BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘီးလင်းအမတ်အဖြစ် ရေးသားဖြန့်ဝေတဲ့...
သတင်းအတု

ဘီးလင်းအမတ်အဖြစ် ရေးသားဖြန့်ဝေတဲ့ ပုံတစ်ပုံမှားယွင်းနေ

အမျိုးသမီးတစ်ဦး ဘောင်းဘီတိုနဲ့ ဆန်အိတ်ထမ်းတဲ့ပုံတစ်ပုံကို ဘီးလင်းအမတ် ဒေါ်သီရိရတနာအဖြစ် ပုံဖေါ်ရေးသားထားတဲ့အကြောင်းအရာတချို့လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  18 Dec 2020 7:58 AM IST
  • ဘီးလင်းအမတ်အဖြစ် ရေးသားဖြန့်ဝေတဲ့ ပုံတစ်ပုံမှားယွင်းနေ

    ရေးသားဖြန့်ဝေရာမှာ "အမေစုသမီး လွှတ်တော်ကိုယ်စားလှယ်ကအာ့လိုမျိုး အလုပ်တွေလုပ်သတဲ့ဗျ" ပုံစာ ရေးသားထားတဲ့ မျက်နှာကို အိတ်နဲ့ ကွယ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံအပြင် လွှတ်တော်အမတ် ဒေါ်သီရီရတနာရဲ့ အခြားပုံများလည်း ပါဝင်ပါတယ်။

    ပို့စ်ထဲမှာတော့ "ဘီးလင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်း "မသီရိရတနာ" ပျော့ရင်ဖရောင်း မာရင်သံချောင်းပဲ။ ဒါမှ NLD ကလွှတ်တော်ကိုယ်စားလှယ် မေမေ့သမီးဗျ။ ဂုဏ်ယူရပါသည် "မသီရိရတနာ"ရေ။" လို့ ရေးသားဖြန့်ဝေ နေတာပါ။ ဒီပုံတွေကို NLD ပါတီ ထောက်ခံအားပေးတဲ့ ဖေစ့်ဘွတ် ဂရုတွေနဲ့ ပေချ့်တွေမှာ အများအပြား ပြန်လည်ဖြန့်ဝေနေကြတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဆန်အိတ်ထမ်းနေတဲ့ အမျိုးသမီးပုံကို Zaw Zaw ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က ဒေါ်သီရိရတနာရဲ့ တရားဝင် ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာ ၉ ရက်နေ့က Photo Comment အဖြစ်ထည့်သွင်းခဲ့ပါတယ်။


    ဒီပုံနဲ့ပတ်သက်ပြီး လွှတ်တော်အမတ် ဒေါ်သီရိရတနာက အဆိုပါပုံဟာ သူမမဟုတ်ကြောင်း ပြန်လည်မှတ်ချက်ပေးထားပါတယ်။ဒေါ်သီရိရတနာရဲ့ ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    မွန်ပြည်နယ် အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာကို NLD ပါတီ ဝန်းရံသူတွေက ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း သူမပုံတွေအသုံးပြုကာ မွန်ပြည်နယ်အတွက် ဒီလိုအမတ်မျိုးရတာ ကောင်းမွန်ကြောင်း ရေးသားချီးမွန်းကာ ဖြန့်ဝေခဲ့ကြပါသေးတယ်။



    Tags

    False imagesNLD membersလွှတ်တော်ကိုယ်စားလှယ်အမျိုးသားလွှတ်တော်Mon State Parliament
    Read Full Article
    Claim :   ရေကြီးနေတဲ့ အိမ်တအိမ်ရှေ့မှာ အမျိုးသမီးတဦး ထမိန်မတင်ကာ အိတ်ထမ်းနေတဲ့ပုံကို အသုံးပြုပြီး ဘီးလင်းမြို့ NLD လွှတ်တော်အမတ် ဒေါ်သီရီရတနာ ဆိုပြီးလူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!