BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အကြည်တော်ဝတ္တုကို...
သတင်းအတု

အကြည်တော်ဝတ္တုကို ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဝေဖန်တယ်ဆိုတာ မဟုတ်ပါဘူး

စာရေးဆရာ အကြည်တော်ရဲ့ လတ်တလာထွက်ရှိထားတဲ့ သူခိုး အမည်ရှိစာအုပ်နဲ့ပတ်သက်လို့ အွန်လိုင်းသုံးစွဲသူတွေကြားထဲမှာ စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။

By - Boom Live Myanmar |
Published -  8 Aug 2020 10:48 AM IST
  • အကြည်တော်ဝတ္တုကို ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဝေဖန်တယ်ဆိုတာ မဟုတ်ပါဘူး

    တစ်ဖက်မှာလည်း ဒီစာအုပ်နဲ့ပတ်သက်လို့ ထင်မြင်ယူဆချက်တွေပေါ်ထွက်နေပြီး သတင်းအမှားတွေလည်းပျံ့နှံ့နေပါတယ်။ ဒီစာအုပ်နဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြင်းပြင်းထန်ထန် ဝေဖန်ထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် လည်းပျံ့နှံ့ခဲ့ပါတယ်။

    အဆိုပါ သတင်းအမှားဟာ သြဂုတ်လ ၁ ရက်နေ့ခန်က စတင်ပျံနှံ့ခဲ့တာ ဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူ များစွာက ထပ်ဆင့်မျှဝေထားကြသလို ပြန်လည်ကူးယူ ဖော်ပြသူများစွာလည်း ရှိနေပါတယ်။ ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အကြည်တော်၏ သူခိုးအမည်ရှိ လုံးချင်းဝတ္ထုအပေါ် ပြည်ခိုင်ဖြိုးပါတီ ၏ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးမှ ပြင်းပြင်းထန်ထန်ဝေဖန်" လို့ ခေါင်းစဉ်တပ်ရေးသားထားပါတယ်။

    သတင်းရဲ့ အတွင်းပိုင်းမှာတော့ "မနေ့က ထွက်ရှိလာသည့် အကြည်တော်ရေးသားသည့် သူခိုးအမည်ရှိလုံးချင်းဝတ္ထုအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရ ဦးသိန်းထွန်းဦးမှ ပြင်းပြင်းထန်ထန်ဝေဖန် လိုက်ပါတယ်။ အကြောင်းအရာကို ဖတ်ကြည့်လိုက်ရင် သာမန် ရယ်စရာတွေ ရေးထားတဲ့ ဝတ္ထုလို့ထင်ရပေမယ့် စာရေးဆရာရဲ့ဆိုလိုရင်းက ကျွန်တော်တို့ပါတီ ကို စောင်းမြောင်း ရေးသားထား တာတွေဖြစ်နေတယ်။ သူရေးထားတာတွေမှာ ကျွန်တော်တို့ပါတီ အဖြစ်တွေနဲ့သေခြာတိုက်ကြည့်ရင် အမှန်တဝက် အမှားတဝက်တွေပါ။ စာဖတ်ပရိသတ်တွေ သူ့စာကိုဖတ်မိရင် စာဖတ်သူတွေစိတ်ထဲ ကျွန်တော်တို့ကို တကယ့်ငပေါသူခိုးတွေလို့ မြင်ကုန်အောင် စာပေအဆိပ်ခတ်ပြီး ပြည်သူလူထု ကိုမှိုင်းတိုက်နေတာလို့ ပြောလို့ရပါတယ်။ အဓိကအချက်က ရွှေးကောက်ပွဲ နီးလာမှ ဒီစာအုပ်ထွက်လာခြင်းဟာ နိူင်ငံရေးမှာ အကြီးစား လုပ်ကြံတာကိုပြည်ခိုင်ဖြိုးပါတီ ခံနေရပြီလို့ပြောချင်တာပါပဲ။ ကျွန်တော်တို့စာပေစိစစ်ရေးကိုလည်း အကြည်တော်ရေးသားတဲ့အဲ့ ဒီစာအုပ်နဲ့ ပတ်သတ်ပြီး တိုင်ကြားသွားမှာဖြစ်ပါတယ်။ ဦးသိန်းထွန်းဦး ( ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရ)" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    ဒီလိုရေးသားထားတဲ့အကြောင်းအရာကို လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူဖော်ပြသူ ရာဂဏာန်းကျော်အထိ ရှိခဲ့ပြီး လူပေါင်း သိန်းဂဏာန်းခန့်ထိ ပျံနှံ့ခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    စာရေးဆရာ အကြည်တော်ရဲ့ သူခိုးအမည်ရှိ ဝတ္ထုကို ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြင်းပြင်းထန်းထန် ဝေဖန်ခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က သတင်းအမှား ဖြန့်ဝေခဲ့ရတဲ့ ကာယကံရှင် ဖြစ်သူ ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာဒီအကြောင်းအရာကို သူပြောဆိုထားခြင်းမရှိကြောင်းဖြေကြားထားပါတယ်။

