BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တက္ကသိုလ်ဝင်ခွင့်အစီအစဉ်...
သတင်းအတု

တက္ကသိုလ်ဝင်ခွင့်အစီအစဉ် ကြေညာချက်အတု

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နာမည်သုံးပြီးတက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်ပြီး ကြေငြာထားသယောင် ဖြန့်ဝေထားတဲ့ ထုတ်ပြန်ချက်အတုတစ်ခု ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  12 Oct 2022 5:59 PM IST
  • တက္ကသိုလ်ဝင်ခွင့်အစီအစဉ် ကြေညာချက်အတု

    အဆိုပါ ကြေညာချက်အတုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ နေ့စွဲနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကြေညာချက်ရဲ့ ခေါင်းစဉ်မှာ "တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများနှင့် ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်" လို့ ရေးသားထားပါတယ်။ ကြေညာချက်ရဲ့ အတွင်းမှာတော့ သီးခြားတက္ကသိုလ်တွေနဲ့ နေ့သင်တန်းလျှောက်ထားသူတွေကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ moe website မှာ ကြေညာပေးမယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် online က ဝင်ခွင့်ထုတ်ပြန်ပြီး အောက်တိုဘာလ ၁၇ ရက်ကနေ ၂၉ ရက်နေ့ထိ ကျောင်းအပ်လက်ခံကာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျောင်းတက်ရောက်ရမယ်လို့ ရေးသားထားပါတယ်။ အဝေးသင်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာပေးမယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။အဆိုပါ ကြေညာချက်အတုကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စာစစ်ဦးစီးဌာန နာမည်သုံးပြီးဖြန့်ထားတဲ့ တက္ကသိုလ် တက်မယ့်ရက်တွေ၊ ကျောင်းအပ်ခံမယ့်ရက်တွေ ကြေညာထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကြေညာချက် အတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီကြေညာချက်ဟာ အခု ၂၀၂၂ နှစ်မှာ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာမဟုတ်ပါဘူး။ ကြေညာချက်အဟောင်းကို ပြန်လည် ပြုပြင်ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။ ၎င်းကြေညာချက်နဲ့ ပတ်သက်ပြီး အတုဖြစ်ကြောင်းနဲ့ စာစစ်ဦးစီးဌာနကထုတ်ပြန်ထားခြင်းမရှိကြောင်း အသိပေးကြေငြာထားပါတယ်။စာစစ်ဦးစီးဌာနရဲ့ မူရင်းထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်ပါ။




    Tags

    fake statementMOEUniversity entranceကြေညာချက်အတုတက္ကသိုလ်ဝင်ခွင့်
    Read Full Article
    Claim :   တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများနှင့် ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!