Hebron မြို့က မီးလောင်တဲ့ Video အဟောင်းကို မကြာသေးခင် ဖြစ်ရပ်အဖြစ် သတင်းအမှားဖြန့်

    အဆိုပါ Video ကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဧပြီလကုန်ပိုင်း ရက်က ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ မီးအကြီးအကျယ် လောင်ကျွမ်းနေတဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ Video အတွင်းမှာ တိုက်တာ အဆောက်အဦးတွေကြား မီးတောက်လောင်နေကာ မီးတောက်တွေ၊ မီးခိုးတွေ အူထွက်နေတာကို တွေ့ရပါတယ်။ ဒီ Video ကို တင်ထားပြီး အနောက်ဘက် ကမ်းမြှောင်ဒေသဖြစ်တဲ့ Heborn မြို့မှာ ဒီနေ့ည မြင်ရတာလို့ ဖော်ပြထားကာ ဟားမတ်တွေ မရှိတဲ့ အနောက်ဘက် ကမ်းမြှောင်ဒေသမှာ မီးလောင်နေတာလို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို လူမှုကွန်ယက် စာမျက်နှာတွေပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အစ္စရေးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပါလစ္စတိုင်းတွေရဲ့ ရှေ့ဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ Heborn မြို့မှာ မီးလောင်နေတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Video အဟောင်း တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    ရှေးဟောင်းမြို့တော်ဖြစ်တဲ့ Heborn မြို့ဟာ ယခင် ပါလစ္စတိုင်း တွေနေထိုင်ရာ ဖြစ်ပြီး နောက်ပိုင်း အစ္စတွေက သိမ်းပိုက်ကာ အပြည်အဝ ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် Video ဖြန့်ဝေသူက ဟားမတ်စ်တွေ မရှိတဲ့ အနောက်ဘက် ကမ်းမြှောင်ဒေသမှာ မီးလောင်နေတယ်လို့ ဖြန့်ထားတာ ဖြစ်ပါတယ်။

    တကယ်တမ်းတော့ ဒီ Video ဟာ အစ္စရေး-ဟားမတ်စ် လက်ရှိ ဖြစ်စဉ်နဲ့ မသက်ဆိုင်သလို ဒီရက်ပိုင်းထဲ ဖြစ်ပွားတဲ့ ဖြစ်စဉ်လည်း မဟုတ်ပါဘူး။ ၎င်း ဖြစ်စဉ်ဟာ ဖေဖော်ဝါရီလ လကုန်ပိုင်းရက်ထဲ Heborn မြို့က ပလတ်စတစ်စက်ရုံ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ Video သာ ဖြစ်ပါတယ်။

    Heborn မြို့က ပလတ်စတစ် စက်ရုံ မီးလောင်ခဲ့စဉ်က သတင်းအဟောင်းကို ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားဖြန့်သူဟာ အဆိုပါ Video ကို အသုံးပြုပြီး လက်ရှိကာလမှာ ဖြစ်သယောင် ဖြန့်ထားတာ ဖြစ်ပါတယ်။

    Tags

    False newsan old videoplastic factoryburningHebron cityသတင်းအမှားပလတ်စတစ်စက်ရုံ မီးလောင်
    Read Full Article
    Claim :   Hebron in the West Bank tonight. Hamas are not in the West Bank
    Claimed By :  Facebook, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!