BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG သမ္မတ နာမည်သုံးပြီး...
သတင်းအတု

NUG သမ္မတ နာမည်သုံးပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်အတု

ဇူလှိုင်လ ၃၁ ရက်နေ့မှာ ပြုလုပ်မယ့် လူထုသစ္စာအဓိဌာန်ပြုပွဲကို ဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့ ဖြန့်ထားတဲ့ NUG နာမည်အသုံးပြုထားတဲ့ ကြေညာချက်အတုတစ်စောင် ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar |
Published -  31 July 2022 7:56 PM IST
  • NUG သမ္မတ နာမည်သုံးပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်အတု

    ဒီကြေညာချက်ကို NUG အစိုးရရဲ့ သမ္မတရုံးနာမည်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကြေညာချက်ရဲ့ အောက်ဆုံးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ နာမည်ကို လက်မှတ်ထိုးထားပါတယ်။ကြေညာချက်ရဲ့ အတွင်းမှာတော့ "လူထု သစ္စာအဓိဌာန်ပြုပွဲ ထုတ်ပြန်ခြင်းဆိုသော သတင်းမှားအား ပြည်သူများသို့ အသိပေးကြေညာခြင်း" ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။ ခေါင်းစဉ်ရဲ့ အောက်မှာတော့ "၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် လူထု အဓိဌာန် ပြုပွဲအား ပြုလုပ်ကြရန် မိမိတို့ NUG အစိုးရမှ ထုတ်ပြန်ထားသည်ဆိုသော အကြောင်းအရာနှင့် လှုံ့ဆော်ထားရှိမှုများအား တွေ့ရှိရပါသည်။ NUG အစိုးရမှ ထုတ်ပြန်ထားသည်ဟုဆိုသော သတင်းမှာ သတင်းမှားယွင်းမှုသာဖြစ်ပြီး NUG မှ ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက မိမိတို့ NUG အစိုးရအဖွဲ့ရုံးမှ တရားဝင် စာထုတ်ပြန် အကြောင်းကြားပါမည်။.." လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ထပ်ဆင့်မျှဝေခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG အစိုးရ သမ္မတရုံးက လူထု သစ္စာအဓိဌာန်ပြုကို သတင်းအမှားလို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ပြီး ဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌနာက တရားဝင် ကြေညာထားပြီးသားဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေဟာ "လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ" ပြုလုပ်မယ့်အစီအစဉ်ကို နှောက်ယှက်ဟန့်တားဖို့ ခုလို NUG နာမည်သုံးပြီး သတင်းအမှား ဖြန့်ထားတာ ဖြစ်ပါတယ်။ လူထုသစ္စာအဓိဌာန်ပြုပွဲ ပြုလုပ်ဖို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တင်ထားတဲ့ ပိုစ့်ကို ဒီနေရာမှာ ဖတ်ပါ။

    ဒီသတင်းအမှား ဖြန့်သူတွေ ပြုလုပ်ထားတဲ့ ထုတ်ပြန်ချက်ဟာ NUG အစိုးရရဲ့ မည်သည့်ဌာနကမှ ထုတ်ပြန်ထားတဲ့ ကြေညာချက် မဟုတ်သလို NUG အစိုးရဲ့ ယာယီသမ္မတကလည်း ထုတ်ပြန်ထားတာ မဟုတ်ပါဘူး။ စစ်တပ်ထောက်ခံသူတွေဘက်က ပုံမှားရိုက်ပြီး သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

    NUG အစိုးရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Facebook Page နဲ့ သမ္မတရုံး သမ္မတ ဒူဝါလရှီးလ ရဲ့ Page တွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



    Tags

    A fake statementNUGPresidentMilitaryCoupသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   လူထု သစ္စာအဓိဌာန်ပြုပွဲဟာ သတင်းအမှားပါဆိုတဲ့ NUG သမ္မတရဲ့ ကြေညာချက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!