BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိတ်လန့်ဖွယ်ရာ အရေးအသားနဲ့...
သတင်းအတု

ထိတ်လန့်ဖွယ်ရာ အရေးအသားနဲ့ ဓာတ်ပုံတွေအသုံးပြုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ တမင်ရည်ရွယ် ရေးသားမှုတွေနဲ့ ဓာတ်ပုံအတုတွေ အသုံးပြု့ကာ လူမှုမီဒီယာတွေပေါ်မှာ လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  12 Aug 2023 12:46 PM IST
  • ထိတ်လန့်ဖွယ်ရာ အရေးအသားနဲ့ ဓာတ်ပုံတွေအသုံးပြုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

    ဒီအကြောင်းအရာကို Aung Sang Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ Oo San Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်တွေမှာ ဩဂုတ်လ ၉ ရက်နေ့မှာ တပြိုင်နက်တည်း ဖြန့်ဝေနေကြတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အမြောက်အများလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ထိတ်လန့်ဖွယ် တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာ ရာရှိထားဖွယ်ဖြစ်တဲ့ ဓာတ်ပုံအပါအဝင် လူအများစုရုံးနေတဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး ‘ထိတ်လန့်စရာ သတင်း မနေ့က ရန်ကုန် ရဲတပ်ဖွဲ့ ကုန်စုံဆိုင်တစ်ခုကို ဝင်စီးတယ်။ မြန်မာပလာဇာမှာ ဘာကြောင့် လူထောင်ပေါင်းများစွာ တန်းစီနေရတာလဲ’ စတဲ့ အများပြည်သူ အထင်မှားစေနိုင်တဲ့ စာသားတွေ အသုံးပြုကာ အောက်ပိုင်း စာသားမှာတော့ ကုန်ပစ္စည်းအရောင်း ကြော်ငြာ တဲ့ ပုံစံ ဖြန့်ဝေထားတာပါ။

    ‘ထိတ်လန့်စရာ သတင်း မနေ့ က ရန်ကုန် ရဲတပ်ဖွဲ့ ကုန်စုံဆိုင်တစ်ခု ကို ဝင်စီးတယ်။ မြန်မာပလာဇာမှာ ဘာကြောင့် လူထောင်ပေါင်းများစွာ တန်းစီနေရတာလဲ။ သွားကြည့်တဲ့အခါမှာတော့ နာမည်ကြီး ဂျပန်လေအေးပေးစက်ကုမ္ပဏီ DAIKIN က မြန်မာပလာဇာမှာ သူ့ရဲ့ ပထမဆုံးစတိုးဆိုင်ကို ဖွင့်လှစ်လိုက်ပြီလို့ သိရတယ်။ အလွန်ရေပန်းစားသော ဂျပန်လေအေးပေးစက် အသေးစားများ ရောင်းချခြင်းဆိုင်ရာ ပရိုမိုးရှင်းတစ်ခုလည်း ရှိပါသည်။ အထူးလျှော့စျေး 50% လျှော့စျေး 111000Kyatsကို 55900Kyats အထိ လျော့ချထားပါတယ်။ ဘာကြောင့်လဲဆိုတော့ လေအေးပေးစက်တွေဟာ လူကြိုက်များပြီး အရောင်းရဆုံး ဖြစ်နေလို့ပါ။လူတွေက စောစောလာကြဒါပေမယ့် Mitsubasi လေအေးပေးစက်လေးဝယ်ဖို့ 5 နာရီကြာအောင် တန်းစီနေရပြီး အောက်ဆီဂျင်ပျက်ပြီလို့ မူးလဲသွားတဲ့လူ‌ေတွလဲရှိပါတယ်။ ယနေ့သတင်းအချက်အလက်အရ မနေ့က ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကြောင့် လေအေးပေးစက်ကုမ္ပဏီ Mitsubasi ကသုံးစွဲသူ တွေကို ကျေးဇူးတင်တဲ့အနေနဲ့ အွန်လိုင်းမှာ ဖွင့်လှစ်ရောင်းချ ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ Website မှတဆင့် အွန်လိုင်းမှ ဝယ်ယူပါက 50% လျှော့စျေးနှင့် အခမဲ့ ပို့ဆောင်ပေးမည်’ လို့ မြန်မာစာ အရေးအသား မပြေပြစ်တဲ့ စာသားတွေနဲ့ ဖြန့်ဝေထားတာပါ။

    စာသားတွေဟာ မူရင်းဖြန့်ဝေမှုအတိုင်း ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်မှာယူသူတွေဆီက လိမ်ညာပြီး ငွေကြေးလိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု ဖြစ်နေပါတယ်။

    Aung Sang Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ Oo San Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်တွေမှာ ဖြန့်ဝေထားတဲ့ ပိုစ့်ဟာ အတူတူ ဖြစ်နေပြီး ဖြန့်ဝေတဲ့ ရက်ဟာလည်း ဩဂုတ်လ ၉ ရက်နေ့ တစ်ရက်တည်းမှာ ဖြစ်ပါတယ်။

