BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မင်းမော်ကွန်းနဲ့အဖွဲ့...
      သတင်းအတု

      မင်းမော်ကွန်းနဲ့အဖွဲ့ ရန်ကုန်စစ်ဆင်ရေး ရောက်နေတယ်ဆိုတဲ့ သတင်းအတု

      သရုပ်ဆောင် မင်းမော်ကွန်းဦးဆောင်တဲ့ ကွန်မန်ဒိုအဖွဲ့ ရန်ကုန်ကို ရောက်နေပြီး ပြည်သူတွေကို အရေးပေါ် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာတွေဟာလုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  12 May 2022 9:06 AM IST
    • မင်းမော်ကွန်းနဲ့အဖွဲ့ ရန်ကုန်စစ်ဆင်ရေး ရောက်နေတယ်ဆိုတဲ့ သတင်းအတု

      ဒီအကြောင်းအရာကို Ournews4.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ မေလ ၄ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 7Day News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ထပ်မံကူးယူဖြန့်ဝေခဲ့ပါတယ်။ ဖြန့်ဝေရာမှာ "မင်းမော်ကွန်း live လွှင့်ပြီး ဒဲ့ပြောပြီ" လို့ ရေးသားကာ ၅ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခုလည်း ပါဝင်ပါတယ်။

      ဗွီဒီယိုပေါ်က ပုံစာမှာတော့ "ဗိုလ်ကြီးမင်းမော်ကွန်း ဦးဆောင်ပြီး ရန်ကုန်ကို ကွန်မင်ဒိုအဖွဲ့ရောက်နေ၊ ပြည်သူကို အရေးပေါ်ကြေညာပြီ" လို့ ပြုလုပ်ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      မင်းမော်ကွန်း live လွှင့်ပြီး ဒဲ့ပြောပြီဆိုတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှု့ရာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက CRPH - OFP Fundraising Program က ပြုလုပ်ခဲ့တဲ့ "ယုံကြည်ရာခြေလှမ်းများအတွက် ဆုလက်ဆောင်" ဆိုတဲ့ အစီအစဉ်မှာ သရုပ်ဆောင် မင်းမော်ကွန်း ပါဝင်တင်ဆက်ခဲ့တဲ့ ရုပ်သံကို ပိုင်းဖြတ်ပြီး ပြင်ဆင်ပြုလုပ်ထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်တာတွေ့ရပါတယ်။

      "ယုံကြည်ရာခြေလှမ်းများအတွက် ဆုလက်ဆောင်" ဆိုတဲ့ အစီအစဉ်ဟာ စစ်အာဏာရှင် ပြုတ်ကျရေး 5MillionChallenge မှာ ပါဝင်လှူဒါန်းခဲ့တဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေကို လက်​ဆောင်​ပြန်လည် ပေးအပ်ဘို့ ကံစမ်းမဲဖောက်ပွဲ ပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

      ဒီအစီအစဉ်အကြောင်းနဲ့ ကံစမ်းမဲဖောက်ပွဲကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      7 Day သတင်းဌာန နာမည်အသုံးပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု အကြောင်းကို BOOM က ဒီလအစောပိုင်းမှာလည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။


      သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Actor Min Maung Kunstate of emergencyသရုပ်ဆောင် မင်းမော်ကွန်းအရေးပေါ် ကြေညာကွန်မန်ဒိုအဖွဲ့CRPH - OFP Fundraising Program5MillionChallenge
      Read Full Article
      Claim :   သရုပ်ဆောင် မင်းမော်ကွန်းဦးဆောင်တဲ့ ကွန်မန်ဒိုအဖွဲ့ ရန်ကုန်ကို ရောက်နေပြီး ပြည်သူတွေကို အရေးပေါ် ကြောညာ
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!