BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်နယ်ထရမ့် က ဟစ်တလာပုံစံ...
      သတင်းအတု

      ဒေါ်နယ်ထရမ့် က ဟစ်တလာပုံစံ လိုက်လုပ်ကြောင်း ဖြန့်ထားတဲ့ ဓါတ်ပုံအတု

      ဒေါ်နယ်ထရမ့် လုပ်ကြံခံရစဉ်က ဓါတ်ပုံဟာ ဟစ်တလာရဲ့ ဓါတ်ပုံနဲ့ တူနေပြီး ၎င်းရဲ့ Idol ပုံစံ လိုက်လုပ်တာဖြစ်တယ်လို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  27 Aug 2024 8:01 PM IST
    • ဒေါ်နယ်ထရမ့် က ဟစ်တလာပုံစံ လိုက်လုပ်ကြောင်း ဖြန့်ထားတဲ့ ဓါတ်ပုံအတု

      အဆိုပါ ဓါတ်ပုံနဲ့ ဖြန့်ထားတဲ့ သတင်းအမှားကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်နေကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်နယ်ထရမ့်လုပ်ကြံခံရစဉ်က ဓါတ်ပုံအတိုင်း ဟစ်တလာရဲ့ ဓါတ်ပုံကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ပုံမှာ အမေရိကန် အလံနောက်ခံဖြစ်ပြီး ဟစ်တလာရဲ့ပုံမှာ နာဇီအလံ နောက်ခံပြုလုပ်ထားပါတယ်။ ထရမ့်ရဲ့ ဘေးမှာ လုံခြုံရေးအမျိုးသမီးတစ်ဦးက ၎င်းကို ဖက်ထားသလို ဟစ်တလာရဲ့ ဘေးမှာလည်း အမျိုးသမီးတစ်ဦး က ၎င်းကို ဖက်ထားပါတယ်။ ထရမ့်ရဲ့ ဘယ်ဘက်မှာ လုံခြုံရေးအမျိုးသားတစ်ဦးပါသလို ဟစ်တလာရဲ့ ဘေးမှာလည်း နာဇီစစ်ဝတ်စုံနဲ့ လုံခြုံရေး တစ်ဦး ပါဝင်ပြီး ဓါတ်ပုံ ၂ ပုံထဲက အမူအရာတွေကို ဆင်တုဖြစ်အောင် ပြုလုပ်ထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      ၎င်းဓါတ်ပုံကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒေါ်နယ်ထရမ့် လုပ်ကြံခံရစဉ်က ဓါတ်ပုံဟာ ဟစ်တလာရဲ့ ဓါတ်ပုံနဲ့ တူနေပြီး ၎င်းရဲ့ Idol ပုံစံ လိုက်လုပ်တာဖြစ်တယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာကို သုံးပြီး ဆင်တူဖြစ်အောင် လုပ်ထားတဲ့ ဓါတ်ပုံဖြစ်တာကို တွေ့ရပါတယ်။

      ဒေါ်နယ်ထရမ့် လုပ်ကြံခံရစဉ်က ဓါတ်ပုံဟာ သာမန်လက်သီးလက်မောင်း တန်းထားခြင်းသာဖြစ်ပြီး နာဇီတွေရဲ့ လက်သီးဆုပ်တဲ့ ပုံစံနဲ့ မတူပါဘူး။ နာဇီတွေဟာ လက်သီးဆုပ်တဲ့အခါ လက်ညိုးနဲ့ လက်ခလယ် ၂ ချောင်းကို အရှေ့ကို ပိုထုတ်ထားကြတာ ဖြစ်ပါတယ်။

      မူရင်း ဟစ်တလာရဲ့ ဓါတ်ပုံဟာ ၎င်းတစ်ဦးတည်း မတ်တပ်ရပ်နေတဲ့ပုံသာဖြစ်ပြီး ဒေါ်နယ်ထရမ့်ရဲ့ ပုံနဲ့ဆင်တူအောင် AI နည်းပညာနဲ့ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဟစ်တလာရဲ့ နာဇီတပ်တွေ လက်သီးဆုပ်တဲ့ပုံစံ နဲ့ ဟစ်တလာရဲ့ ဓါတ်ပုံကို ဒီ Link မှာ ကြည့်ပါ။

      ထရမ့်ရဲ့ ဓါတ်ပုံနဲ့ ဟစ်တလာရဲ့ ဓါတ်ပုံဆင်တူဖြစ်အောင် ပြုလုပ်ထားတဲ့အကြောင်း USA TODAY နဲ့ AFP က အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာတွေမှာ ဖတ်နိုင်ပါတယ်။



      Tags

      Fake newsFake photoTrumpHitlerAIဓါတ်ပုံအတုဒေါ်နယ်ထရမ့်ဟစ်တလာ
      Read Full Article
      Claim :   ဒေါ်နယ်ထရမ့် လုပ်ကြံခံရစဉ်က ဓါတ်ပုံဟာ ဟစ်တလာရဲ့ ဓါတ်ပုံနဲ့ တူနေပြီး ၎င်းရဲ့ Idol ပုံစံ လိုက်လုပ်တာဖြစ်တယ်
      Claimed By :  Facebook, Threads, X
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!