    ဒီလို ရေးသားဖြန့်ဝေမှုနဲ့ ပက်သက်ပြီး "အဲ့ဒီသတင်းသည် လုံးဝအမှား ဖြစ်ပါတယ်။ ကျွန်တော်သည် အကြည်တော်ကို ဖတ်လည်း မဖတ်ဖူးပါဘူး။ အခုရေးထားတဲ့ဟာက ကျွန်တော့ရဲ့ စာဖတ်တဲ့အလေ့အထကို သူနားမလည်ဘဲနဲ့ ကျွန်တော့်ကို အကြည်တော်ရဲ့ ဘာဆိုလားပဲဗျာ။ ကျွန်တော့်ကို သတင်းထောက်တွေကတော့ မေးတယ်။ အဲ့ဒီကိစ္စသည် လုံးဝ သတင်းအမှားပဲ ဖြစ်ပါတယ်။ ကျွန်တော်ပြောဆိုခြင်း ရေးသားခြင်း လုံးဝ မရှိခဲ့ပါ" လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက Boom Myanmar ကို အတည်ပြု ပြောကြားပါတယ်။

    သတင်းအမှား ဖြန့်ဝေမှုနဲ့ပတ်သက်လို့လည်း အခုလိုပြောပါတယ်။ "ရွေးကောက်ပွဲနီးလာလေလေ တိုက်ခိုက်မှုတွေ များလာလေလေပဲ။ အဲ့ဒီတိုက်ခိုက်မှုတွေက ဘယ်လို အဖွဲ့အစည်းမျိုးက လုပ်တယ် ဆိုတဲ့ဟာက လုပ်နေကြ အဖွဲ့အစည်းက လူတွေက သိသလို ပြည်သူများလည်း သိကြပါလိမ့်မယ်။ ဒါသည် ရွေးကောက်ပွဲကို ပြည်သူလူထုတွေ တွေဝေသွားအောင် မှားယွင်းသွားအောင် လုပ်ဆောင်မှု ဖြစ်တဲ့အတွက် အပြင်းအထန် ကန့်ကွက်ရှုံ့ချသလို ဥပဒေနဲ့အညီ ဖော်ထုတ် အရေးယူသင့်တာ အရေးယူသွားမှာ ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

    Tags

    Fake newsspokesperson of the USDPcriticizing Akyi Taw's novelသတင်းအတုအကြည်တော်သူခိုး ဝတ္တုပြည်ခိုင်းဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူသူခိုးဝတ္တုကိုဝေဖန်
    Read Full Article
    Claim :   စာရေးဆရာ အကြည်တော်ရဲ့ သူခိုးအမည်ရှိ ဝတ္ထုကို ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြင်းပြင်းထန်းထန် ဝေဖန်ခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က သတင်းအမှား ဖြန့်ဝေခဲ့ရတဲ့ ကာယကံရှင် ဖြစ်သူ ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!