BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ကစစ်ကောင်စီရဲ့...
သတင်းအတု

NUG ကစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖျက်ဆီးဖို့ ညွှန်ကြားတယ်ဆိုတဲ့ စာအတု

NUG အစိုးရနာမည်သုံးပြီး စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ ညွှန်ကြားထားတဲ့ ကြေညာချက်အတုတစ်စောင် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Sept 2022 8:10 AM IST
  • NUG ကစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖျက်ဆီးဖို့ ညွှန်ကြားတယ်ဆိုတဲ့ စာအတု

    အဆိုပါ ကြေညာချက်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့် telegram Group တွေကနေ ဖေ့စ်ဘွတ်စာမျက်နှာပေါ် စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြေညာချက်ရဲ့ ခေါင်းစဉ်မှာ "NUG မှ PDF တပ်ဖွဲ့များအား လျှို့ဝှက်ညွှန်ကြားခြင်း" လို့ ရေးသားထားပါတယ်။ ကြေညာချက်ရဲ့ အတွင်းမှာတော့ "ရွေးကောက်ပွဲသည် ထွက်ပေါက်မရှိသည့် နစက အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်၍ ရွေးကောက်ပွဲမလုပ်နိုင်ရေး၊ နိုင်ငံရေး/စစ်ရေးနည်းလမ်း/အခြားနည်းလမ်း စသောနည်းလမ်းအမျိုးမျိုးဖြင့် တားဆီးဆောင်ရွက်ရန်။ လွှတ်တော်အမတ်စာရင်း အတိအကျရရှိပါက (အထူးသဖြင့် USDP, NUP, PPP) ယင်းတို့ရဲ့ နေရပ် လိပ်စာ၊ ကိုယ်ရေးရာဇဝင်များ ရယူထားရန် ၊ ဦးစားပေးအနေနဲ့ ရွေးကောက်ခံ လွှတ်တော်မတ် ဒုတိယ ဦးစားပေး ၎င်းတို့ရဲ့ မိသားစုဝင်အားလုံး လုပ်ကြံရန် အခက်အခဲရှိပါက ၎င်းတို့ နေထိုင်သည့် နေအိမ် များအား လူစုလူဝေးဖြင့် ဖျက်ဆီး မီးရှို့လုပ်ငန်းများဖြင့် တားဆီးရန်" (မူရင်း ဖော်ပြထားသည့်အတိုင်း) စသဖြင့်ပါရှိပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ကြေညာချက်အတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေပါ ဝေမျှနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီပြုလုပ်မယ့် ရွှေးကောက်ပွဲကို ဖျက်ဆီးဖို့ NUG နာမည်သုံးပြီ ဖြန့်ထားတဲ့ ကြေညာချက်ကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ကြေညာချက် အတုဖြစ်တာကို တွေ့ရပါတယ်။

    ကြေညာချက်ထဲမှာ စစ်ကောင်စီကို "နကစ" လို့ ဖော်ပြထားပါတယ်။ NUG ၊ CRPH နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ "နကစ" လို့ ဖော်ပြသုံးစွဲခြင်း မရှိဘဲ "အကြမ်းဖက် စစ်ကောင်စီ" လို့သာ ပြောဆိုရေးသား ဖော်ပြလေ့ရှိပါတယ်။ NUG ၊ CRPH page တွေမှာလည်း အခုအချိန်ထိ အကြမ်းဖက် စစ်ကောင်စီတပ်လို့သာ သုံးနှုန်းဖော်ပြနေဆဲပဲ ဖြစ်သလို NUG သမ္မတရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အကြမ်းဖက် စစ်ကောင်စီလို့သာ ရေးသားဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတွေကသာ "နကစ" လို့ သုံးနှုန်းတာ ဖြစ်ပါတယ်။ NUG အစိုးရဲ့ ပေ့ချ်တွေကို ဒီနေရာ ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    NUG နဲ့ PDF တွေဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောင်ပွဲကို အယုံအကြည်မရှိဘဲ လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်းကိုသာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက NUG နဲ့ PDF တွေကို အများပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသူတွေလို့ မကြာခဏ ဝါဒဖြန့်လေ့ရှိပြီး ယခင်ဖြန့်နေကြပုံစံအတိုင်း ရေးသားဖြန့်ဝေထားတာကိုလည်း တွေ့ရပါတယ်။ ကြေညာချက်ကို ဖြန့်ဝေရာမှာလည်း PDF တွေ NUG ထောက်ခံသူတွေထံက ပျံ့နှံ့လာတာမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က စတင်ထွက်ပေါ်လာခြင်းသာ ဖြစ်ပါတယ်။

    ကြေညာချက်အတုကို ဖြန့်ဝေသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့ အခါမှာလည်း စစ်ကောင်စီကို ထောက်ခံအားပေးနေသူတွေ ဖြစ်တာကို တွေ့ရပြီး ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ မကြာခဏ တင်လေ့ရှိတာကို တွေ့ရပါတယ်။

    Tags

    fake newssecret lettersabotagemilitaryCoupjuntaelectionNUGလျှို့ဝှက်စာ အတု
    Read Full Article
    Claim :   NUG မှ PDF တပ်ဖွဲ့များအား လျှို့ဝှက်ညွှန်ကြားခြင်း
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!