BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စကစ သင်ရိုးမှာ...
      သတင်းအတု

      စကစ သင်ရိုးမှာ ကလေးငယ်တွေသင်ကြားရမယ့် ABCD ကဗျာဆိုတဲ့ သတင်းအမှား

      By - Boom Live Myanmar |
      Published -  12 Jun 2022 8:37 PM IST
    • စကစ သင်ရိုးမှာ ကလေးငယ်တွေသင်ကြားရမယ့် ABCD ကဗျာဆိုတဲ့ သတင်းအမှား

      ဒီသတင်းအမှားကို ဇွန်လ ၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ပြီး "စကစသင်ရိုး မှာ ကလေးငယ်ငယ်လေးတွေသင်မယ့် ABCD ကဗျာတဲ့ Non CDM ဆရာ၊ ဆရာမတွေဆိုတာ ဘဘ်လောက်ပညာ တတ်တတ် စာသင်တော်တော် မဖြစ်သင့် မလုပ်သင့်တာကို ဝေဖန်နိုင်တဲ့ ဦးနှောက်မပါဘူး" လို့ ရေးသားကာ ဆရာဆရာမတွေ သံပြိုင်သီဆိုနေတဲ့ ဗွီဒီယိုတစ်ခုနဲ့အတူ ဖြန့်ဝေနေတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဆရာဆရာမတွေ သံပြိုင်သီဆိုနေတဲ့ ဗွီဒီယိုထဲက သီချင်းဟာ တေးသံရှင် လွှမ်းမိုးသီဆိုထားတဲ့ "အချစ်အေဇက်" ဆိုတဲ့ သီချင်းဖြစ်ပြီး တေးရေး ကိုကိုအောင် (တောင်ကြီး) က ၁၉၈၃ ခုနှစ်လောက်ကတည်းက ရေးဖွဲ့ထားတာလို့ သိရပါတယ်။

      ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းက လူမှုမီဒီယာပေါ် ပျံ့နှံ့ခဲ့တာဖြစ်လို့ တေးရေးကိုကိုအောင် သမီးက ဖြေရှင်းခဲ့ရသေးတယ်လို့ သူမရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ရှင်းလင်းထားပါတယ်။


      ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒီဗွီဒီယိုဖိုင်ကို စတင်ဖြန့်ဝေခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာကတည်းက ဒီသီချင်းကို ကလေးတွေအတွက် သင်ထောက်ကူ ပြုလုပ်ဘို့ မသင့်တဲ့အကြောင်း "အေဘီစီ ဘရမ်ဒီ ချာချာလည်ပြီ" ဆိုတဲ့ ဆောင်းပါးအနေနဲ့ Dawei Watch သတင်းဌာနမှာ ဖော်ပြခဲ့ဘူးပါတယ်။


      ဆောင်းပါးရှင်က မူလတန်းပြ ဆရာမတွေကို ဆင့်ပွားသင်ပေးတဲ့ နွေရာသီမွမ်းမံသင်တန်းတစ်ခုမှာ သင်တန်းနည်းပြက သင်ပေးနေတဲ့ သီချင်းဗွီဒီယိုဖိုင်ကို ဖေစ့်ဘွတ်ပေါ်မှာ တွေ့ရာကနေ မလုပ်သင့်တဲ့အကြောင်း ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

      ဆောင်းပါးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒါကြောင့် ခုဖြန့်ဝေနေတဲ့ စကစ သင်ရိုးမှာ ကလေးငယ်တွေသင်ကြားရမယ့် ABCD ကဗျာဆိုတာဟာ ပိုစ့်အဟောင်းကို ပြန်လည်ဖြန့်ဝေနေတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

      Tags

      ကျောင်းသင်ရိုးABCD ကဗျာစကစသင်ရိုးNon CDM ဆရာ၊ ဆရာမschool curriculumABCD poetryFakenewsmilitary council
      Read Full Article
      Claim :   စကစ သင်ရိုးမှာ ကလေးငယ်တွေသင်ကြားရမယ့် ABCD ကဗျာ
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!