    ဒီပေချ့်တွေမှာ ပိုစ့်တစ်ခုစီသာ တင်ထားတာ တွေ့ရပြီး နာမည်ကလည်း ဆင်တူနေပါတယ်။

    ဖြန့်ဝေမှုမှာ ပါဝင်တဲ့ ဓာတ်ပုံတွေကို Boom က ရှာဖွေ စစ်ဆေးကြည့်ရာမှာ တခြားနိုင်ငံက အွန်လိုင်းစျေးရောင်းချသူတွေ အသုံးပြု ထားတဲ့ ဓာတ်ပုံတွေကို ကူးယူပြီး ပြန်လည်ဖြန့်ဝေ ထားတာတွေ ပါဝင်သလို အချို့ဓာတ်ပုံတွေကတော့ သတင်းတွေက ပုံတွေကို ကူးယူဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ပိုစ့်မှာ ပါတဲ့ လူတွေစုရုံးနေတဲ့ ပုံဟာ မြန်မာပလာဇာက ပုံမဟုတ်သလို မြန်မာနိုင်ငံရဲ့ အခြားနေရာ ဒေသက ပုံလည်း မဟုတ်ပါဘူး။

    ဒီပုံဟာ ၂၀၁၈ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က Bukit Jalil အားကစားကွင်းမှာ ဘောလုံးပွဲလက်မှတ် ဝယ်ယူဖို့ တန်းစီ စောင့်ဆိုင်းနေတဲ့ ပရိတ်သတ်တွေရဲ့ ပုံပဲ ဖြစ်ပါတယ်။ အဲ့အချိန်က အာဆီယံဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလား 2018 ဗိုလ်လုပွဲမှာ ဗီယက်နမ်အသင်းနဲ့ မလေးရှားအသင်း ကန်မယ့်ပွဲစဉ်ကို လက်မှတ်ဝယ်ဖို့ စောင့်နေတာ ဖြစ်ပါတယ်။


    ဒီအကြောင်းအရာကို ဗီယက်နမ်နိုင်ငံ အခြေစိုက် သတင်းဌာနတစ်ခုမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြန့်ဝေထားပါတယ်။ မူရင်းပုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်တစ်ချက်အနေနဲ့ ဒီပေချ့်က ပေးထားတဲ့ လင့်ထဲမှာ ဂျပန်လေအေးပေးစက်ကုမ္ပဏီ DAIKIN ဆိုတာရဲ့ လုပ်ငန်းလိပ်စာ၊ ကုန်ပစ္စည်း အကြောင်းအရာတွေ ရေးသားထားတာ မရှိပါဘူး။ လင့်ထဲမှာ ဝယ်ယူသူတွေ အော်ဒါတင်ရမယ့် ဇယားကွက် တစ်ခုပေးထားပြီး နာမည်၊ ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာတွေ တောင်းထားပါတယ်။

    လင့်ထဲက ကုမ္ပဏီရဲ့ ဝက်ဆိုက်လိပ်စာဆိုပြီး ပေးထားတဲ့ trend-thailand.site ဆိုတဲ့ လင့်ကို ထပ်မံဝင်ရောက်လိုက်ရင် Forex trading လုပ်တဲ့ broker ကြော်ငြာနေတဲ့ လင့်တစ်ခုထဲ ထပ်မံရောက်ရှိသွားမှာ ဖြစ်ပါတယ်။

    ဒါတွေဟာ အွန်လိုင်းကနေ လူတွေရဲ့ ပိုက်ဆံလိမ်လည်တာ ဖြစ်နိုင်သလို၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လိမ်လည် တောင်းခံတာ နဲ့ Clickbaits လုပ်ပြီး ငွေရှာတာလည်း ဖြစ်နိုင်ပါတယ်။

    ဒါ့အပြင် ဖြန့်ဝေမှုမှာ ရေးသားထားတဲ့ အရေးအသားတွေဟာ တခြားဘာသာစကား တစ်ခုခုကနေ Google translate အသုံးပြုပြီး မြန်မာဘာသာကို တိုက်ရိုက်ပြောင်းလဲ ထားတဲ့ ပုံစံတွေ ဖြစ်နေပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်က ပစ္စည်းတွေ မှာယူသုံးစွဲရာမှာ သတိထားဘို့ လိုအပ်ပြီး အကောင့်အတု ပေချ့်အတုတွေ အသုံးပြုပြီး လိမ်ညာမှုတွေ အများအပြား ရှိနေပါတယ်။

    အခုလို ပုံစံနဲ့ အရေပြားရောဂါပျော်ဆေး လိမ်လည်ရောင်းချတဲ့ ဖေစ့်ဘွတ်ပေချ့်အတု အကြောင်းကိုလည်း BOOM က ပြီးခဲ့တဲ့ လအတွင်းမှာ သတင်းစိစစ်ဖော်ပြထားပါတယ်။

    ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    fake Facebook pageScamClickbaitsOnline Shopအွန်လိုင်းရှော့ပင်း
    Read Full Article
    Claim :   ထိတ်လန့်ဖွယ်ရာ အရေးအသားနဲ့ ဓာတ်ပုံတွေအသုံးပြုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!