BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ရွေးကောက်ပွဲမတိုင်မီ ဘာသာရေးအသုံးချ...
      သတင်းအတု

      ရွေးကောက်ပွဲမတိုင်မီ ဘာသာရေးအသုံးချ လှူံ့ဆော်နေတဲ့ အကောင့်တု

      ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဆိုရှယ်မီဒီယာပေါ်မှာ ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးပါတီတွေကို တိုက်ခိုက်မှုတွေ မကြာခဏ တွေ့နေရပါတယ်။

      By - Boom Live Myanmar |
      Published -  18 Jun 2020 10:21 AM IST
    • ရွေးကောက်ပွဲမတိုင်မီ ဘာသာရေးအသုံးချ လှူံ့ဆော်နေတဲ့ အကောင့်တု

      ဒီလို ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးဝါဒဖြန့်မှုတွေမှာ ထိလွယ်ရှလွယ် အခြေအနေတွေ ၊ လူမျိုးရေး ပြဿနာကို ဦးတည်စေတဲ့ စကားလုံးတွေကို အသုံးချပြီး သတင်းအမှားဖြန့်လေ့ရှိပါတယ်။

      ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ထားတဲ့အကောင့်တုတစ်ခုကနေ NLD ပါတီနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကို တိုက်ခိုက်ထားတဲ့ပို့စ့်ပေါင်းများစွားရေးသားဖြန့်ဝေနေတာကို Boom ကတွေ့ရှိထားပါတယ်။ ဒီအကောင့်ဟာ MD Husein ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဖြစ်ပါတယ်။

      အဆိုပါ Facebook အကောင့်ဟာ ဇွန်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ မန္တလေးမှာ ဗလီ တစ်လုံးဆောက်ဖို့ ၎င်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို သိန်းတစ်ထောင်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို သိန်းတစ်ထောင် နဲ့ ချောက်မြို့က လူငယ် တစ်ဦးကို သိန်း ၁၀၀ လာဘ်ထိုးခဲ့တယ်လို့ ရေးထားပါတယ်။

      အဲ့ဒီ ရေးသားချက်ကို မူရင်းအတိုင်း ဖော်ပြရင် "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြိ ု့မှာဒီဗလီနဲ့ပုံစံတူ တည်ဆောက်ဖို့ အောင်ဆန်းစုကြည်ကိုလည်း လာဒ်ငွေ ၁၀၀၀၀၀၀၀၀ ကျပ်၊ မန္တလေးဝန်ကြီးချုပ်ဇော်မြင့်မောင်ကို ၁၀၀၀၀၀၀၀၀ ကျပ်ပေးပြီးဖြစ်တယ်၊ ချောက်ကလူငယ်တစ်ဦးကို ၁၀၀၀၀၀၀၀ ပေးပြီးညဘက်မှာတည်ဆောက်ခိုင်းတယ်။ နောက်ပိုင်း ကျောက်ပန်းတောင်းသားတွေက တည်ဆောက်ဆဲဗလီကို ညပိုင်းမှာဖျက်ဆီးပစ်တယ်။ အောင်ဆန်းစုကြည်နဲ့ ဇော်မြင့်မောင် ကျောက်ပန်းတောင်းမှာဗလီတည်ဆောက်ပေးမှာလား၊ ငါတို့ ဆီကငွေပြန်ပေးမှာလား။ မြန်မြန်အကြောင်းပြန်ပေးပါ" လို့ ရေးသားထားပါတယ်။

      ဒီအကြောင်းအရာကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ လူပေါင်း ၂၀၀ဝ ကျော်ခန့်က ထပ်ဆင့် ဝေမျှထားပါတယ်။

      မေလ ၁၅ ရက်နေ့ည ၉ နာရီ ၄၆ မိနစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ခိုက်ထားတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ သတင်းထဲမှာ "ဗမာစစ်တပ်အားအမြစ်ပြုတ် တိုက်နှိ ုင်ရင် ရခိုင်နိုင်ငံ ထူထောင်ခွင့်ပေးမည်ဟု အောင်ဆန်းစုကြည်က ပြောသဖြင့် ဗမာစစ်တပ်ကို တိုက်နေခြင်းဖြစ်သည် ဟု AA ဦးစီးမှူးက ဘင်္ဂလားဒေ့ဘာသာရေး ဆရာများနှင့် စုံညီအစည်းအဝေး၌ ထွန်းမြတ်နိုင်ကပြောကြားသွားသည်" လို့ ရေးသားထားပြီး ၎င်း သတင်းကို ထပ်ဆင့်ဝေမျှထားသူ ၁၆၀၀ ကျော် ရှိခဲ့ပါတယ်။

