BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီကလေးလေးက ဂျက်မားငယ်ငယ်ကမဟုတ်ပါဘူး
သတင်းအတု

ဒီကလေးလေးက ဂျက်မားငယ်ငယ်ကမဟုတ်ပါဘူး

ဒီကလေးပုံကို လူမှုကွန်ရက်နေရာတော်တော်များများမှာ တွေ့ဖူးထားပြီး သူနဲ့ပတ်သက်တဲ့ စိတ်ခွန်အားဖြစ်ဖွယ် စာတချို့ကိုဖတ်ထားပြီးပြီဆိုရင် ဒီအကြောင်းအရာကိုဆက်လက်ဖတ်ရှုဖို့လိုပါတယ်။

By - Boom Live Myanmar |
Published -  24 Sept 2020 10:12 AM IST
  • ဒီကလေးလေးက ဂျက်မားငယ်ငယ်ကမဟုတ်ပါဘူး

    ဒီကလေးငယ်ဟာ နာမည်ကျော် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း Alibaba Group တည်ထောင်သူ ဂျက်မား ငယ်စဉ်ကပုံဆိုပြီး အွန်လိုင်းပေါ်ဖြန့်ဝေခဲ့တဲ့ပို့စ်တွေ မြင်ဖူးပြီးသားဖြစ်မှာပါ။ တကယ်တော့ ဒီကလေးငယ်က ဂျက်မားငယ်ငယ်ကပုံ မဟုတ်သလို ဂျက်မားလည်းမဟုတ်ပါဘူး။

    ဒီဓါတ်ပုံက ဂျက်မားငယ်စဉ်ကပုံဆိုပြီး၂၀၁၆ ခုနှစ် ကတည်းက အွန်လိုင်းပေါ်မှာ ဟိုးလေးတကြော် ဖြန့်ဝေနေခဲ့ကြတာဖြစ်ပြိး အခုအချိန်အထိလဲဆင့်ပွားဝေမျှနေတာတွေရှိနေဆဲဖြစ်ပါတယ်။ ဒါဆိုရင် သူကဘယ်သူလဲ။

    ဒီဓါတ်ပုံနဲ့ပတ်သက်ပြီး ရေးသားဖြန့်ဝေရာမှာ ဘဝခွန်အားဖြစ်စေမယ့် စာသားတချို့ရေးသားထားပြီး ဂျက်မားလိုငယ်စဉ်က ဆင်းဆင်းရဲရဲေ နခဲ့ရပေမယ့် ကြိုးစားခဲ့တဲ့အတွက် အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်လာတယ်ဆိုတဲ့ အကြောင်းအရာတွေကိုဖတ်ရှုပြီးဖြစ်မှာပါ။ ပြီးတော့ ဒီကလေးက ဂျက်မားဖြစ်ပါတယ်ဆိုတာကိုရောပေါ။

    ဥပမာအနေနဲံ ဒီပို့စ်ကိုကြည့်ပါ။

    "မဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေကို သင့်ခေါင်းထဲကနေမောင်းထုတ်ပစ်လိုက်တော့ တစ်ချိန်က ဂျက်မား...ဒီလို ဆင်းရဲ မွဲတေပြီး စုတ်ပြက်သတ်နေတဲ့ ကလေးလေး တစ်ယောက်ဟာ..အာရှမှာ အချမ်းသာဆုံးလူတစ်ယောက် ဖြစ်မှာလားလို့ အဲဒီအချိန်က ကျွန်တော်တို့ကိုမေးခဲ့ရင် ဘယ်လိုပြန်ဖြေမှာလဲ။

    ဒါပေမယ့် အခုချိန်မှာ သူဟာ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီးဆိုတာ အကုန်လုံးနီးပါးသိကြပါတယ်။ သူရဲ့ စိတ်ဓာတ်တွေကို အတုယူစေချင်တယ်။

    မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ်တွေကို သင့် ခေါင်းထဲကနေ မောင်းထုတ်ပစ်လိုက်ပါ။" စတဲ့ စာသားတွေ ရေးသားထားတာပါ။

    ဖြန်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမှန်တော့ ပုံထဲက ကလေးဟာ ဂျက်မားနဲ့ ရုပ်ဆင်တူတဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစီးပြည်နယ် က Fan Xiaoqin ဆိုတဲ့ကလေးဖြစ်ပြီး အွန်လိုင်းမှာ သူ့ရဲ့ဓါတ်ပုံပျံ့နှံ့ချိန် ၂၀၁၆ ခုနှစ်တုန်းက ၈ နှစ်အရွယ်သာ ရှိသေးတာပါ။ ကလေးရဲ့ မိသားစုဟာ ဆင်းရဲနွမ်းပါးလွန်းတဲ့အတွက် အစိုးရထောက်ပံ့မှုအပေါ်မှီခိုနေရတယ်လို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က ဘီဘီစီသတင်းဌာန မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။


    အွန်လိုင်းပေါ်မှာ တစတစ နာမည်ကြီးလာတဲ့ ဒီကလေးကို ငွေသား၊ အသုံးအဆောင်လှူဒါန်းလာကြသူတွေရှိသလို တချို့ကလည်း ပညာရေးထောက်ပံ့မှုတွေ လုပ်ဘို့ ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီလိုကမ်းလှမ်းမှုတွေအထဲ ဂျက်မားကိုယ်တိုင် သူနဲ့ ရုပ်ချင်းဆင်တူတဲ့ ဒီကလေးကို ပညာရေးဆုံးခန်းတိုင်သည်အထိထောက်ပံ့မယ်လို့ ၂၀၁၆ ခုနှစ်အတွင်းက ရေးသားတဲ့ တချို့တချို့မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။


    အထက်ဖော်ပြပါပုံမှာ China Daily သတင်းဌာနနဲ့ The Straits Times သတင်းဌာနတွေမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းဖော်ပြထားတဲ့ သတင်းတွေပေါ။ သတင်းပါအကြောင်းအရာက "Alibaba တည်ထောင်သူ ဂျက်မားက ကလေးငယ်ကို ဘွဲ့ရတဲ့အထိ ငွေကြေးထောက်ပံ့မယ်" ဆိုပြီးရေးသားထားတာပါ။ ဒီသတင်းကို The economic times သတင်းဌာနမှာလည်း ဖော်ပြထားပါသေးတယ်။ ရေးသားဖော်ပြမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါပေမယ့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ဖော်ပြခဲ့တဲ့ Fortune သတင်းဌာနရဲ့ သတင်းနဲ့ BBC သတင်းဌာနရဲ့ သတင်းတွေမှာတော့ ဒါက မဟုတ်ဘူးဆိုပြီး ရေးသားထားပါတယ်။


    မီဒီယာတွေမှာဖော်ပြနေတဲ့ ကလေးရဲ့ ပညာရေးကို ဂျက်မားထောက်ပံ့မယ်ဆိုတဲ့ အချက်ကို Alibaba က ပြောရေးဆိုခွင့်ရှိသူက ငြင်းပယ်ထားတယ်ဆိုပြီး ရေးသားထားတာပါ။ သတင်းဖော်ပြမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Alibaba Group founderChina's richest menEducation fundMini Jack MaChina's second richest manChinaပညာရေးထောက်ပံ့ငွေ
    Read Full Article
    Claim :   နာမည်ကျော် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း Alibaba Group တည်ထောင်သူ ဂျက်မား ငယ်စဉ်ကပုံဆိုပြီး အွန်လိုင်းပေါ်ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!