BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ဝတ်စုံနဲ့...
သတင်းအတု

NLD ဝတ်စုံနဲ့ ကင်ညာနိုင်ငံကပုံတွေကို ICJ ကိစ္စဖိအားပေးသူများအဖြစ် ပုံဖျက်ရေးသားတဲ့အကြောင်းအရာ

မြန်မာနဲ့ အာဖရိကလူမျိုးအချို့ NLD ပါတီ တံဆိပ်ပါ အင်္ကျီတွေဝတ်ဆင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) ကို တိုင်ကြားခဲ့တဲ့ ဂမ်ဘီယာနိုင်ငံသားတွေဆိုပြီး ဆိုရှယ်မီဒီယာပေါ်ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 Sept 2020 2:43 PM IST
  • NLD ဝတ်စုံနဲ့ ကင်ညာနိုင်ငံကပုံတွေကို ICJ ကိစ္စဖိအားပေးသူများအဖြစ် ပုံဖျက်ရေးသားတဲ့အကြောင်းအရာ

    ဒီပိုစ့်ကို ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ (Yin Min Myint Swe) က သူမရဲ့ ကိုယ်တိုင်သုံးစွဲတဲ့ ဖေစ့်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ဒီပုံတွေက မြန်မာနိုင်ငံကို တရားလိုပြုလုပ်ပြီး တရားစွဲတဲ့ Gambia နိုင်ငံကနိုင်ငံသားတွေလို့သိရပါတယ်။ ဒီပုံဟာ သာမာန်ကြည့်ရင်တော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတစ်ခုကို ပြည်ပကဝန်းရံအားပေးတယ်လို့ မှတ်ယူလို့ရပေမယ့် မြင်အောင်ကြည့်မယ်ဆိုရင် လက်ရှိအာဏာရအစိုးရအပေါ် ICJ တရားရုံးအမှုအတွက် ဖိအားပေးခြင်းသက်သက်သာဖြစ်ပါတယ်။ တွေးခေါ်ဆင်ခြင်နိုင်စွမ်းရှိကြမယ်ထင်ပါတယ်ရှင်" ဆိုပြီး ဖြန့်ဝေခဲ့တာပါ။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM အနေနဲ့ ဒီရေးသားဖြန့်ဝေမှုကို ဆန်းစစ်ရာမှာ ပိုစ့်အောက်က မှတ်ချက်တချို့မှာ ဒါဟာ ဂမ်ဘီယာနိုင်ငံသားတွေ "ဒီပုံတွေက မြန်မာနိုင်ငံကို တရားလိုပြုလုပ်ပြီး တရားစွဲတဲ့ Gambia နိုင်ငံကနိုင်ငံသားတွေလို့သိရပါတယ်" ဆိုတဲ့အချက်ကိုကြည့်ရအောင်ပါ။

    တကယ်တော့ ဒီပုံတွေက စက်တင်ဘာ ၁၅ ရက်မှာကတည်းက ကင်ညာနိုင်ငံက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မနှင်းမွန်ဦးဆိုတဲ့ အမျိုးသမီးတစ်ဦးစတင်ထားတာဖြစ်ပြီး သူ့ရဲမူရင်းပို့စ်မှာ အခုလိုရေးသားထားပါတယ်။

    မူရင်းပို့စ်မှာရေးသားထားချက်အရ ဝန်ထမ်းတွေနဲ့ ဒီလို ဓါတ်ပုံမျိုးရိုက်လို့ရအောင် စီစဉ်ပေးတဲ့ ကို ဝင်းကိုဆိုသူကို ကျေးဇူးတင်ကြောင်း၊ အဲ့ဒီစက်ရုံက ဝန်ထမ်းတွေက ဒေါ်အောင်ဆန်းစုကြည်ကိုကောင်းကောင်းသိကြောင်း၊ တူညီဝတ်စုံဝတ်ပြီးဓါတ်ပုံရိုက်ပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းရေးသားထားပြီးဝေမျှခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဓါတ်ပုံတွေနဲ့အတူစာရေးပြီးတင်ထားတဲ့ပို့စ်မှာ သူတို့လက်ရှိလုပ်နေတဲ့ ကင်ညာနိုင်ငံက Billiant Garments Epz Mombasa စက်ရုံတည်နေရကို ပါ Check In ဝင်ထားတာကိုတွေ့ရပါတယ်။


    ဒီစက်ရုံနဲ့ပတ်သက်လို့ ဆက်စပ် ရှာဖွေတဲ့အခါမှာ အဲ့ဒီစက်ရုံတည်နေရာကို Google Satellite ကနေပါတွေ့ရှိနိုင်ပြီး ကင်ညာနိုင်ငံမှာတကယ်ရှိတဲ့စက်ရုံကိုတွေ့ရနိုင်ပါတယ်။

