BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကပ်ပါးကောင်ကို ဗွီဒီယိုရိုက်ယူကာ...
သတင်းအတု

ကပ်ပါးကောင်ကို ဗွီဒီယိုရိုက်ယူကာ နွယ်ရှင်ပင်ဆိုပြီး ဖြန့်ဝေ

သစ်ပင်၊ နွယ်ပင် ပုံစံနဲ့ လှုပ်ရှားနေတဲ့ ကပ်ပါးကောင်တစ်ကောင်ကို နွယ်ရှင်ပင်ဆိုပြီး ဗွီဒီယိုရိုက်ယူကာ ဖြန့်ဝေနေတာတွေဟာ အချက်အလက် လွဲမှားနေပါတယ်။

By - Boom Live Myanmar |
Published -  14 July 2023 10:50 AM IST
  • ကပ်ပါးကောင်ကို ဗွီဒီယိုရိုက်ယူကာ နွယ်ရှင်ပင်ဆိုပြီး ဖြန့်ဝေ

    ဒီအကြောင်းအရာကို Aung Kyaw Min Min ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လထဲက ဖြန့်ဝေထားတာဖြစ်ပြီး ယနေ့တိုင် ထပ်ဆင့်ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်ကျော်ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နွယ်ရှင်ပင်ကို မမြင်ဖူးတဲ့သူတွေ မြင်ဖူးစေဖို့ပါ။ ကျွှန်တော်လဲ့ တစ်ခါမှ မမြင်ဖူးပါ။ အခုအကြိမ် ပထမ ဆုံးမြင်ဖူးခြင်းပါ။ မောင်တောမြို့၏ တောတွင်းတစ်နေရာ၌ တွေ့ခဲ့ပြီး မှတ်တမ်းရိုက်ကူး ခဲ့ပါသည်။ သွားလေမှာထူးခြားမှုတွေ တွေတတ်တာ မိမိ၏ ရှေ့ကုသိုလ်များလားမသိ’ ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

    ဗွီဒီယိုထဲမှာ နွယ်ပင်ပုံသဏ္ဍာန်ရှိတဲ့ အကောင်တစ်ကောင် လွန့်လူးနေတာ ဖြစ်ပါတယ်။

    ခုဖြန့်ဝေနေသလိုမျိုး နွယ်ရှင်ဆိုပြီး အခြားဖြန့်ဝေမှုတွေလည်း အများအပြား ရှိနေပါသေးတယ်။

    Shwemyintmo Dhamma Arbour ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ၂၀၂၀ ခုနှစ် စက်တင်ဘာလထဲမှာ နွယ်ရှင်ပင်ဆိုပြီးဖြန့်ဝေခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာလည်း ကူယူဖြန့်ဝေမှု အများအပြား ရှိခဲ့ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဗွီဒီယိုဖိုင်ထဲမှာပါဝင်တဲ့ အကောင်မျိုးကို မြန်မာနိုင်ငံမျိုးရင်း တိရစ္ဆာန်များ ဗဟုသုတမျှဝေခြင်းနှင့် အမျိုးအစားခွဲခြားခြင်းတွေ လုပ်ဆောင်နေတဲ့ ဖေစ့်ဘွတ်ဂရုဖြစ်တဲ့ Wildlife of Myanmar မှာ ပိုစ့်တင်မေးမြန်းမှုရှိခဲ့ရာမှာ ဒီဂရုက ပညာရှင်တွေ ပြန်လည် ဖြေကြားထားတာက ဒီအကောင်တွေဟာ မြင်းမှီးပိုး (သို့မဟုတ်) မြင်းမှီးသံကောင် (Horsehair worm) ဖြစ်ပြီး ပုရစ်နဲ့ နှံကောင်တို့ရဲ့ ကိုယ်မှာ တွယ်ကပ်နေတတ်တဲ့ ကပ်ပါးတမျိုးဖြစ်ကြောင်း ရှင်းပြထားပါတယ်။


    မြင်းမှီးသံကောင်တွေဟာ အသက်ရှင်သန်ဘို့ တခြားတိရစ္ဆာန်တွေဆီမှာ ခိုကပ်ပြီး အဆိုပါသားကောင်ဆိက အာဟာရတွေ စားသုံးတာဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ အဆိုပါသားကောင်ကို ထိန်းချုပ်နိုင်လာတာဖြစ်တယ်လို့ ပြန်လည်ဖြေကြားထားပါတယ်။

    တခြား သားငှက် တိရစ္ဆာန်တွေနဲ့ ပတ်သတ်ပြီး သိရှိလိုပါက မြန်မာနိုင်ငံ မျိုးရင်း တိရစ္ဆာန်တွေအကြောင်း ဗဟုသုတမျှဝေခြင်းနဲ့ အမျိုးအစား ခွဲခြားခြင်းတွေ လုပ်ပေးနေတဲ့ Wildlife of Myanmar (M.S.I) ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အဖွဲ့ဝင်ပြီး ကိုသိချင်တာကို ပုံနဲ့တကွ မေးမြန်းနိုင်ပါတယ်။

    ဒီဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မြင်းမှီးသံကောင်နဲ့ ပက်သက်တဲ့ အချက်အလက်အမှားတွေကို မကြာခနတွေ့နေရပြီး မတ်လအတွင်းကလည်း ဗုဒ္ဓဆံတော်ရှင်မြတ် လို့ဆိုကာ ဗွီဒီယိုရိုက်ယူ ဖြန့်ဝေခဲ့တဲ့အတွက် BOOM က ပြန်လည်ရေးသားဖော်ပြ ခဲ့ပါသေးတယ်။


    ဗွီဒီယိုထဲမှတော့ ရေထည့်ထားတဲ့ ပန်းကန်တစ်ချပ်ထဲမှာ အပ်ချည်မျှင်တစ်ခုစာ အမည်းရောင် အကောင်တစ်ကောင် လွန့်လူးနေတဲ့ မြင်ကွင်းပါဝင်ပြီး လူနှစ်ဦးက လက်အုပ်ချီကာ ဆံတော်ရှင်မြတ်အဖြစ်ဖူးမျှော်နေကြောင်းနဲ့ ပဲခူးတိုင်း လက်ပတန်းမြို့နယ် ဆင်ဖြူတော် မုန့်တိုက်ပိုင်ရှင်တစ်ဦးအိမ်မှာ ဌာပနာရန် ဖူးမျှော်နေခြင်းဖြစ်ကြောင်းပြောဆိုထားတာတွေပါဝင်ပါတယ်။

    ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး BOOM က သတင်းဆန်းစစ်ထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ကပ်ပါးကောင်နွယ်ရှင်ဗုဒ္ဓဆံတော်ရှင်မြတ်Parasiteliving vineFakevideo
    Read Full Article
    Claim :   ကပ်ပါးကောင်ကို ဗွီဒီယိုရိုက်ယူကာ နွယ်ရှင်ပင်ဆိုပြီး ဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!