BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြင်သစ်သမ္မတ...
သတင်းအတု

ပြင်သစ်သမ္မတ ကြက်ဥနဲ့ပေါက်ခံရတဲ့ဗီဒီယိုအဟောင်းကို ပုံစံပြောင်းမျှဝေနေ

လူမှုကွန်ယက်ပေါ်မှာ ပြင်သစ် သမ္မတ ကြက်ဥနဲ့ အပေါက်ခံရတဲ့ Video အဟောင်းတစ်ပုဒ် ကိုပြန်တင်ပြီး ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာအဖြစ် ပြန်လည်ဖြန့်ဝေနေကြပါတယ်။

By - Boom Live Myanmar |
Published -  28 Oct 2020 7:50 PM IST
  • ပြင်သစ်သမ္မတ ကြက်ဥနဲ့ပေါက်ခံရတဲ့ဗီဒီယိုအဟောင်းကို ပုံစံပြောင်းမျှဝေနေ

    အဲ့ဒီ Video ကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ Abdulaziz Rahman Abdulaziz @عبدالعزيز الرحمن عبدالعزيز ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ပြန်တင်ထားတာ ဖြစ်ပြီး Video က ၄၅ စက္ကန့်သာ ကြာမြင့်ပါတယ်။

    အဲ့ဒီ Video ကို slow motion အဖြစ် ပြန်လည်ပြင်ဆင်ထားတဲ့အတွက် လုံးထွေးနေတဲ့ အော်သံတစ်ခုသာ ကြားရပါတယ်။ ဒါ့အပြင် အဲ့ဒီ Video ဟာ အဆင့်ဆင့် ကူးယူပြီး ပြန်တင်နေတဲ့ Video ဖြစ်တဲ့အတွက် အရုပ်အရည်အသွေးကျနေပြီးရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။

    Video ထဲမှာတော့ ပြင်သစ်သမ္မတ မက်ခရွန်း ဟာ လူအများကြားထဲ ရောက်နေပြီး တစ်စုံတစ်ဦးက ကြက်ဥနဲ့ လှမ်းပစ်လိုက်တာကိုရိုက်ကူးမိထားတာ ဖြစ်ပါတယ်။ အဆိုပါ ၄၅ စက္ကန့် ကြာမြင့်တဲ့ Video ထဲမှာ ကြက်ဥနဲ့ အပစ်ခံရတဲ့ နေရာကို ထပ်ခါတလဲလဲ ပြထားပါတယ်။

    ဒီ Video တင်ထားတဲ့ အကောင့်ပိုင်ရှင်က ဘာသာရေး စော်ကားခွင့်ပြုတဲ့ ပြင်သစ်သမ္မတ စျေးထဲ ရောက်လာချိန် လူတချို့က သမ္မတရဲ့ မျက်နှာကို ကြက်ဥနဲ့ လှမ်းပေါက်လိုက်တာ ဖြစ်တယ်လို့ ရေးသားထားပြီး ကြက်ဥနဲ့ ပစ်သူတွေကို လေးစားဂုဏ်ပြုတယ်လို့ ရေးသားထားပါတယ်။

    အဆိုပါ Video ကို ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၅၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၄၀၀ ကျော် ရှိနေပြီး Like လုပ်ထားသူ ၈၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် အဲ့ဒီ Video ကို တဆင့်ပြန်လည် ကူးယူဖော်ပြသူ များလည်း ရှိနေပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ ဘာသာရေး စော်ကားခွင့်ပြုတဲ့အတွက် ပြင်သစ်သမ္မတကို စျေးထဲမှာ လူတချို့က ကြက်ဥနဲ့ ပေါက်ခဲ့တယ်ဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ Video ဟာ ၂၀၁၇ က အဖြစ်အပျက်ဟောင်းကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ Video ဟာ ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူထားပြီး သမ္မတလောင်းအဖြစ် ရွေးကောက်ခံထားတဲ့ မက်ခရွန်းဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပြုလုပ်တဲ့ စိုက်ပျိုးရေးပြပွဲတစ်ခုကို တက်ရောက်စဉ်မှာ ကြက်ဥ နဲ့ အပေါက်ခံခဲ့ရတဲ့ Video ပဲ ဖြစ်ပါတယ်။ ဒီ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ၂၀၁၇ ခုနှစ်က သတင်းအဟောင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

    မက်ခရွန်းဟာ ၂၀၁၇ မေလ (၇) ရက်နေ့မှာ မဲ ၆၆% ကျော် အနိုင်ရရှိပြီး သမ္မတအဖြစ် တင်မြောက်ခံခဲ့ရတာ ဖြစ်ပြီး သမ္မတ မဖြစ်ခင် စီးပွားရေး ဝန်ကြီးဘဝမှာ ကြက်ဥနဲ့ ၂ ကြိမ်အပစ်ခံရဖူးပါတယ်။ ပထမ တစ်ကြိမ်ဟာ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး လုပ်သားဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုသူတွေက စီးပွားရေးဝန်ကြီး မက်ခရွန်းကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ကြက်ဥနဲ့ ပစ်ပေါက်ခံရတဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    အဆိုပါ Video ဟာ တခြားနိုင်ငံတွေမှာလည်း ပျံ့နှံ့မှု များခဲ့ပြီး ဒီ အကြောင်းကို နိုင်ငံတကာ Fact Check အဖွဲ့တွေကလည်း သတင်းအမှားဖြစ်ကြောင်း သတင်းဆန်းစစ်ထားပါတယ်။

    ဒီအကြောင်းအရာကို Boom ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။


    Tags

    old videoFrench presidentbeaten with an eggEmmanuel Macronပြင်သစ်သမ္မတကြက်ဥနဲ့ပေါက်ဗီဒီယိုအဟောင်း
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ ဘာသာရေး စော်ကားခွင့်ပြုတဲ့အတွက် ပြင်သစ်သမ္မတကို စျေးထဲမှာ လူတချို့က ကြက်ဥနဲ့ ပေါက်ခဲ့တယ်ဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!