      ဒီလိုအကြောင်းအရာတွေကို ရေးသားဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်ကြည့်ရှု့တဲ့အခါမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဒါကာမြို့က Ahsan Manzil ပြတိုက်အရှေ့မှာ ဓါတ်ပုံရိုက်ထားတဲ့ မွတ်စလင် အမျိုးသား တစ်ယောက်ရဲ့ ဓါတ်ပုံကို ပရိုဖိုင်း အဖြစ် အသုံးပြုထားပါတယ်။ ဒါ့အပြင် တခြား ဗလီဦးထုတ် ဝတ်ဆင်ထားတဲ့ အမျိုးသားများရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး "ငါက မွတ်စလင်" ဟုဆိုကာ NLD ပါတီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုထားတဲ့ ပိုစ့်များစွာ တင်ထားတာကို တွေ့ရပါတယ်။

      သတင်းဆန်းစစ်ချက်

      အထက်မှာ ညွှန်းဆိုထားတဲ့အကြောင်းအရာအပြင် လူမှူကွန်ရက်မှာ လူတွေစိတ်ဆိုးဒေါသထွက်စေနိုင်တဲ့ အကြောင်းအရာတွေအမြောက်အများကို MD Husein ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ နေ့စဉ်နဲ့အမျှ ဖြန့်ဝေမှူတွေရှိနေပါတယ်။ ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဒါဟာ နိုင်ငံရေးအရ ဝါဒဖြန့်ချီဖို့ မွတ်စလင်အဖြစ် အယောင်ဆောင် ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

      အဆိုပါ ဖေ့စ်ဘွတ်ဟာ ဧပြီလ ၁၈ ရက်နေ့ ကမှ စတင် အသုံးပြုထားတာကို တွေ့ရပြီး အကောင့်အသုံးပြုသူဟာ မွတ်စလင် တစ်ယောက်ပုံစံနဲ့ တူအောင် ဘင်္ဂလားဒေ့ချ်နိုင်ငံက ဖေ့စ်ဘွတ်ပိုစ်တွေကို ပြန်လည် ဝေမျှပြီး တင်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီနောက်မှာ ၎င်းဟာ ကြံခိုင်ရေးပါတီ က တကယ်အလုပ်လုပ်တဲ့ပါတီ ဖြစ်ကြောင်း သာသနာမပျောက်ကွယ်ဖို့ ကြံခိုင်ရေးပါတီကသာ ကာကွယ်ပေးနိုင်ကြောင်းနဲ့ Covid ကာလမှာ ကြံခိုင်ရေးပါတီရဲ့ အလှူအတန်းပြုလုပ်တဲ့ပုံတွေကို မကြာခဏ ပြန်တင်ထားတာကို တွေ့ရပါတယ်။


      ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့် အများစုမှာတော့ ဗလီဦးထုပ် ဆောင်းထားတဲ့ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး NLD ပါတီကို ဆဲဆိုထားတဲ့ပိုစ့်တွေအပြင် NLD ပါတီဝင်တွေကို ဂျီဟက် လုပ်မယ်ဆိုတဲ့ အရေးအသားတွေ ထည့်သွင်းရေးသားထားပါတယ်။ ဒါ့အပြင် ရခိုင်လူမျိုးများကို ဆဲဆို ထားတဲ့ ပိုစ့်တွေ ကိုလည်း တင်ထားပါသေးတယ်။ ဒါဟာ ထိလွယ်ရှလွယ် ဖြစ်တဲ့ ဘာသာရေးအခြေအနေကို အသုံးချပြီး လူမျိူးရေး ပဋိပက္ခ ဖြစ်အောင် ဦးတည်ရေးသားနေတဲ့အခြေအနေမျိူးဖြစ်ပါတယ်။၎င်းရဲ့ ဖေ့စ်ဘွတ် ပိုစ့်တွေမှာ ဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူရဲ့ YouTube ပေါ်က Video တွေ ဦးဝီရသူဟာ အမှန်တရားကို ပြောကြားတဲ့ သူဖြစ်တယ်ဆိုတဲ့ ပိုစ့်တွေတင်ထားတာမျိုးလည်းတွေ့ရပါတယ်။




      Tags

      fake newsa fake profile of a Muslim
      Read Full Article
      Claim :   MD Husein ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မွတ်စလင် အယောင်ဆောင်ပြီး NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေအကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!