    အဲ့ဒီအပြင်နောက်ထပ်တိုက်ဆိုင်စစ်ဆေးတဲ့အချက်က မူရင်းပို့စ်တင်ထားတဲ့အထဲက ပုံတစ်ပုံမှာ စက်ရုံအမိုးစွန်းတွေအများအပြားပါဝင်ပြီး လမ်းကြားပုံစံရှိတဲ့နေရာတစ်ခုကို နောက်ခံထားရိုက်ကူးထားတဲ့ပုံတစ်ပုံပါဝင်ပါတယ်။


    အထက်ပါပုံနှစ်ပုံကိုကြည့်ပါ။ Google earth မှာ မြင်ရတဲ့ပုံစံအရ အဲ့ဒီပုံရိုက်ကူးတဲ့နေရာနဲ့ နောက်ခံလမ်းအနေအထား စက်ရုံခေါင်မိုးနေရာတည်ရှိပုံတွေက ထပ်တူနီးပါးဖြစ်နေတာကြောင့် ဒါက ကင်ညာနိုင်ငံက Billiant Garments EPZ Mombasa စက်ရုံအတွင်းမှာ ရိုက်ကူးထားတာမှန်ကန်တယ်လို့ယူဆလို့ရပါတယ်။



    အထက်ပါ မှတ်ချက်ပေးသူ ပေးထားတဲ့ လင့်ကို စစ်ဆေးကြည့်ရှု့ရာမှာ ဒီဓါတ်ပုံတွေဟာ ကင်ညာနိုင်ငံ အထည်ချုပ်စက်ရုံက ဝန်ထမ်းတွေရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပြီး Hnin Mon Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စက်တင်ဘာလ ၁၅ ရက်နေ့က ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

    ဒီပို့စ်ထဲကပုံတွေကို ပြန်လည်ကူးယူပြီးရေးသားတဲ့ Yin Min Myint Swe အကောင့်ဟာမူလတင်ခဲ့သူရဲ့ပို့စ်ကို မြင်တွေ့ထားသူတွေကထောက်ပြရာမှာလည်း ငြင်းဆိုခဲ့ပြီး ဂမ်ဘီယာနိုင်ငံသားတွေဖြစ်ကြောင်း ICJ ကိစ္စကို ဖိအားပေးဖို့ပြသနေသူတွေဖြစ်ကြောင်း သူမတနေရာမှာမြင်တွေ့တယ်လို့ရေးသားထားပါသေးတယ်။ ဒီရေးသားချက်မှာတော့ ကမ်ဘီယာကပုံတွေလို့ပြောနိုင်တဲ့ အထောက်အထားတွေထည့်သွင်းရေးသားထားတာမျိုးမရှိပါဘူး။

    ယမင်းမြင့်ဆွေအကောင့်ဟာ ဒီလိုစွပ်ဆွဲရေးသားထားတဲ့အကြောင်းအရာအပေါ်ဖြစ်ရပ်အမှန်နဲ့ပတ်သက်လို့ ထောက်ပြပြောဆိုမှုတွေကြောင့် ပို့စ်တင်ပြီး နှစ်ရက်အကြာမှာ သူမရေးသားထားတဲ့မူရင်းအကြောင်းအရာအောက်မှာ Edit ဆိုတဲ့စာနဲ့အတူဖြည့်စွက်ချက်တစ်ခု ထပ်တိုးထားပါတယ်။

    "ဤပုံဟာ ဘယ်နိုင်ငံကနိုင်ငံသားပဲဖြစ်ဖြစ် မဲဆန္ဒရှင်ပြည်သူများမဟုတ်တာတော့ ငြင်းနိုင်မယ်မထင်ပါ။ ဒါ့ကြောင့် လက်ရှိအာဏာရအစိုးရကိုထောက်ခံကြောင်းပြသတယ်ဆိုတာဟာလည်း မြန်မာနိုင်ငံအကြောင်း နဂန်းတစ်လုံးမသိပဲဝန်းရံနေကြသူများသာဖြစ်ပြီး ဖိအားပေးခြင်းတစ်မျိုးဟုသာ မှတ်ယူပါတယ်။"

    အထက်ပါ ဖြည့်စွက်ရေးသားမှုမှာလည်း မူရင်းရေးသားချက်မှားယွင်းခဲ့ကြောင်းဝန်ခံထားတာမရှိတာကိုတွေ့ရပါတယ်။

    Tags

    International Court of JusticeGenocideWearing NLD Shirtရွေးကောက်ပွဲ2020 Myanmar ElectionElectionICJ တရားရုံး
    Read Full Article
    Claim :   မြန်မာနဲ့ အာဖရိကလူမျိုးအချို့ NLD ပါတီ တံဆိပ်ပါ အင်္ကျီတွေဝတ်ဆင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) ကို တိုင်ကြားခဲ့တဲ့ ဂမ်ဘီယာနိုင်ငံသားတွေဆိုပြီး ဆိုရှယ်မီဒီယာပေါ်ဖြန့်ဝေမှုတွေ အပေါ် BOOM သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!