BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့...
သတင်းအတု

တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်အတု

လူနေတိုက်တွေအနီး မြေပြိုကျနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုပြီး တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီ ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  14 Sept 2024 4:45 PM IST
  • တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်အတု

    ဒီအကြောင်းအရာကို ကို ရွှေ ထိုက် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်မှာဖြစ်နေတဲ့ Typhoon Yagi' လို့ ရေးသားထား ပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ တမင်လုပ်ကြံ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်သာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီဗီဒီယိုဖိုင်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဂျပန်နိုင်ငံ Atami မြို့မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှု ဖြစ်စဉ်က ဗီဒီယိုဖိုင် ဖြစ်ပါတယ်။ Atami မြို့မှာ ဇူလိုင်လ ၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရွှံ့မြေပြိုကျခဲ့ရာမှာ လူနေအိမ်တွေ အပါအဝင် လူ ၂၀ ဦးပျောက်ဆုံးကာ နှစ်ဦးသေဆုံးတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

    ဒီဖြစ်စဉ်ကို The Sun သတင်းဌာနမှာ ဖော်ပြထားခဲ့ပါတယ်။ အောက်ပါပုံမှာ ကြည့်ပါ။


    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံအချို့မှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းတိုင်ဖွန်း Yagi (ရာဂီ) ရဲ့ သတင်းတွေနဲ့အတူ ဒီဗီဒီယိုဖိုင်အတုကို တမင်လုပ်ကြံဖြန့်ဝေလာခြင်းဖြစ်ပါတယ်။

    တိုင်ဖွန်းမုန်တိုင်း Yagi ကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေမှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၆၀ ဦး ဝန်းကျင် သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    Tags

    ရွှံ့နုန်းမြေပြိုမှုအပူပိုင်းမုန်တိုင်းတိုင်ဖွန်းFake Videofakenewslandslidemudslide buries houses
    Read Full Article
    Claim :   တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!